၄ရက်၅ရက်လောက်ရှိပြီ အဲ့နေ့ထဲကစိတ်ဆိုးပြီးထွက်သွားတဲ့ ဂျွန့်ကိုမတွေ့တာ အလုပ်မှာလည်းဂျွန်ကရှိမနေဘူး ဂျွန့်ကိုဖုန်းဆက်တော့လည်း ဆက်သွယ်မှုဧရိယာပြင်ပနဲ့သာတိုးနေတယ် ဂျွန်ရယ်ဘယ်တွေများသွားနေတာလည်းထယ့်စိတ်ပူနေပြီလို့ ထယ်ယောင်းနောက်တစ်ခေါက်ဖုန်းခေါ်ကြည့်လိုက်တော့ ကံကောင်းတာလား ကံဆိုးတာလားမသိ ဖုန်းကကိုင်တဲ့သူရှိနေတယ် ဒါမဲ့ဖုန်းပိုင်ရှင်တော့ဖြစ်တဲ့ဂျွန်တော့မဟုတ်နေဘူး အမျိုးသမီးတစ်ယောက်ရဲ့အသံ----
"ဟယ်လို--ဟယ်လို--"
ထယ်ယောင်းဘာဆက်ပြောရမလည်းမသိတော့ဘူး ဂျွန်အဆင်ပြေနေတဲ့ပုံပါပဲ ငါကသာစိတ်ပူနေတာ--"အာ...ဖုန်းမှားသွားလို့ပါ တောင်းပန်ပါတယ်ဗျ"
"ဂျောင်ဂုနဲ့ပြောချင်လို့လား"
တစ်ဖက်ကအမျိုးသမီးဘယ်သူလည်းဆိုတာထယ်ယောင်းမသိဘူး ဒါပင်မဲ့ ဂျွန့်ရဲ့အရှုပ်ထုပ်တွေထဲကတစ်ယောက်လည်းမဖြစ်နိုင်လောက်ဘူး သူကဂျွန်လို့မခေါ်လို့လေ---
"ဂျောင်ဂု အယ်မဟုတ်ဘူး ဒါရိုက်တာကြီးအဆင်ပြေလားလို့သိချင်လို့ပါ အလုပ်မလာတာကြာနေလို့"
"ငါ့ဘာသာအလုပ်လာချင်လာမယ် မလာချင်မလာဘူး မင်းအပူပါလား ကင်မ်ထယ်ယောင်း အချိန်တန်လစာရရင်ပြီးရောမလား"
"မဟုတ်ရ---"
"တီ-----တီ"
ချသွားတဲ့ဖုန်းလေးကိုကြည့်ပြီး ထယ်ယောင်းထိန်းထားတဲ့ကြားကမျက်ရည်ကျမိတယ် ဝမ်းလည်းဝမ်းသာမိပါတယ် အနည်းဆုံးတော့ ဂျွန့်ရဲ့အသံစာစာလေးတွေကိုကြားရတော့ ဂျွန်အဆင်ပြေနေမှန်းသိရပါတယ်လေ-
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^ဂျယ်ဟီးတစ်ယောက် ဂျောင်ဂုကိုကြည့်ပြီးသက်ပြင်းချနေမိတယ် တစ်ဖက်ကကောင်းလေးကိုချစ်ပါရဲ့နဲ့လိမ်ညာနေတာ
"ဂျောင်ဂု နင်ဘယ်တော့မှထယ်ယောင်းကိုအမှန်တိုင်းပြောပြမှာလည်း"
"တော်စမ်းပါ အမရယ်နင်နဲ့ဘာဆိုင်လို့လည်း"
"ငါနဲ့ဆိုင်တော့မဆိုင်ပါဘူး ဒါမဲ့နင်တို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် အရမ်းကိုနာကျင်နေတာသိလား"
YOU ARE READING
မငြိုးပန်း❣️
Fanfictionကံကြမ္မာကလွန်ဆွဲတဲ့ ကြိုးမှာ မင်းရောငါရောမနိုင်ဘူး #TaeKook💗