🍓🍓🍓🍓🍓

872 84 11
                                    

"မောင်!! တူးနံ့ရတယ်!
တစ်ခုခုတည်ထားသေးလား? !!"

"မတည်ပါဘူးကွာ......
အဲ့ဒါ
ဟန်နီ့ကြောင့်မောင့်နှလုံးသားလေး လောင်ကျွမ်းတဲ့အနံ့ဖြစ်မှာပေါ့"

ရေချိုးပြီးကာစမို့ ခေါင်းအား တဘက်ဖြင့် ခပ်ကြမ်းကြမ်း ပွတ်သုတ်နေရင်းက TaeHyung သည် စဖြစ်အောင် စနောက်လိုက်သေး၏။

"မောင်!!!!"

"အားးးမေ့နေတာ
မောင် ဟန်နီ့်အတွက် အမဲစွပ်ပြုတ်ဟင်းပြန်နွှေးထားတာ!
ကုန်ပါပြီကွာ......."

အပေါ်ဝတ်ပင်မဝတ်နိုင်သော မောင်ဟာ ခါးတွင် တဘက်တစ်ထည်သာပတ်လျှက် မီးဖိုခန်းတွင်းပြေးဝင်သွား၏။

"မောင် လုပ်လိုက်ရင်
အမြဲအဲ့လိုပဲ "

"ဟန်နီကလည်းကွာ...... "

"အဲ့မျက်နှာထားက ဘာတုန်း"

"မဆူပါနဲ့ မောင့်ကို.......
မောင်ဝမ်းနည်းတယ်"

"ဆူနေတာမှမဟုတ်တာ
မောင့်ကိုထိခိုက်မှာစိုးလို့လေ။
လျှပ်စစ်အန္တရာယ်ကပေါ့သေးသေးမှမဟုတ်တာ။
ဒီလိုမေ့ပြီး ထားခဲ့တော့ ဘယ်ဖြစ်မှာလဲ မောင်ရဲ့"

"နောက်ဆို မောင်ဂရုစိုက်ပါ့မယ်ကွာ။ဟန်နီ ခုဘာစားချင်လဲပြော။
မောင် MENU ပြောင်းပေးမယ်"

"အပြင်မှာပဲ မှာစားလိုက်ရအောင်။ မောင်တစ်နေကုန် ရုံးမှာ ပင်ပန်းလာတယ်မလား?
သေချာနားရအောင်။
အမဲသားနှပ်ရယ် ဝိုင်တစ်ပုလင်းရယ်မှာလိုက်မယ်"

"ဟန်နီ့ သဘောဗျာ"

ညနေစာအား အသေအချာစီမံနေသည့် မောင့်ဘဝရဲ့ပဲ့ကိုင်ရှင်လေးဟာ ပါးဖောင်းဖောင်းနဲ့ လူသားလေး။

ခန္ဓာကိုယ်အား ဆွဲလှည့်ကာ
နောက်မှသိုင်းဖက်၍ နားရွက်ဖျားအား ခပ်ဖွဖွ ကိုက်ခဲပစ်လိုက်သည်။

"ဟန်နီသေးသေးလေး။
မောင် ချစ်လိုက်ရတာ"

"နောက်မှချစ်....
ညနေစာစားဖို့
ဖုန်းဆက်မှာရမယ်"

"ညနေစာကို
ဒီပါးဖောင်းဖောင်းလေးနဲ့
တွဲစားလို့ရလားဗျ"

"မရဘူး!"

"တစ်ကိုက်ပဲ
တစ်ကိုက်ပဲလေ နော်.....
မောင် ဖွဖွလေးပဲကိုက်မှာ"

❤ မောင့်ဟန်နီ❤Where stories live. Discover now