12

558 82 11
                                    

ဟိုကောင်လေး ဒီနေ့ထိ သူ့ဆီ လာမတွေ့သေးပါ။

ထိုကောင်လေး စိတ်နဲ့ဆို  အတင်းအကျပ်ဖြစ်စေ သူ့အား ဇွတ်တရွတ်လာခေါ်မည်မဟုတ်ဘူးလား။

ယခုတော့ အခြေအနေဟာ ငြိမ်သက်စွာပင်ရှိနေသည်။
မည်သူကမှ အလျော့မပေးခဲ့ကြသလို မည်သူကမျှ ဆွဲမထားခဲ့ကြသလို နှစ်ယောက်သား တစ်စတစ်စ ဝေးကွာလာနေပြီထင်ရသည်။

မဟုတ်မှ သူပြောတာ တကယ်ကြီး လွန်သွားတာလား?
အဲလိုတွေးမိတော့လဲ ထိုကောင်လေး၏ စကားတွေအားကြားယောင်လာပြန်၏။
တကယ်တော့ ထိုအရာဟာ မှားနေခြင်းမျိုးတော့မဟုတ်ပေမယ့်
ယခု အချိန်တွင် ဖြစ်ပျက်မနေသောအရာ တွေပင်။
သို့သော် ယူဂျင်းကတော့ ထိုသို့မတွေးဟန်
ဆယ်ကျော်သက်ဖြစ်နေလို့များလား....။

မျက်နှာကျက်အား စိုက်ကြည့်ကာ ဟိုဟိုဒီဒီ တွေးမိနေသည်မှာ ဖုန်းသံမမြည်လာခင်ထိဖြစ်သည်။

ရုတ်တရက် ဖုန်းခေါ်ဆိုလာသူမှာ သူထင်နေသလို ဟန်ယူဂျင်းတော့ ဟုတ်မနေခဲ့ပါ။
တကယ်ဘဲ သူက ထိုကလေးဆီမှ ဖုန်းခေါ်လာဖို့ မျှော်လင့်နေသည်လား။

မေးခွန်းတွေကို ခဏ ရပ်၍  ဖုန်းအမြန်ကိုင်လိုက်ရသည်။
ယူဂျင်းတော့မဟုတ်ပေမယ့် ယူဂျင်း၏ ဖခင်ဖြစ်နေသည်မို့။

"ဟယ်လို..

"ယူဂျင်း  ပျောက်နေတယ်"

"ဗျာ.."

ဖုန်းကိုင်ကိုင်ချင်းပင် ကြားလိုက်ရသောစကားကြောင့် လက်ထဲမှ ဖုန်းပင် ပြုတ်ကျမလိုဖြစ်သွားရသည်။

"ကျွန်တော် နားမလည်ဘူး အန်ကယ် ဟန်ယူဂျင်းက ဘယ်လို..."

"ကျောင်းလဲမလာသလို အိမ်လဲပြန်မလာဘူးမောင်ရင် ဖုန်းခေါ်လို့လဲမရဘူး မင်းတို့ အတူနေတဲ့ အိမ်မှာလဲ ရှိမနေဘူးကွာ.."

နာမည်ကြီး ကျောင်း၏ ကျောင်းအုပ်ဖြစ်ရုံမျှမက စီးပွားရေးဘက်တွင်လဲ ထိပ်တန်းစာရင်းဝင်နေသူ ဟန် လူကြီးမင်း၏ အသံမှာ ယခု သားဇောကြောင့်ဖြစ်မည် အသံဟာ တုန်ယင်လျက်။

သူရော ဘာထူးပါသလဲ။
ဖုန်းအား တင်းကျပ်စွာကိုင်ထားမိသည်မှာ ကွဲကြေမတတ်ပင်။
မဟုတ်မှ....
သူ့အမှားကြောင့်များလား သူ့စကားတွေကြောင့် ထိုကောင်လေး ရောက်တက်ရာရာ ထွက်ပြေးသွားခဲ့တာလား။
စသည့် အတွေးတွေဟာ သူ့ကိုနှိပ်စက်၏။
တကယ်ဆို ဂယူ့ အနေဖြင့် မည်သူ့ကိုမှ ထိခိုက်စေလိုစိတ် နာကျင်လိုစိတ်မရှိပါ။
သို့ပေမယ့် သူ့အား အတင်းအကျပ် ထိပါးခြင်း မျိုးတော့ မုန်းပါ၏။
ထိုအချက်ကြောင့်ပင် ထိုကောင်လေးကို နာကျင်စေခဲ့ပုံ။
မည်သို့ပင်စဥ်းစားစဥ်းစား ဟန်ယူဂျင်း ဆိုတဲ့ကလေး က ဒီစကားတွေလောက်နဲ့စိတ်ထိခိုက်ဖို့ မဖြစ်နိုင် ဟု သူထင်မှတ်ခဲ့ခြင်းဖြစ်သည်။
ယခုတော့ သူ့အထင်တွေဟာ လွဲမှားနေသည့်ပုံပင်။

IF You Don't Mind,Love Me Back ( Complete)Where stories live. Discover now