အခန်း၇
"နေခ စကားပြောရအောင် ဆင်းလာခဲ့"
"ဘာ မင်းကအခုဘယ်မှာမို့လဲ" သူဒီနေ့ client တစ်ယောက်ရဲ့ပွဲတစ်ပွဲလက်ခံထားတာမို့ သွားဆွေးနွေးဖြစ်သည်။မြို့ပြင်ဘက်လောက်က မြစ်ကမ်းနံဘေးမှာ ပွဲလုပ်ချင်တာမို့ အဲ့က တာဝန်ရှိတဲ့သူနဲ့ရောသွားတွေ့ရသည်။ အဲ့လိုအများပြည်သူနေရာထဲမှာ ပွဲလုပ်ဖို့ကတော်တော်ခက်သည်။ နေ့စဉ်လိုလို အပန်းဖြေဖို့ အနားယူဖို့လာရောက်ကြတဲ့အတွက် နေရာတစ်နေရာကန့်သတ်ထိန်းသိမ်းဖို့ဆိုတာ အတော်ခက်ခဲသည့်အပြင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အရာရှိကြီးများနှင့်လည်း စစ်ဆေးမေးမြန်းခံရသေးသည်။ သူဒီကိစ္စအတွက် တစ်နေကုန်နီးပါးပင်။ သူနှင့် အတူ ဒါရိုက်တာလိုက်လာပေးလို့သာတော်သေးသည်။ သူက အထက်အရာရှိများနှင့်အတော်တန်ရင်းနှီးသောကြောင့်သာ ပိုပြီး လွယ်ကူသွားခြင်းပင်။ ပြီးတော့ အရာရှိများနှင့်အတူ ညစာအတူစားပြီး စောနကမှ ပြန်ရောက်တာဖြစ်သည်။ သူပြန်ရောက်ရောက်ချင်း ရေချိုးပြီး တန်းအိပ်ဖို့တွေးထားသည်။ ရေချိူးပြီးထွက်လာတော့ ဟိုကောင်ယသော်က ဖုန်းဆက်လာပြီး ရူးကြောင်ကြောင်တွေလာပြောနေသည်။"မင်းအိမ်ရှေ့မှာပဲ ခြံထောင့်ကပိတောက်ပင်ကြီးနားမှာ"
"ဘာလာလုပ်တာလဲ ပြောစရာရှိရင်လည်းမနက်မှ ပြောလို့မရဘူးလား"
"အရေးကြီးတယ် ဆင်းခဲ့ဆိုကွာ"
"ကျစ်... ယသော် မင်းငရှုပ်ကွာ"
သူဖုန်းချပြီးပြီးချင်း ညအိပ်ဝတ်စုံကိုလဲဖို့ပြင်လိုက်သည်။ ဒီနေ့ တစ်မိသားစုလုံးက ချို့တဲ့တဲ့ ဒေသတစ်ခုမှာ ဆေးရုံတစ်ခုဆောက်လုပ်လှူဒါန်းဖို့အတွက် သွားကြတယ်။ပုံမှန် အလှူကိစ္စဆို တစ်မိသားစုလုံးသွားနေကြပင် ဒါပေမဲ့သူကဒီနေ့အလုပ်ကိစ္စအရေးတကြီးရှိတဲ့အတွက်ကြောင့် ကျန်နေခဲ့ခြင်း အရေးကြီးကိစ္စမဟုတ်ရင် ပါးပါးက လုံးဝကျန်နေခွင့်မပေး မိသားစုအလှူဖြစ်တဲ့အတွက် အတူတူကုသိုလ်ရစေရန်ဖြစ်သည်။ ပါးပါး နောက်ဘဝတွေမှာလည်း သူနဲ့မဆုံဖြစ်တောင် ကောင်းကောင်းမွန်မွန်မွေးဖွားစေချင်သည်ဟု အမြဲပြောတတ်သည်။သူအောက်ကို ဆင်းပြီး အိမ်တံခါးဝကိုဖွင့်လိုက်တော့ မိုးဖွားလေးများကျဆင်းနေသည်။ ဖွားဖွားလေးရွာနေခြင်းကြောင့် သူမိုးရွာနေမှန်းသတိမထားမိခဲ့ပေ။အဲ့တာကြောင့်သူ အိမ်ထဲသို့ထီးပြန်ယူပြီး ခြံရှေ့ကပိတောက်ပင်နားသို့ထွက်လာခဲ့သည်။ပိတောက်ပင်က ဟိုးဘိုးဘွားတွေကတည်းကစိုက်ထားခဲ့သောကြောင့် ယခုဆိုအပင်ကြီးကြီးတောင်ဖြစ်နေပြီ ဒါကြောင့်အပင်အောက်မှာ မတ်တပ်ရပ်နေသော ယသော်မှာ မိုးရေစိုခြင်းအတိမရှိပါ။
YOU ARE READING
ဦးလင်းသူရသွေးတက်နေပြီ!!
Romanceနှစ်ဖက်မိဘများ : လုံးဝသဘောမတူဘူး ပြတ်ကြ သော်သော် & ခခ : နိုး နှစ်ဖက်မိဘများ : သားတို့ဘယ်နေ့လက်ထပ်ကြမလဲ သော်သော်&ခခ : လမ်းခွဲလိုက်ပြီ နှစ်ဖက်မိဘများ :😕😕😕😕 အခင်ဆုံး typeတူ စိတ်တူ ကိုယ်တူ twinလိုမျိုးသူငယ်ချင်းကနေ ချစ်သူဆိုတဲ့ခေါင်းစဉ်အောက်ကိုရောက်...