Ep-5

265 36 1
                                    

Song__ strawberries and cigarettes

အထူးလေ့ကျင့်ခန်းတွင် လေ့ကျင့်နေတာ ၁ပတ်လောက် ရှိသဖြင့် ကျန်းဟာအ်ိုသည် ဆောင်းဟန်ဘင်းနှင့် အရင်ကထက် ရင်းနှီးလာပြီဟု ပြောလို့ရပေသည်။

ကျန်းဟာအ်ိုလေး၏ မနက်ခင်းဟာဆိုလျှင် မနက် ၈နာရီခွဲလောက်ထဲက ကျောင်းကို စောရောက်နေပြီဖြစ်ပြီး အိမ်နားက အအေးထုတ်စက်ဆီမှ နွားနို့ဒိန်ချဥ် ၂ဘူးဝယ်လာလေ့ရှိသည်။ သေချာတာကတော့ တစ်ဘူးက ဆောင်းဟန်ဘင်းအတွက် ဖြစ်ပြီး ကျန်တစ်ဘူးကတော့ သူ့အတွက် ဖြစ်ပေသည်။

မနက်ကျောင်းရောက်လို့ သူ ဆောင်းဟန်ဘင်းကို ဒိန်ချဥ်ဘူးပေးတဲ့အခါ ထိုလူသားက မျက်လုံးအဝိုင်းလေးတွေနဲ့ သူ့ကို ပြန်ကြည့်မယ်။ သူက အတင်းထိုးပေးမှပဲ ထိုဒိန်ချဥ်ဘူးလေးတွေကို သူနဲ့ အတူတူသောက်မယ်။ ပြီးရင် ဖွဖွလေးပြုံးမယ်။သေချာတာကတော့ ဒိန်ချဥ်ကို မကြိုက်ချင်ယောင်ဆောင်နေတဲ့ ထူးဆန်းလူသားဆိုတာရှိရင်  ဆောင်းဟန်ဘင်းကိုပဲ လက်ညိုးညွှန်ရမှာ ဖြစ်ပါ၏။

အဲ့လိုကနေ သူတို့ တစ်နေကုန် စာလေ့ကျင့်ကြမယ်။ဆရာ ဆရာမတွေက တစ်ယောက်စီ လာပြီး သူတို့ ၂ယောက်ကို ကျောင်းချိန် အပြည့် စာသင်ပေးကြမယ်။ နေ့ခင်း ထမင်းစား ကျောင်းဆင်းတဲ့အခါ  ကျန်းဟာအိုလေး ထမင်းချိုင့် တစ်ခုထဲကို ၂ယောက် အတူ စားကြမယ်။ စားကြည့်ပါလားဟု သူ အတင်းကျွေးမိတဲ့နေ့ကစလို့ ဆောင်းဟန်ဘင်းနဲ့ သူ အတူတူစားဖြစ်သွားတာပါပဲ။အဲ့တာကြောင့် ကျန်းဟာအို၏ အမေက နေ့တိုင်း မနက်ခင်းဆိုလျှင် ထမင်းရော ဟင်းပါ သိသိသာသာ ပိုထည့်ပေးနေရသည်မှာ အကျင့်တစ်ခုလိုပင် ဖြစ်နေပါ၏။ ဤသည်ကား ကျန်းဟာအိုလေး၏ တောင်းဆိုချက်ကြောင့်ပင် ဖြစ်သည်။

ဒီနေ့ကတော့ အရင်နေ့တွေထက်စာရင် တစ်စုံတစ်ရာ ထူးခြားသည်ဟု ပြောလို့ရပေသည်။ အဘယ့်ကြောင့်ဆိုသော် ပုံမှန်ရက်များတွင် ကျန်းဟာအို၏ ဘေး၌ စာထိုင်လုပ်နေတတ်သော ဆောင်းဟန်ဘင်းမရှိခြင်းကြောင့်သာ။ ဆောင်းဟန်ဘင်းမှာ နေ့ခင်းကထဲက ဖုန်းတစ်ခုလာသည်ကို ကိုင်မည်ဆိုပြီး ရုတ်တရက် ပျောက်သွားလေသည်။ အခန်းထဲလည်း ပြန်မလာ နေ့လည်စာလည်း လာမစားသည်မို့ နောက် ဆရာ လာရန် ၁၀မိနစ်သာ လိုတော့သော်လည်း ကျန်းဟာအို ဟန်ဘင်းကို သွားရှာရန်သာ ဆုံးဖြတ်လိုက်သည်။

Rainy sparkle Where stories live. Discover now