အိမ်ခြေရာမဲ့လေးနဲ့စားပွဲထိုးကောင်လေးတို့ရဲ့အချစ် The love between a homeless

17 0 0
                                    

hello part2လေးကိုဆက်ပြောပြပေးပါမယ်နော်
ဘာဆက်ဖြစ်လဲဆိုတာ ပရိတ်သက်တို့ ရုံနိုင်မှာကိုမဟုတ်ပါဘူး သူ့ကိုမန်နေဂျာ နဲ့မိတ်ဆက်ပေးပြီးတော့
သူက တော်လေးကိုရီရီ မွန်မွန်ရှိတာကြောင့် အလုပ်ချက်ချင်းရခဲ့တယ် ဒါပေမဲ့ အရာအားလုံးတော့အဆင်ပြေမနေပါဘူး သူ့ရဲ့ပျင်းရိ မှုနဲ့ နမော်နမဲ့နိုင်မှုတွေကြောင့်ပါ သူက တကယ်ကိုပြာရာခတ် လွန်းပါတယ် ပထမ ဆုံးအလုပ်ချိန်မှာတင်ပဲ ပန်းကန်တွေအများကြီးကိုခွဲပြစ်မိခဲ့တယ် လစာရရင်တော့ကံကောင်းတယ်မှတ်ရမှာပါ ဒါတင်မကသေးပါဘူး သူကသူသန့်ရှင်းရေးလုပ်ထားတဲ့ ကျန်းပြင်ပေါ်ကို ရေခဲမုန့် မှောက်ကျမိတဲ့ကလေးကို ဆူငေါက်ပါတယ် ကလေးက သေချာပေါက်အော်ငိုတာပေါ့ ဒေးဗစ် ကပိုတောင်မ စိတ်တိုသွားပါသေးတယ် စဥ်းစားကြည့်လိုက်ပါ မန်နေဂျာက ကလေးကိုရော ကလေးအမေကိုရော ဘယ်လောက်တောင် တောင်းပန်လိုက်ရမလဲဆိုတာ နောက်တော့ မန်နေဂျာ ကဒေးဗစ်ကို အရမ်းဒေါသထွက်သွားပြီး ပထမ တစ်ပတ်မှာတင် အလုပ်ထုတ်ဖြစ်မယ်လို့ ခြိမ်းခြောက် ခဲ့တယ် အဲ့ဒီ့ အချိန်မှာအိမ်မှာလဲ အဆင်မပြေလှပါဘူး သူက လက်ညှိုးတစ်ချောင်းတောင်မရွေ့ ပါဘူး အိမ်ကလဲ အမှိုက်ပုံလိုဖြစ်နေပါပြီ တစ်ခါတုန်းက ကျွန်တော် စျေးဝယ်ထွက်နေတုန်း သူ့ကိုအဝတ်လျှော်ထားဖို့အတွက်မှာခဲ့မိတယ် ကျွန်တော် အိမ်ပြန်လာတဲ့အခါ ဝတ်လျှော် ခန်းထဲမှာ ဆက်ပြာတွေနဲ့ ပြည့်နေပြီးတော့ ဒေးဗစ် ကအဲ့အလည်မှာရက်နေပြီး စိတ်ရှုတ်ထွေးစွာနဲ့ ရက်လို့ရက်များ ခလုတ်တွေကိုရှောက်နိပ်နေတယ်လေ တကယ်တော့သူ ဆက်ပြာတစ်ဗူး လုံးလောင်းထည့်ခဲ့တာပါ သူဒီလောက်တောင်သုံးစားမရဘူးဆိုတာ ကျွန်တော် ယုံတောင်မယုံနိုင်ဘူး ပစ္စည်း တွေကို ဇာတ်တိုက်ဖျက်စီးနေတယ် ကျွန်တော် စရင်း နဲ့သေချာမှတ်ထားမှပဲ ရတာ့မယ် ဒါမှသူလစာ ထုတ်တဲ့အခါပြန်တောင်းလို့ရမှာပါ

သူကတကယ် အိမ်မက်ဆိုးပါပဲ
နောက်ပြီးသူကပျင်းရိ ညစ်ပတ်ပေမဲ့လည်း သူ့ဆံပင်ကိုတော့ နာရီပေါင်းများစွာကြာအောင်းပြင်ဆင်ပါတယ်
ကျွန်တော် နောက်နေတာမဟုတ်ပါဘူး
