အလုပ်ကပြန်ရောက်တာနဲ့ အထုပ်အပိုးပြင်ရမဲ့အလုပ်ကိုစရတော့မယ် ချစ်ရသူကနှင်ထုတ်ပင်မဲ့ မခွာနိုင်ဖြစ်နေတာကသူ ထွက်မသွားချင်ဘူး ဒီမှာထယ်နဲ့ဂျွန်ရဲ့အမှတ်တရတွေအများကြီးပဲလေ ဂျွန်ရယ်
"ဒေါက်...ဒေါက်"
ရောက်လာကြပြီနဲ့တူတယ် အခုထိအရှုံးသမားလိုထိုင်နေတာနဲ့ အထုပ်အပိုးတွေမပြင်ရသေးဘူး ဂျွန်သိရင်တော့ ဆူလိမ့်အုန်းမယ်နဲ့တူပါတယ်"ကင်မ်ထယ်ယောင်း အထဲမှာမရှိဘူးလား"
"လာပြီ ခနလေးပါ"
ကဗျာကသီတံခါးကိုပြေးဖွင့်ရသေး ကြာနေရင်ဂျွန်ကရိုက်နေပါအုန်းမယ်"ဟို ဂျွန်..အယ်မဟုတ်ဘူး ဂျောင်ဂု ထယ်လေအထုပ်အပိုးပြင်လို့ပြီးတော့မှာ ခနလေးပဲအချိန်ပေးပါနော်"
တံခါးဖွင့်ပေးပြီးတာနဲ့ ထယ်ယောင်းတောင်းတောင်းပန်ပန်ဆိုနေတာကို မလှုပ်မယှက်ကြည့်နေတဲ့ ဂျောင်ဂု
"ငါစိတ်ပြောင်းသွားပြီ မသွားနဲ့တော့ ဒီမှာပဲနေတော့"
"ဟင်.."
"အိပ်ချင်နေပြီ ထယ်ယောင်း ဒီနေ့အလုပ်ပင်ပန်းလာလို့ မင်းထမင်းစားပြီးပြီလား"
"မစားရသေးဘူး ဂျောင်ဂုဗိုက်ဆာလို့လားထယ် တစ်ခုခုလုပ်ပေးရမလား"
"မင်းရော ဗိုက်ဆာလား"
"ထယ်က အလုပ်မှာ အကိုဂျင်တို့နဲ့အတူစားထားတယ် မဆာတော့ပါဘူး"
"အဲ့ဆိုလာလေ ငါ့အနားကို အိပ်မယ်"
"ဟမ်..."
"ဘာတွေအံသြနေတာလား ငါပင်ပန်းနေလို့ အိပ်ကြမယ်လို့ လာငါ့စီကို"
"ဟုတ်.."
ထယ်ယောင်းကိုရင်ခွင်ထဲဆွဲထည့်ပြီး ဧည့်ခန်းထဲကဆိုဖာပေါ်မှာလှဲနေတဲ့ဂျောင်ဂု
"ဂျောင်ဂုအိပ်ချင်ရင် အခန်းထဲမှာအိပ်ပါလား ဒီမှာအိပ်ရင်..."
"နားငြီးတယ် တော်တော့စကားမပြောနဲ့တော့ အိပ်တော့မယ်"
ဒါသူအရမ်းပင်ပန်းလာတဲ့ပုံပေါ့ တစ်ခါတစ်လေဆိုဒီလိုပုံစံမျိုးလည်းဂျောင်ဂုမှာရှိတယ် မနက်ကလူကိုအော်ထုတ်တာသူမဟုတ်တဲ့အတိုင်းပဲ အခုကျတော့လည်း ဂျောင်ဂုက အရမ်းချစ်တတ်တဲ့သူလိုမျိုး ဒါပင်မဲ့လည်း ဒါတွေကခနပါ မနက်မိုးလင်တာနဲ့ ဂျွန်ဟာ ဂျွန်ပါပဲ.........
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
YOU ARE READING
မငြိုးပန်း❣️
Fanfictionကံကြမ္မာကလွန်ဆွဲတဲ့ ကြိုးမှာ မင်းရောငါရောမနိုင်ဘူး #TaeKook💗