Extra~3

403 43 2
                                    

"ကျွန်တော်ပြန်လာပြီ..."

အသံကျယ်ကျယ်ပြု၍ ခပ်လောလောအပြေးရောက်လာသည့် ဟန်ယူဂျင်း အိမ်ထဲသို့ဝင်ဝင်ချင်းတွေ့လိုက်ရသည်က ပေတလူးနေသည့် *ယူလေး*ဟု သူတို့ချစ်စနိုးခေါ်သော ၃နှစ်ကျော်ကလေးငယ်လေးသာဖြစ်သည်။

"ယူလေး..Daddyဆီ လာပါအုံး"

သူခေါ်နေသည်ကို နားလည်ဟန် ကလေးက ရှုပ်ပွနေသည့် ကစားစရာအရုပ်များကြားမှ အိပဲ့အိပဲ့ ထ၍ လာ၏။
ယူဂျင်း ရုံးမှပြန်ရောက်ရောက်ချင်း အိတ်ကိုဖြစ်သလို ချ၍ ယူလေး ကို  သန့်ရှင်းရေး လုပ်ပေးဖို့ရာ ပြင်ရသည်။

"ယူလေးရာ..ဘယ်သူနဲ့တူလို့ အဲလောက်ထိ ပေတလူးအောင် ဆော့ရတာတုန်း!"

အထဲခန်းမှ လူကြီး ကြားအောင်ပင် သက်သက် ယူဂျင်း အသံမကျယ်တကျယ်နှင့် ယူလေးကို မေးမိ၏။
သူနှင့်အကျင့်တွေသိပ်တူသည့်ကလေးငယ်က မျက်လုံးဝိုင်းတို့ကလယ်ကလယ်။

"သြော်..Daddyနဲ့တူလို့ထင်တယ် ဟဲဟဲ မင်းက ငါ့သားဘဲကို ငါနဲ့တူမှာဘဲကိုနော် ပြီးတော့ မင်းဖေဖေကလဲ ငါ့ကိုသိပ်ချစ်တာဆိုတော့..."

"ဟန်ယူဂျင်း!!"

ထို ခပ်တောင့်တောင့်ခေါ်သံလေး ကြားရဖို့ ယူဂျင်းက ဟုတ်သည်ရောမဟုတ်သည်ရော ပြောနေရခြင်းဖြစ်ပါ၏။
ကြားချင်သည့် အသံလေး ကြားရတော့လဲ ရုံးမှပြန်ရောက်ပြီးမနားမနေ ကလေးထိန်းရသည်ကိုပင် ပင်ပန်းတယ်မထင်တော့..။

"ဟုတ်ကဲ့ ကျွန်တော်ပြန်ရောက်နေပြီ.."

"သားကို သန့်ရှင်းရေးလုပ်ပေးပြီးတစ်ခါတည်းကိုယ်တိုင်လဲရေချိုးသန့်စင်လိုက် ပြီးရင် နေ့ခင်းစာ စားဖို့အောက်ဆင်းခဲ့ ကိုယ်ပြင်ထားလိုက်မယ်"

"ဟုတ်ကဲ့ပါဗျာ"

အလုပ်မှပြန်လာသည်တောင် ကြည်လင်နေသေးသည့်မျက်နှာသွယ်သွယ်ထက် ပိုတိုးကာ ပျားရည်လောင်းထားသည့်နှယ် ပြုံးတုံ့တုံ့နှင့် သားကိုခေါ်ကာ အပေါ်ထပ်တက်သွားသည့်သူ့ကို ယူဂျင်း၏ချစ်ရသူအမျိုးသား တစ်ယောက် ခေါင်းခါရမ်းလျက်  ရပ်ကြည့်လျက် ကျန်ခဲ့သည်။

အလုပ်ကို အိမ်မှာဘဲ ဖြစ်အောင်လုပ်၍ အိမ်မှုကိစ္စနှင့်သားကိစ္စကိုပါ တာဝန် ယူထားသောသူ၏အမျိုးသားမှာ သိပ်ကိုပင်ပန်းနေမည်ထင်ပါ၏။

IF You Don't Mind,Love Me Back ( Complete)Where stories live. Discover now