14

598 74 16
                                    

"ဒါလေးငွေရှင်းပေးပါ"

နက်မှောင်နေသည့် Outfitနှင့် ခေါင်းစွတ်ကိုလုံအောင်ဖုံး၍ Maskအနက်ပါတပ်ထားသည့် ရှေ့မှလူငယ်အား အရောင်းဝန်ထမ်းကောင်မလေးက ခပ်လန့်လန့်ပင်မို့ ကောင်တာပေါ်မှ ပစ္စည်းများအား အမြန်ပင် ငွေရှင်းပေးလိုက်သည်။

ဆိုင်တွင် သူမတစ်ယောက်တည်းသာရှိသည်မို့ တစ်စုံတစ်ရာ ဖြစ်မှာ ကြောက်လှပါသည်။

သူမကသာကြောက်နေပေမယ့် Customer ကောင်လေးက ပစ္စည်းများအားခပ်မြန်မြန်ယူ၍ ဆိုင်ထဲမှ ထွက်သွားတော့သည်။

"သောက်ပြဿာနာတွေကဆက်တိုက်ဘဲ.."

ယခုချိန် ယူဂျင်း ခေါင်းထဲရှိနေသည်က ဟိုကောင်ဖက်တီးကို တစ်ခါတည်းသတ်ပစ်လိုက်ရမှာဟူ၍ပင်။

ထိုဖက်တီးကောင်က လူကသာ ဘာမှ မဟုတ်။
သူ့အစ်ကို အကောင်ကြီးကြီးတွေ အားကိုးနဲ့ ရိုင်းကန်းနေတာဖြစ်သည်။
ထို့ကြောင့် ထိုကောင်ကို ယူဂျင်းကြည့်မရသည်မှာမလွန်။
ထို့ပြင် စကားပြောကလဲ ရိုင်းလိုက်တာလွန်ရောဘဲ။ကိုယ့်ထက်ပင်သာလွန်နေ၏။

Storeဆိုင်မှ ဝယ်လာခဲ့သည့် အအေးဗူးအားဖောက်ကာ မော့သောက်လိုက်သည်။
ဟူးးး ပုံမှန်ဆို သူက ပုန်းတာ ကွယ်တာ လုပ်မည့်လူမဟုတ်။
အခုတော့ လူကြမ်းကြီးတွေနှင့်အင်အားမမျှတာမို့ နေအိမ်ကိုလဲ ပြန်မသွားဖြစ်။
ဘယ်သူ့ကိုမှလဲမဆက်သွယ်ဖြစ်ပါဘဲ ခဏတော့ ပုန်းရှောင်နေရမည်ပင်။

ဟိုကောင်ဖက်တီးအား မသေမရှင်လုပ်ထားခဲ့၍ မကျေမနပ်ဖြစ်ကာ သူ့အား လိုက်လံရှာဖွေနေကြသည့် လူတွေကြောင့်ပင်။

"ဟန်ယူဂျင်း ဟန်ယူဂျင်း ပြဿနာက မင်းအသက်ထက်တောင် ပေါများနေသလားဘဲ"

စိတ်ပျက်လက်ပျက် ကိုယ့်ကိုယ်လှောင်နေလဲ ဘာမှမထူး။

Daddyကို ပြောပြပြန်ရင်လဲ စိတ်ပူနေအုံးမည်။
ဟိုလူကတော့ သူ သေသည်ရှင်သည် ဂရုစိုက်ရဲ့လားတောင်မသေချာသည်မို့ တစ်ယောက်တည်းသာ ထိုပြဿနာအား ဖြတ်ကျော်နိုင်ရန် တင်းခံထားသည်။

မဟုတ်လဲ သူ တစ်ယောက်တည်း လုပ်ခဲ့သည့်လုပ်ရပ်မဟုတ်လား။

ယခုလဲ ဆိုင်တစ်ဆိုင်ဝင်၍ အဆာပြေ စားရန် ဝယ်လာခဲ့သည့် ပေါင်မုန့်ထုတ်အား အအေးနှင့်မျှောချနေရသည်။

IF You Don't Mind,Love Me Back ( Complete)Where stories live. Discover now