အပိုင်း (၁၀)

979 89 18
                                    

Unicode
"ဟန်ဘင်း ~"

"အင်း "

"ငါလေ မင်းတို့ကိုအသုံးချနေသလိုများဖြစ်နေလား "

"ဘာကိုလဲ "

"ဒီအတိုင်းပဲ မင်းတို့ရဲ့စိတ်ကိုမသိချင်ယောင်ဆောင်ပြီးတော့
အနားမှာထားထားတာကိုလေ တကယ်တော့ စီနီယာဂျီအွန်း
ကလည်းငါ့ကိုသဘောကျနေတာမဟုတ်လား "

ဟာအိုရဲ့စကားကြောင့် ဟာအိုကိုပွေ့ချီထားတဲ့ဟန်ဘင်းရဲ့
လက်တွေတင်းကျပ်သွားပြီး ထမင်းစားဖို့အဆင်သင့်ဖြစ်ပြီလို့
လာပြောတဲ့ တံခါးအပြင်က ဂျီအွန်းရဲ့လက်တွေလည်း
ရပ်တန့်သွားသည် ။

"နှစ်ယောက်တည်းကတစ်ယောက်ကိုရွေးဖို့ခက်နေလို့မလား
ကျွန်တော်သိတယ် ဆက်မပြောနဲ့တော့ "
ဟာအိုက သူ့ဦးငယ်ကိုရွေးလိုက်မှာဟန်ဘင်းအရမ်းကြောက်
ပါသည်။ ဘာလို့လဲဆို ဟာအိုက သူနဲ့အရင်ခင်မင်ခဲ့တာတောင်
ဦးငယ်ရောက်လာတော့ သူနဲ့ဦးငယ်ကိုယှဥ်ပြီးမရွေးနိုင်ဘူး
မဟုတ်လား ။ အဲ့တာက သေချာပေါက် ဟာအိုရဲ့စိတ်ထဲမှာ
ဦးငယ်က သူ့ထက်နေရာပိုရနေလို့ဖြစ်မှာပေါ့ ။

"ပြိုင်ပွဲကိုပဲ စိတ်ထဲမှာထား တခြားဟာတွေမတွေးနဲ့ "
စကားဆက်ပြောနေရင် သူမကြားချင်တာတွေကြားလိုက်
ရမှာစိုးတာနဲ့ ဟာအိုကိုစကားလမ်းကြောင်းပြောင်းပြီး
အပြင်ကိုခေါ်ထုတ်လာကာ ထမင်းစားခုံပေါ်ကိုအသာလေးချပေး
လိုက်သည်။ ထမင်းစားနေတဲ့အချိန် သူတို့သုံးယောက်လုံး
ဘာစကားမှမပြောဖြစ်ကြ။ အရင်ကဆို ဟာအိုကြိုက်တတ်တဲ့
ဟင်းတွေကို သူ့ထက်ငါအပြိုင်ထည့်ရင်း ငြင်းခုံနေကြမည့်
တူဝရီးနှစ်ယောက်သည် အခုတော့ အတွေးကိုယ်စီနှင့်
တိတ်ဆိတ်နေကြသည်။

ထို့နောက် ထမင်းစားပြီး ဂျီအွန်းက ဟာအိုကိုချီကာ
အခန်းထဲပြန်ပို့ပေးသည် ။ ဟန်ဘင်းကတော့
ထမင်းစားဝိုင်းမှာပဲ ငြိမ်သက်စွာ ကျန်နေရင်းပေါ့ ။

"စီနီယာ "

"အင်း "

"ဒီအတောတွင်း ကျွန်တော့်ကိုဂရုစိုက်ပေးလို့ကျေးဇူးပါပဲ "
ဟာအိုစိတ်ထဲဘာရယ်ကြောင့်မှန်းမသိ လေးလံနေပြီး
ရင်ထဲရှိတဲ့စကားတွေအကုန်လုံးကိုပြောချင်နေသည် ။
ဒီနေ့မပြောဖြစ်လိုက်ရင် နောက်ဘယ်တော့မှ
မပြောလိုက်ရမှာကိုစိုးနေမိသည့်အလား ။

My beloved school president (binhao)UxZ(complete)Tempat cerita menjadi hidup. Temukan sekarang