Unicode
လော့ကျစ်ယွီ၊လင်းချီနဲ့ ဝန်ထမ်းအနည်းငယ်တို့က မျက်၀န်းတွေတောက်ပနေတယ်။ ကုမျန်က သူမ,မဆိုချင်ဘူးလို့ ပြောလို့မရတာကြောင့် လော့ချယ်နဲ့ အသံသွင်းစတူဒီယိုကို လိုက်သွားခဲ့ရတယ်။
သူမနဲ့မတူဘဲ အလုပ်အပေါ်ထားတဲ့ လော့ချယ်ရဲ့သဘောထားက အရမ်းကိုလေးနက်လှတယ်။ သူ ဒီကိုမလာခင်ကတည်းက "Ask the Immortal" ရဲ့ ဒီtheme songနဲ့ ရင်းနှီးပြီးသားဖြစ်လို့ စတူဒီယိုကိုရောက်တာနဲ့ အသံစသွင်းလို့ရနေပြီ။
"Ask the Immortal" ရဲ့ နူးညံ့ပြီး စိတ်ထဲစွဲကျန်စေတဲ့ဂီတသံက သူတို့ရဲ့နားထဲမှာ ဖြည်းညှင်းစွာထွက်ပေါ်လာတယ်။
လင်းချီက သီချင်းကိုအနုစိတ်ရေးဖွဲ့ဖို့ တစ်နှစ်ကျော်အချိန်ယူခဲ့တယ်။ တေးသွားနဲ့စာသားတွေက လုံလုံလောက်လောက်ကြီး လူတွေရဲ့နှလုံးသားကို ထိမိစေတယ်။
တေးသွားက စိတ်ထဲစွဲကျန်စေပြီး သီချင်းစာသားတွေက ရိုမန်တစ်ဆန်ကာ ကြင်နာယုယပုံပေါ်လေတယ်။ ဒီသီချင်းက ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ကြားမှာဖြစ်ပေါ်ခဲ့တဲ့ အချစ်စစ်အချစ်မှန်သီချင်းတစ်ပုဒ်ပဲ။
ဂီတနဲ့အတူ ကြည်လင်ပြီး ဆွဲဆောင်မှုရှိလှတဲ့အသံက ဖြည်းညှင်းစွာ ထွက်ပေါ်လာတယ်။
လော့ချယ်မှာ ထူးခြားတဲ့အသံရှိတယ်။ သီချင်းဆိုတဲ့အခါ သူ့အသံက ကြော့မော့နေပြီး သူ့မျက်နှာက နှစ်လိုဖွယ်ကောင်းတယ်။
မိန်းကလေးတော်တော်များများက ရုပ်ဆိုးရင်တောင် သီချင်းကောင်းကောင်းဆိုတတ်တဲ့ ကောင်လေးကိုတော့ သဘောကျကြတယ်ဆိုတဲ့ ဆိုရိုးတစ်ခုရှိတယ်မဟုတ်ဘူးလား။ ဒီလိုဆို သီချင်းကို အရမ်းကောင်းကောင်းဆိုတတ်တဲ့ ကောင်လေးက ချောမောခန့်ညားတဲ့ ကောင်လေးတစ်ယောက်ဆိုရင်ရော??။
အထူးသဖြင့် ဒီချောမောခန့်ညားတဲ့ကောင်လေးက သီချင်းဆိုနေပြီး ရံဖန်ရံခါ မင်းကို နက်နက်ရှိုင်းရှိုင်း ကြည့်နေတဲ့အချိန်ဆိုရင်ရော??
ဒီလိုသေစေနိုင်လောက်တာမျိုးက သည်းမခံနိုင်စရာပဲ။
ကံကောင်းထောက်မစွာနဲ့ ကုမျန်က အပြည့်အ၀အာရုံစူးစိုက်ထားပြီး လော့ချယ်ရဲ့မျက်၀န်းပင်လယ်ထဲမှာ မကျဆုံးသွားခဲ့ပေ။
YOU ARE READING
ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်
RandomStatus in COO : 253 chapters (complete)