1-4

139 8 4
                                    

အခန်း ၄

"နေခသူရ"
ဦးလင်းသူရ အိမ်ထဲသို့ ဒေါနဲ့မောနဲ့ဝင်လာသည်။သို့ပေမယ့် ဦးလင်းအာရုဏ်ဦးကအရင်ထွက်လာကာ

"ဘာတွေဖြစ်လာရတာလဲ"
"မမေးနဲ့"
"ပြီးတာပဲ မမေးတော့ဘူး"
ဒေါသထွက်နေရင်းတောင်မှ တွန့်သွားမိသည်။ အေးပေါ့လေ ဒါမှသူ့လင် သူ့ခင်ပွန်းပီသမှမလား
ထို့နောက်လှည့်ထွက်ရန်ပြင်နေသော ဇနီးလေးကို
"အဲ့တာဘယ်သွားမလို့လဲ ဟိုကောင်နေခသူရရော"
"မင်းသွေးတိုးလာမှာစိုးလို့ သံပုရာရည်နဲ့သွေးကျဆေးသွားယူမလို့ သားခခက ပြန်မလာသေးဘူး သူဒီနေ့နည်းနည်းနောက်ကျမယ်လို့ဖုန်းဆက်ထားတယ်"
"ဘာ ၉ နာရီတောင်ထိုးနေပြီ အိုမီဂါတစ်
ယောက်အပြင်မှာရှိနေရမယ့်အချိန်လား"
"စိတ်ညစ်တာ ဇာတ်ကားထဲကစကားတွေလာပြောမနေနဲ့ လူငယ်ပဲ အပျော်ပါးလေးတော့ရှိမှာပေါ့ သားခခက ကိုယ့်ဟာကိုယ်ထိန်းနိုင်ပါတယ်"
သူပြောပြီးပြီးချင်း ချက်ခြင်းလှည့်ထွက်လာလိုက်သည်။နို့မို့ဆို ပြီးမှာမဟုတ်တော့ဘူး။သူမီးဖိုချောင်ထဲဝင်လာလိုက်ပြီး သံပုရာရည်ဖျော်ဖို့ပြင်လိုက်သည်။ဒေါသအိုးကွဲနဲ့ကတစ်ရက်မှာ ၂၅နာရီလောက်ဒေါသထွက်ချင်နေတဲ့သူ။ ခခကလဲဘာတွေလုပ်ထားတာလည်းမသိပါဘူး။ မဟုတ်မှဟိုကလေးနဲ့ကိစ္စသိသွားတာများလား။သူဖျော်လက်စသံပုရာရည်ကိုလက်စသပ်ပြီး သွေးကျဆေးယူဖို့အပေါ်ကိုတက်လာခဲ့လိုက်သည်။

ကားစက်ရပ်သံကိုကြားသောအခါ ဦးလင်းသူရလှမ်းကြည့်တော့ ဟိုကောင်ပြန်လာတာပင်။တွေ့ဦးမယ်။

"ဒါကဘယ်ကပြန်လာတာလဲ"
သူဝင်ဝင်ချင်း မျက်နှာရှစ်ခေါက်ကျိုးဖြင့်ထိုင်နေသောဖေ့ဖေ့ကိုတွေ့လိုက်ရသည်။သူနောက်ကျလို့ပွမ်တော့မည်ထင်။ ကြည့်ကောင်းအောင်လျောက်ပြောပစ်ရမည်။မဟုတ်ရင် တစ်ပတ်လုံးလုံး မြင်တဲ့နေရာမှာတရားနာရမည့်ကိန်းစိုက်သွားမည်။

"သား နည်းနည်းနောက်ကျသွားတယ်ဖေဖေ ဒီနေ့အလုပ်ကိစ္စပြောတာနည်းနည်းကြာသွားလို့ ပြီးတော့ ပွဲပြင်ပေးရမယ့်နေရာက မြို့နဲ့လည်းနည်းနည်းလှမ်းတဲ့ဘက်ဖြစ်နေလို့ နောက်ကျသွားတာ သားပါးပါးကိုဖုန်းဆက်ထားပါတယ်"

ဦးလင်းသူရသွေးတက်နေပြီ!!Where stories live. Discover now