သူ့ဆံပင်ပြင်ဆင် နေတာကို မိနစ် 90လောက်ကြာအောင် ထိုက်ကြည့်နေခဲ့ဖူးပါတယ် ပြီးတော့ ဘာမှလဲထူးခြားမလာပါဘူး တစ်ခါတုန်းက ကျွန်တော် သူရေချိုးခန်းထဲမှာ သီချင်း ဆိုရင်းနဲ့ဆံပင်သနေတာကို မသိပဲနဲ့ မတော်တဆဝင်သွားမိတယ်လေ သူက တပတ် အသေးလေးပဲတက်ထားတာ ကျွန်တော် တို့နှစ်ယောက်လဲလန့်သွားကြတာပေါ့ ကျွန်တော် လဲသူ့ကိုအော်လိုက်ပြီး ရေချိုးခန်းအပြင်ကိုထွက်သွားခဲ့တယ် ရှက်စရာပါပဲ ကျွန်တော် သူ့ကိုခနခန မောင်းထုပ်မိမလိုဖြစ်ဖူးပါတယ် သူက လဲရူးချင်အောင်လုပ်တာကို တစ်ညတုန်းကဆိုရင် ကျွန်တော် အလုပ်နောက်ကျနေတာ​ကြောင့် သူကို ညစာပြင်ပေးဖို့တောင်းတိုမိတယ် ရိုးရှင်းတဲ့ ပါစတာ လေးပါပဲ ဒါကဘယ်လောက်ခတ်ခဲမှာမလို့လဲ ဒါပေမဲ့ ဒေးဗစ် အတွက်တော့မဖြစ်နိုင်တဲ့အလုပ်ကြီးလိုပဲ သူက ပါစတာ ကိုတူးအောင်လုပ်လိုက်တယ် တူးရုံတင်မကပါဘူး ပန်းကန်လုံးတွေဒယ်အိုးတွေကလဲနေရာအနံ့ပဲ ကျွန်တော် သူ့ကိုအော်ငေါက်တော့ သူက ရယ်ပြီး သူက ကျွန်တော် ကိုတူးနေတဲ့ခေါက်ဆွဲပန်ကန်ထိုးပေးပါတယ်
"လုပ်ပါ ခေလီယမ်ရယ် ငါက စဖိုမူးပါ ဒါကအနု ပညာနော် အခုငါ့ရဲ့ အဓိက ဟင်းပွဲကိုသုံးဆောင်ပါ မီသွေး မီးခိုး
ပါစတာလေ" ကျွန်တော် ဒီကောင်လေးကို သက်မိတော့မယ် ဒါပေမဲ့ သူတစ်ခုကံကောင်းတာက သူ့ရဲ့ပြောပုံဆိုပုံကြောင့်ကျွန်မစျတ်ပြောင်းသွားတယ်လေ ဒါကြောင့်အဲ့ဒီ့အစားသူ့ကို ချက်ပြုတ် နည်းသင်ပေးဖို့တွက် ဆုံးဖြတ်ခဲ့တယ် သူကတကယ်အလားလာ ရှိတဲ့စဖိုမူးပါ ချက်ပြုတ်ရတာလဲပျော်နေတယ် တစ်ညမှာကျွန်တော် အပြင်ကပြန်လာတော့ ဒေးဗစ် ကထိုင်းအစိမ်းရောင် ဟင်းလျာကို ချက်ထားပါတယ်
ဟင်းပွဲကအတော်လေးကြည့်လို့လှနေတယ်
ကျွန်တော် လဲဆိုးရိမ်စိတ်နဲ့ မြည်းစမ်းကြည့်တဲ့အခါမှာတော့ omg! အရသာရှိလိုက်တာ စားသောက်ဆိုင်က စဖိုမူးကသူ့ကိုချက်ပြုတ် နည်းလေးတွေပြောပြပေးခဲ့တယ်လို ဂုဏ်ယူ စာနဲ့ပြောပြတယ်
"ကောင်းတာပေါ့" မီးဖိုချောင်က အတော်လေး ရှုတ်ပွနေပေမဲ့လည်းပေါ့
ဒါကလဲ အစမလို့ပါ အဲ့နေ့ကစပြီး ကျွန်တော် သူ့ကိုချက်ပြုတ်ခိုင်းခဲ့တယ် ကျွန်တော် ကတော့ပန်းကန်ဆေးပေးပါတယ် ဒီလိုနဲ့ပဲမကြာခင်မှာ
