Drugs

2.4K 106 55
                                    

Overdose။

"xိုးတဲ့မှ ဆေးကကုန်သွားရတယ်လို့"

ဆိုဖာပေါ်ခပ်လျောလျောထိုင်ရင်းစိတ်ပျက်သလိုညည်းညူလိုက်ကာရှပ်အင်္ကျီကြယ်သီး သုံးလုံးလောက်ကိုငါဖြုတ်လိုက်သည်။

ဒီနေ့ကတော့ဘူပဲ။ပုံမှန်လည်းကလပ်လာပြီးဆေးသုံးနေကျပေမယ့်ဒီတစ်ခါအဖေမိသွားလို့ကဒ်ပိတ်ခံထားရခြင်း။

ကျောင်းပြီးသွားကတည်းကလုပ်ချင်ရာလုပ်‌နေတာကြောင့်မိဘတွေကကြည့်မရတော့သည့်ပုံ။ဆေးမသုံးရမနေနိုင်ပါဘူးဆိုတာသိတာတောင် ဖေဖေကကဒ်ကိုပိတ်လိုက်လေသည်။

ချစ်လှပါသည်ဆိုသောမေမေဟာလည်းကာမပြောပေး။အလ
ကား!သားလေးလုပ်ချင်ရာလုပ်လို့ပြောပြီးကဒ်ပိတ်ခံလိုက်ရတော့ဖုန်းတောင်ဆက်မရ။

ခုတော့မြို့လယ်ခေါင်ကpenthouseကိုတောင်မပြန်နိုင်။တည်းခိုခန်းမှာသူငယ်ချင်းဖြစ်သူနှင့်သောင်တင်နေလေသည်။

နံဘေးကိုလှမ်းကြည့်လိုက်တော့၁၈နှစ်ပြည့်ပြီးတာမကြာသေးသည့်သကောင့်သားကလက်တည့်စမ်းပြီးကြမ်းပြင်ပေါ်မှာမှောက်နေလေပြီ။

စားပွဲပေါ်တွင်အနည်းငယ်သာကျန်တော့သည့်ဘိန်းဖြူတွေကိုကြည့်ရင်းငါဆံပင်တွေကိုထိုးဖွလိုက်သည်။

ဘယ်လိုလုပ်မလဲ!ဒီတစ်ညမှမသုံးရရင်လူကတစ်ကယ်ရူးတော့မည်။အမှန်ဆိုအဖေ့လုပ်စာတွေက ငါအိုသွားတောင်စားလောက်သည်ကို ဘာကြောင့်များကဒ်ကိုပိတ်လိုက်မှန်းမသိ။

စိတ်ပျက်ကာဆိုဖာကိုမှီလျက်ထိုင်နေတုန်း'ကလောင်'ခနဲမြည်လာသည့်ဖုန်းကြောင့်စိတ်ရှုပ်ရှုပ်နှင့်ငါကောက်ကိုင်လိုက်၏။

'အိမ်ပြန်ပြီးတိုးတိုးတိတ်တိတ်နေ ရွေးကောက်ပွဲမပြီးခင်ထိ ဘာပြဿနာမှမရှာနဲ့ အချိုးတွေပြင်ရင်ကတ်ပြန်ဖွင့်ပေးမယ်'

ဟက်ခနဲတစ်ချက်ရီလိုက်ရင်းငါဖုန်းအား စားပွဲပေါ်သို့ပစ်တင်ကာဆိုဖာပေါ်တွင်‌ကွေးလျက်အိပ်လိုက်သည်။

သုံးထားသည့်ဆေးအရှိန်ကြောင့်ရော၊လူကပါမူးဝေဝေဖြစ်နေသဖြင့်ငါအိပ်ပစ်ဖို့စဉ်းစားလိုက်သည်။

Normal no more (geminifourth ff✅)Where stories live. Discover now