Unicode
မနက်စောစောထပြီး မျက်နှာသစ်သွားတိုက်ခြင်းမပြုခင်
ဟာအိုတစ်ယောက် ကွန်ဒိုရှေ့က ဝရန်းတာကိုထွက်ပြီး
အသက်ရှူ လေ့ကျင့်ခန်းကို စတင်ပြုလုပ်လိုက်သည်။"၁,၂,၃,၄......၅,၆,၇,၈......၈,၇,၆,၅.....၄,၃,တန်းရပ် "
"OK ပြီးပြီ"
အသက်ရှူလေ့ကျင့်ခန်းကို ၁,၂,၃,၄အစချီပြီး တစ်ကြိမ်သာ
ပြုလုပ်ပြီးနောက် တစ်နေ့တာလုပ်ရမည့် ကိုယ်ကာယ
လေ့ကျင့်ခန်းများအားလုံးလုပ်ပြီးသလို ခံစားရတာကြောင့်
ဟာအို အခန်းထဲကိုပြန်ဝင်တော့မယ့်အချိန် လူတစ်ယောက်
က စိုက်ကြည့်နေသလိုခံစားရတာကြောင့် ဘေးဘီဝဲယာကိုကြည့်
လိုက်တော့ အခန်းရဲ့ ဘယ်ဘက်ဝရန်တာတွင် သူ့ကို
ရပ်ကြည့်နေတဲ့လူကိုမြင်ပြီး အခန်းထဲကမန်းကတမ်းပြေးဝင်ကာ
ဝရန်တာတံခါးကိုပါပိတ်ချလိုက်တော့သည်။"ဘာ....ဘာလို့ ကျောင်းလူဆိုးက ငါ့ရဲ့ဘေးအခန်းမှာရှိနေရတာလဲ
ဒီမှာနေတာ တစ်ပတ်လောက်ရှိနေပြီကို ဘာလို့ဒီမနက်မှတွေ့ရတာလဲမဟုတ်မှ မနေ့ကသူလူရိုက်နေတာ တွေ့လိုက်လို့များ
ကလဲ့စားချေဖို့ငါ့အခန်းဘေးကိုပြောင်းလာတာလား "မနေ့မနက်က ဟာအို ကျောင်းရောက်ရောက်ချင်းပင်
သန့်ရှင်းရေးတာဝန်ကျတာနဲ့ အခန်းက အမှိုက်ပုံးကိုယူပြီး
အမှိုက်ပစ်ဖို့ထွက်အလာ ကျောင်းအနောက်ဘက်မှာ
အသံတွေကြားရတာနဲ့ သွားချောင်းကြည့်လိုက်တော့
ငါးယောက်တစ်ယောက်ရန်ဖြစ်နေတာကိုတွေ့လိုက်ရပြီး
ငါးယောက်က ထိုတစ်ယောက်လက်ထဲတွင် အလူးအလိမ့်
ခံနေရပုံပင် ထို့နောက် ရန်ပွဲကြီးပြီးဆုံးသွားသည့်နောက်
ထိုတစ်ယောက်က ဤသို့ပြောလာခဲ့သည်..."ဟေ့ ပိုက်ဆံအိတ်ရော ဖုန်းရော နာရီရော အကုန်ပေး
ပိုက်ဆံက မင်းတို့လက်ထဲမှာ တစ်ကျပ်တလေတောင်
ချန်ထားဖို့စဥ်းစားရဲစဥ်းစားကြည့် "ကျောင်းအနောက်ဘက်ဖြစ်တဲ့အပြင်လူလည်းရှင်းတာကြောင့်
သူပြောတဲ့စကားတွေကို ဟာအိုတစ်လုံးမကျန်သေချာကြား
ရပေသည်။"လုယက်မှုလား!!! ငါးယောက်ဆီကနေတစ်ယောက်က
လုယက်တာ!!!! "ဟာအိုအံ့သြလွန်း၍ ပါးစပ်ကပါ အသံဖွင့်ပြီးပြောမိသွားတော့
တစ်ဖက်လူက ကြားသွားတယ်ထင်ပါသည် ။ ဟာအိုရှိရာ
ဘက်ကို တန်းတန်းမတ်မတ်ကြည့်လာတာကြောင့် ဟာအို
ကြောင်အပြီး သူ့မျက်နှာကိုကြည့်လိုက်ရာကနေ ထိုလူက
"အဲ့မှာဘာလုပ်နေတာလဲ "လို့မေးလာခဲ့သည်။
ထိုလူ့အသံကြားမှပဲ ဟာအိုလည်းအသိပြန်ဝင်ပြီး
အတန်းဘက်ကိုကမန်းကတမ်း ပြေးထွက်
လာခဲ့တော့သည်။
YOU ARE READING
My beloved school president (binhao)UxZ(complete)
Fanfictionကျွန်တော်ချစ်ရတဲ့ကျောင်းသားဥက္ကဌလေး