သူ့ရဲ့တစ်လပြည့်သွားတယ် သူ့ကိုအိမ်ပြောင်းဖို့အတွက်အချိန်ကျပြီလိုပြောခဲ့တယ် ဒါပေမဲ့ သူကနည်း" ကြာ"လေးဆက်နေပေးဖို့တောင်းပန်ခဲ့တယ်
"ကျေးဇူးပြုပြီး စားသောက်ဆိုင်မှာ ပန်းကန် ကွဲဖိုးတွေပြန်ရော်ရလို့ လစာလဲများများ မရဘူးလေ ငါ့ကို နောက်တစ်လလောက်ထက်နေခွင့်ပေးပါနော် နောက်တစ်လပါပဲ"
ကျွန်တော် ငြင်း ချင်ပေမဲ့လည်း အမှန်တိုင်းပြောရရင် တစ်ယောက်ထဲနေနေရတာတော်တော်အထီးကျန်နေပါပြီ ပြီးတော့သူကနမော်နမဲ့နိုင်တယ်ဆိုပေမဲ့လည်း အဖော်ရှိနေတာမို့ ကျွန်တော် သဘောကျမိပါတယ်
နောက်ပြီးသူက အချက်ပြုတ်ကောင်းတဲ့သူနေ ကျွန်တော် လဲခနစဥ်းစားသလိုလုပ်ပြီး
"omm....okကောင်းပြီ ဒါပေမဲ့နောက်တစ်လပဲထက်နေရမယ်နော် ပြီးရင်တော့ဆင်းတော့"
"ရေး... ကျေးဇူး ကျေးဇူး အများကြီးတင်ပါတယ် ကျေးဇူးပါဟာ ငါမင်းကို ကျေးဇူး တုန့်ပြန်တဲ့အနေနဲ့ အထူးညစာချက်ပေးမယ်" အဲ့လိုနဲ့ပဲအတူတူနေရင်းအတူတူအလုပ်လုပ်ရင် ကျွန်တော် တို့ပိုပြီးရင်းနီးလာခဲ့တယ်
အချိန်တွေကုန်လွန်သွားပြီးနောက် နောက်တစ်လ ကုန်သွားပါပြီ
ဒါပေမဲ့ကျွန်တော် တို့တစ်ယောက်ကျ အစမဖော်ခဲ့တာကြောင့် သူကျွန်တော်အိမ်မှာဆက်နေ နေဆဲပါ။
တစ်နေ့တော့ ဒေးဗစ် နဲ့ကျွန်တော် အလုပ်လုပ်နေကြတုန်း
လူကုန်တိုင်မလေး အဖွဲ့ရောက်လာတယ် ရုတ်တရက်သူတို့က "ဟဲ့ကြည့်အုန်း ဒါငါတို့ရဲ့မင်သားလေး ဒေးဗစ်မဟုတ်ဘူးလား သူကဘာလို့ဒီမှာ အရှုံးသမားလိုမျိုးအလုပ်လုပ်နေတာလဲ" ဆိူပြီးအော်ရယ်ကြပါတယ်။ ကျွန်တော် လဲဒေါသထွက်သွားတယ် ဒါကြောင့် သူတို့စီတစ်ခုခုသွားပြောဖို့ ပြင်နေတုန်းမှာပဲ ရုတ်တရက်သတိထားမိသွားတာက ဒေးဗစ်ကိုပြောနေတဲ့မိန်းကလေးဟာ ဒေးဗစ်ရဲ့ရည်းစားဟောင်းပါ
ဒေးဗစ်လဲကြားပြီးစိတ်တိုမယ်ဆိုတာ ကျွန်တော် သိနေတယ် ဒါပေမဲ့သူက လစ်လျူရှု ပြီးအလုပ်ဆက်လုပ်နေပါတယ် ကောင်မလေးတွေက ဆက်တိုက် လှောင်ပြောင် နေတော့ တကယ် စိတ်ပျက်စရာပဲ..! ကျွန်တော် သူတို့စီကို အော်တာ ယူဖို့သွားခဲ့ပေမဲ့ ဒေးဗစ်ရဲ့ ရည်းစားဟောင်းက ကျွန်တော် ကို ဝန်ဆောင်မှု မပေးခိုင်းပါဘူး သူက အော်တာ မှာ ဖို့အတွက် ဒေးဗစ် ကိုပဲ ခေါ်ပေးခိုင်းနေတယ် ကျွန်တော် လဲဒေးဗစ် မအားကြောင်း သူအလုပ်ရှုတ်နေကြောင်း ပြောတဲ့အခါမှာ သူကမန်နေဂျာ နဲ့တွေ့မယ်လို့ဆိုတယ် ဒါကြောင့်ဒေးဗစ်ကသူတို့ကိုဝန်ဆောင်မှုပေးခဲ့ရပါတယ်။ ဒါပေမဲ့သူ့ရည်းစားဟောင်းက သူ့ကိုဇာတ်တိုက်ကို ရှက်ခွဲပါတယ် နောက်ပြီးသူက ကျန်းပြင်ပေါ်ကို ရေတွေတောင်လောင်းချခဲ့ပါတယ် ဒါမှ ဒေးဗစ် လာပြီးသန့်ရှင်းရေးလုပ်ရအောင်လေ ကျွန်တော် ကသူ့အစားသန့်ရှင်းရေးလုပ်ပေးမယ်လို့ပြောခဲ့ပါသေးတယ် ဒေးဗစ်က ခွင့်မပြုပါဘူး
နောက်တော့ပိုဆိုးလာပါတယ် သူတို့ပြန်ခါနီးမှာ မိန်းကလေးတစ်ယောက်က ဗောက်ဆူး တစ်ဆယ် ဒေါ်လာကို ကျန်းပြင်ပေါ်ပြစ်ချလိုက်ပါတယ် ဒေးဗစ် ကိုဒီအတိုင်းနေမယ်လို့ထင်ခဲ့ပေမဲ့ သူက အေးအေးဆေးဆေး ပဲကောက်ယူလိုက်ပါတယ် အဲ့အချိန်မှာ ပဲမိန်းကလေးအဖွဲကအော်ရယ်ပြီးတော့ ဆိုင်ထဲကနေထွက်သွားကြပါတယ် ကျွန်တော်လဲဒေးဗစ်ပို နှစ်သိမ့်ပေးဖို့အတွက်အပြေးသွားခဲ့ရတယ် ဒါပေမဲ့သူကပြုံးပြပြီးတော့ "ဟေး ငါဆယ်ဒေါ်လာရတယ် ဒီညဘာစားချင်လဲ ငါဝယ်ကျွေးမယ်" လို့ပြောပါတယ် နောက်ပြီးတော့သူကလုပ်ဆက်လုပ်နေခဲ့တယ် ဒါပေမဲ့ကျွန်တော် သူ့ကိုကြည့်လိုက်တိုင်း နာကျင်နေရတယ်ဆိုတာကို မြင်နေရတယ်။ ကျွန်တော် သူ့ရည်းစားဟောင်း ကိုအော်ပြစ်လိုက်ချင်ပါတယ် လူဖြစ်ပြီး အဲ့လောက် တောင် ရိုင်းရလား။ အဲ့နောက် ညရောက်တော့ အိမ်မှာညစာစားရင်း မနက်က ဖြစ်ပြက်ခဲ့ကြတာကို ပြန်ပြောကြတယ် ကျွန်တော် ကသူ့ရည်းစားဟောင်းကြောင့် ဝမ်းမနည်းဖို့ ရိုင်းဆိုင်း တဲ့မိန်းကလေးဖြစ်တာကြောင့် အစကတည်း ကမထိုက်တန်ဘူးလို့ ပြောပြခဲ့တယ် ဒါပေမဲ့သူက ရယ်ပြီးတော့ " အဲ့ဒီ့ သိုက်တူးမ​ကောင့်မဟုတ်ပါဘူး ငါစိတ်မကောင်းဖြစ်သွားရတာက အရင်တုန်းက ငါ့ရဲ့လုပ်ရက်တွေကြောင့်ပါ ငါတို့ စတွေ့တွေ့ခြင်းနေက ငါနင့်ကို ဆက်ဆံခဲ့သလိုမျိုး တခြားလူတွေပေါ်မှာဆက်ဆံခဲ့မိလို့ပါ" နောက်တော့သူက သက်ပြင်းချပြီး "ငါပြောရဲတယ် ငါသာ သားလိမ်မာ တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ငါ့မိဘတွေက သူ့သားရင်းမဟုတ်ရင်တောင် အခုလိုမျိုး ရက်ရက်ဆက်ဆက် နဲ့နှင်ထုတ်မှာမဟုတ်ဘူး" သူ့စကားတွေကို ကြားလိုက်တော့ ကျွန်တော် လဲတော်တော်လေးစိတ်မကောင်း ဖြစ်ခဲ့ရတယ် ဒါပေမဲ့စိတ် သက်သာရာ ရအောင် ဘာပြောရမှန်းလည်းမသိဘူး ဒါပေမဲ့ပြောရရင်လဲ ကျွန်တော် တို့စတွေ့တုန်းက သူ့ပုံစံနဲ့ အခု သူ့ပုံစံနဲ့က လုံးဝကို မတူညီတဲ့ လူနှစ်ယောက်လိုပဲ အခုဆိုသူက အလုပ်မှယဆိုလည်းတော်တော်လည်းထူးချွန်နေပြီးတော့ အလုပ်ဖော်ကိုင်ဖက်တွေအားလုံးကလဲ သူ့ကိုချစ်ကြတယ် တစ်နေ့မှာတော့ ခလေးတစ်ယောက်က ရေခဲမုန့် ​မှောက်ကျသွားတာကြောင့် ကျွန်တော်လဲ အလန့်တကြားနဲ့ဒေးဗစ်ကိုကြည့်နေမိတယ် ဒါပေမဲ့ သူက "ဟေးခလေးမလေး အဆင်ပြေရဲ့လားကွ နောက်ထက်ရေခဲမုန့် အသစ်တစ်ခု့ ယူမလား အကိုကြီးဝယ်ကျွေးမယ်လေ" အားကျွန်လဲ သူ့ကိုကြည့်ပြီး ပြုံးနေခဲ့မိတာပေါ့ ဝန်ခံရမှာကတော့ နာကျင်စရာကောင်းလှ ပါတယ် ဒါပေမဲ့သူက အရမ်းချောတဲ့ကောင်လေးဖြစ်တာကြောင့် အရမ်းလူအာရုံစိုက်တာကိုခံရပါတယ် တကယ်တော့မိန်းကလေးတွေအများကြီးက သူ့စီကနေ ဝန်ဆောင်မှု ကိုရဖို့အတွက် သက်သက်ဆိုင်ကို အမြဲလာကြပါတယ် သူတို့တွေကတော့ ပေါ်တင်ပဲ အီစီကလီ လုပ်ကြပါတယ်
ဒေးဗစ် ကလည်းသေခြာပေါက်သဘောကြနေတဲ့ပုံပါ ကျွန်တော် လည်းမမြင်ချင်လွန်းလို့ မျက်စောင်း ထိုးမိပါတယ် ကောင်မလေး တစ်ယောက်ဆို ဆိုင်ကို နေ့တိုင်းနီးပါးလာတယ် သူကအတော်လေးလဲ လှပြီးတော့ ဒေးဗစ် စီကအာရုံ စိုက်ခံချင်တာသိသာပါတယ် ကျွန်တော် သတိထားမိတာက အလုပ်ချိန်တစ်ချိန်မှာဒေးဗစ်ကလည်း ပြန်ပြီးတော့ အီစီကလီ လုပ်နေတယ်ဆိုတာပဲ ဘယ်လောက်စိတ်ပျက်ဖို့ကောင်းလိုက်လဲ ကြည့်ရတာ သူကဒီလောက်လဲမပြောင်းလဲသေးဘူးထင်ပါတယ် တစ်နေ့မှာတော့အဲ့ဒီ့မိန်းကလေးက ဒေးဗစ် ကိုစာတစ်ဆောင်လှမ်းပေးတာမြင်လိုက်ရပါတယ် ဒေးဗစ်က........................ ကဲကဲ part 2လေးကိုတော့ ဒီမှာပဲ ရက်နားလိုက်ပါမယ် စိတ်ဝင်စားရင်တော့ part 3လေးပိုဆောင့်မျှော် ပေးကြပါအုန်းနော် ကျွန်တော် ရဲ့ဇာတ်လမ်းလေးက နောက်ဘယ်လိုတွေလာအုန်းမလဲဆိုတာကို စောင့်ဆိုင်း ပေးကြပါအုန်းနော် part 3 မှာဆက်တွေ့ကြမယ်နော် bye.................

A love story between a homeless boy and a waiterWhere stories live. Discover now