💌 For 🍓

739 70 10
                                    

မောင်ပေးတဲ့
ခပ်ဖွဖွ အနမ်းတစ်ခုဟာ
ပြဿနာအားလုံးကို သေချာကိုင်တွယ်ဖြေရှင်းပေးနိုင်တာမို့.......။
မောင့်ရင်ခွင်ဟာ
နွေးထွေးလုံခြုံမှုအပြည့်ပေးနိုင်ခဲ့ဆုံးမို့.......။
ဟန်နီတို့စုံတွဲလေးအား
စိတ်ချလက်ချ သီးသန့်ထား၍ရပြီဟု ထင်ပါသည်။

ရုံးဖွင့်ရက်များတွင်
အလုပ်ကိုယ်စီဖြင့်
မောင်ရော....ဟန်နီရော....
အလုပ်တွေရှုပ်နေကြလိမ့်မည်။

အလုပ်ပိတ်ရက်များတွင်တော့
ခပ်ကျဉ်းကျဉ်း မီးဖိုချောင်လေးထဲ အချစ်စမ်းကာ ရန်ဖြစ်နေကြလိမ့်မည်ပင်။
ရန်ပွဲ၏အဆုံးသတ်ဟာ
မောင့်အနမ်းတွေ။

ပုံမှန်အမြဲဖြစ်နေကြအရာပေမယ့်
ဘယ်သောအခါမှ
ရိုးအီသွားလိမ့်မည်မဟုတ်။

မောင်နဲ့မောင့်ဟန်နီလေး
အဆင်ရောပြေကြရဲ့လား?..ဟု
စိုးရိမ်စိတ်တွေနဲ့
လာကြည့်ပေးခဲ့ကြသော စာဖတ်သူတို့သည်.......
ကဲကဲသဲသဲ စုံတွဲ၏
ပုံမှန်ထက်ချစ်ပြပေးမှုတွေကြောင့် တစ်ခါထက်ပို၍ မမေးချင်ကြတော့.......။

စာရေးသူသည် လက်တွေ့ဘဝ၌
အချစ်ရေးကံအတော်ပင်ခေသော်ငြား ချိုချိုအီအီအချစ်အကြောင်း ကြီးကြီးကျယ်ကျယ်ရေးပြချင်တဲ့အခါ ......
မောင်က ရယ်သည်။

မောင်က ရယ်ပါ၏။
စာရေးသူကပိုင်ရှင်မဲ့သော်လည်း
မောင့်တွင်က ဟန်နီရှိသည်မို့ပင်။

ဤအချက်တစ်ခုထဲနှင့်ပင်
စာရေးသူဟာ ချိုအီလွန်းသော အချစ်အကြောင်းများရေးရန် အလွန်ပင်လက်တွန့်သွားခဲ့ပုံရလေသည်။

🍓"""""""""""""""""""""""""🍓

15.12.2023✍

ေမာင္ေပးတဲ့
ခပ္ဖြဖြ အနမ္းတစ္ခုဟာ
ျပႆနာအားလုံးကို ေသခ်ာကိုင္တြယ္ေျဖရွင္းေပးနိုင္တာမို႔.......။
ေမာင့္ရင္ခြင္ဟာ
ႏြေးေထြးလုံၿခဳံမႈအျပည့္ေပးနိုင္ခဲ့ဆုံးမို႔.......။
ဟန္နီတို႔စုံတြဲေလးအား
စိတ္ခ်လက္ခ် သီးသန့္ထား၍ရၿပီဟု ထင္ပါသည္။

႐ုံးဖြင့္ရက္မ်ားတြင္
အလုပ္ကိုယ္စီျဖင့္
ေမာင္ေရာ....ဟန္နီေရာ....
အလုပ္ေတြရႈပ္ေနၾကလိမ့္မည္။

အလုပ္ပိတ္ရက္မ်ားတြင္ေတာ့
ခပ္က်ဥ္းက်ဥ္း မီးဖိုေခ်ာင္ေလးထဲ အခ်စ္စမ္းကာ ရန္ျဖစ္ေနၾကလိမ့္မည္ပင္။
ရန္ပြဲ၏အဆုံးသတ္ဟာ
ေမာင့္အနမ္းေတြ။

ပုံမွန္အၿမဲျဖစ္ေနၾကအရာေပမယ့္
ဘယ္ေသာအခါမွ
ရိုးအီသြားလိမ့္မည္မဟုတ္။

ေမာင္နဲ႕ေမာင့္ဟန္နီေလး
အဆင္ေရာေျပၾကရဲ႕လား?..ဟု
စိုးရိမ္စိတ္ေတြနဲ႕
လာၾကည့္ေပးခဲ့ၾကေသာ စာဖတ္သူတို႔သည္.......
ကဲကဲသဲသဲ စုံတြဲ၏
ပုံမွန္ထက္ခ်စ္ျပေပးမႈေတြေၾကာင့္ တစ္ခါထက္ပို၍ မေမးခ်င္ၾကေတာ့.......။

စာေရးသူသည္ လက္ေတြ႕ဘဝ၌
အခ်စ္ေရးကံအေတာ္ပင္ေခေသာ္ျငား ခ်ိဳခ်ိဳအီအီအခ်စ္အေၾကာင္း ႀကီးႀကီးက်ယ္က်ယ္ေရးျပခ်င္တဲ့အခါ ......
ေမာင္က ရယ္သည္။

ေမာင္က ရယ္ပါ၏။
စာေရးသူကပိုင္ရွင္မဲ့ေသာ္လည္း
ေမာင့္တြင္က ဟန္နီရွိသည္မို႔ပင္။

ဤအခ်က္တစ္ခုထဲႏွင့္ပင္
စာေရးသူဟာ ခ်ိဳအီလြန္းေသာ အခ်စ္အေၾကာင္းမ်ားေရးရန္ အလြန္ပင္လက္တြန့္သြားခဲ့ပုံရေလသည္။

❤ မောင့်ဟန်နီ❤Where stories live. Discover now