1-8

104 7 2
                                    

အခန်း၈

ဘာလို့လာအော်နေတာလဲဆိုသည့်မျက်နှာထားဖြင့်ကြည့်လိုက်သည်။ ပြီးတော့ သူ့ခေါင်းပေါ်ကလက်ကို ဖြတ်ခနဲ ပုတ်ထုတ်လိုက်တော့

"အ!" မျက်နှာအနေထားကရှုံ့တွတွဖြစ်သွားသည်ကိုမြင်လိုက်ရသည့် နေခက
"ငါလုပ်လိုက်တာအဲ့လောက်မဟုတ်ဘူးနော်"
ယသော်ကဘာမှပြန်မပြောပဲ လက်မောင်းရင်းကိုသာဆုပ်ကိုင်ထားသည်။အဲ့တာကြောင့် သူ့အနားသို့သွားကာ သေချာကြည့်ဖို့ အကျီကိုလှန်တင်လိုက်သည်။လက်မောင်းရင်းကနေအလယ်လောက်ထိ ကန့်လန့်ဖြတ်အဆင်းကြီးတစ်ခု ဒဏ်ရာကသိပ်နက်ပုံမပေါ်ပေမဲ့ အပြင်ပိုင်းကတော့ တော်တော်လေးပြဲနေသည်။
"ဘယ်တုန်းကအဲ့လိုဖြစ်သွားတာလဲ "
"သစ်ကိုင်းကျိူးကျတုန်းက ခြစ်မိသွားတာ"
"ဘာလို့ငါ့ကိုမပြောတာလဲ"
"ငါလည်း ရေချိုးဖို့အင်္ကျီချွတ်တော့မှ သတိထားမိတာ ဒီတိုင်းအပေါ်ယံခြစ်မိသွားတာ"
"ဒါခြစ်မိတာလေးမှမဟုတ်တာ အချွန်နဲ့ ထိုးခွဲလိုက်သလိုကြီး ငါဆေးသေတ္တာသွားယူလိုက်ဦးမယ်"
ယသော်ကထရန်ပြင်နေသော နေခလက်ကို ဖမ်းဆွဲထားလိုက်ပြီး
"ခခ သူ့ကိုတကယ်လက်ခံမလို့လား"
"အဲ့တာကအရေးကြီးနေလို့လား "ပြောပြီးပြီးချင်း လက်ကိုရုန်းကာ ပါးပါးတို့အခန်းထဲသွားပြီးဆေးသေတ္တာသွားယူလိုက်သည်။ကုတင်ပေါ်မှာ ခေါင်းငိုက်စိုက်ကာထိုင်နေသူနားသို့တိုးလိုက်ပြီး အရက်ပြန်အရင်သုတ်ဖို့ပြင်လိုက်သည်။
"ဒီအင်္ကျီ စကိုကိုင်ထားပေး အရက်ပြန်သုတ်မို့ "
လက်မောင်းရင်းမှ ပင့်ခေါက်ထားတဲ့ အင်္ကျီ စကို မေးငေါ့ပြရင်းမှပြောလိုက်သည်။ ဂွမ်းတံလေးထုတ်ကာ အရက်ပြန်စွတ်လိုက်ပြီး ဒဏ်ရာပေါ်ကို ခပ်ဖွဖွကလေးသုတ်ပေးနေသည်။
"စပ်လား "
"နာတယ်"
"ဟုတ်လား ငါဖွဖွလေးလုပ်ပေးမယ်နော်"
"ရင်ထဲက"
"ဟမ်"
"နာတယ်လို့ ခခသိလား"

မျက်လုံးအစုံကပုလင်းကိုပုလင်းထက်
ဝက်ကျိူးအောင်သောက်ထားတဲ့အတွက် ရီဝေဝေရစ်သိုင်းနေတာလား ။မျက်ရည်စတွေရစ်သိုင်းနေတာလား အနာကနာလွန်းလို့ကြောင့်လား။သူနားကြားမှားတယ်လို့ပဲ ယူဆလိုက်ကာ

"အရမ်းနာတာလား ငါလည်းသိပ်မလုပ်တတ်လို့ ငါလေမှုတ်ပေးမယ်နော် ပိုးသေချာသတ်မှဖြစ်မှာ"
"ဘယ်သူက အနာကြောင်းပြောနေလို့လဲ"
ပြောပြီးပြီးချင်း သူအရက်ပြန်တို့ပေးနေတဲ့ ဂွမ်းတံကို ဆွဲယူကာလွှင့်ပစ်လိုက်လေသည်။
"ဘာလုပ်တာလဲ ဒီမှာအကောင်းနဲ့လုပ်ပေးနေတာကို"
"အဲ့ဘိုးတော်ကိုမကြိုက်နဲ့ သူနားမှာလည်းမနေနဲ့"

ဦးလင်းသူရသွေးတက်နေပြီ!!Where stories live. Discover now