ထယ်ယောင်းအခုဆေးရုံကဆင်းဖို့ အထုတ်တွေပြင်နေခြင်း ဆေးရုံတတ်တဲ့၂လအတွင်း ဂျွန်ကတစ်ရက်လေးမှရောက်မလာခဲ့ဘူး ကျွန်တော်နောက်ဆုံးနှုတ်ဆက်ချင်သေးတာမို့ မျက်နှာလေးမြင်ချင်မိတယ်ဂျွန်ရယ်
"ထယ်ယောင်း အထုတ်တွေပြင်လို့ပြီးပြီးလား"
"ဟုတ် ပြီးပါပြီ အကိုဂျင်"
"အွန်းအဲ့ဆို အကိုတို့သွားကြမယ်လေ မသွားခင်အကိုတစ်နေရာဝင်စရာရှိလို့ ထယ်ယောင်းခနတော့လိုက်ခဲ့ပေးရမယ်နော်"
"ဟုတ်ကဲ့ပါ အဲ့ဆိုကျွန်တော်တို့သွားရအောင်လေ"
"အွန်း အကိုဒါတွေသယ်သွားလိုက်မယ်နော်"
Jinတစ်ယောက် ဂျောင်ဂုကိုစိတ်ထဲကနေအကြိမ်ကြိမ်တောင်းပန်နေမိတယ် ကတိမတည်ခဲ့လို့အကို့ကိုခွင့်လွှတ်ပါ
************************************ထယ်ယောင်းလည်းအကိုဂျင်ဝင်စရာနေရာကိုအရင်လိုက်လာခဲ့တယ် အကိုဂျင်ကတော့လူနာသတင်းသွားမေးမလို့ဆို့လို့ ထယ်ယောင်းတို့အခုထိဆေးရုံမှာပဲရှိနေခြင်း
အခန်းရှေ့ရောက်တာနဲ့ သူ့ကိုအထဲဝင်ကြည့်ဖို့ပြောနေတဲ့အကိုဂျင် ထယ်ယောင်းတစ်ယောက်ကြောင်အအဖြစ်နေပင်မဲ့ ဒီအခန်းလေးကြည့်ရုံနဲ့ ရင်ထဲအောင့်သက်သက်နဲ့ ထယ်ယောင်းလည်း အခန်းထဲကိုဝင်လာလိုက်တော့ ဆေးကုတင်ပေါ်မှာ အပူအပင်ကင်းစွာအိပ်နေတဲ့ ဂျွန်ပါလေ ဂျွန် ဂျွန်ကဘာဖြစ်တာလည်း အရမ်းပိန်သွားတယ် ပြီးတော့ဂျွန်ရဲ့ဆံပင်တွေရော (A/N ကတုံးလုံးချွတ်ပြီးရေချိုးပြလို့ကျမဆွဲနှုတ်လိုက်တာ🤧)
"ဂျွန်~~~"
ဂျောင်ဂုသူမျက်လုံးကိုပင်သူမယုံချင်တော့ဘူး ထယ်ယောင်းကအခုသူအခြေအနေကိုသိသွားပြီဆိုတဲ့သဘောပေါ့
"ဒီကိုဘာလာလုပ်တာလည်း"
ဂျောင်ဂုအတတ်နိုင်ဆုံးမျက်နှာကိုခပ်တင်းတင်းထားပြီး လေသံကိုမာနေအောင်မနည်းကြိုးစားပြောနေရခြင်း
"ဂျွန်..ဂျွန် ဒါဘာလည်း"
"ဘာကိုဘာလည်း မင်းကဒီကိုဘာကိစ္စရှိလို့လာတာလည်း"
YOU ARE READING
မငြိုးပန်း❣️
Fanfictionကံကြမ္မာကလွန်ဆွဲတဲ့ ကြိုးမှာ မင်းရောငါရောမနိုင်ဘူး #TaeKook💗