Ep - 7

259 31 0
                                    

သူတို့ ၂ ယောက် ကျောင်းပြေးသွားသောနေ့တွင်တော့ ကျောင်းတွင် ဆရာ ဆရာမများ ပွက်လောရိုက်သွားခဲ့ကြလေသည်။ နောက်ရက်ရောက်တော့ အတန်းပိုင်ဆရာမကလည်း သူတို့ နှစ်ဦးမှာ
စာတော်သော ကျောင်းသားများဖြစ်သည်မို့ အနည်းငယ်တော့ ခေါ်ဆူပြီး ပြီးသွားပေသည်။

" ဟန်ဘင်း ဟာအို ဒီနေ့တော့ သချာ်တွက်ကြမယ်နော်။ အရင်တစ်ခါကလို လုပ်ရင် မင်းတို့ အိမ်တွေကို တီချယ်တိုင်မှာနော် "

" ဟုတ်ကဲ့ပါ တီချယ် " ဟု နှစ်ယောက်သား ပြိုင်တူ ဖြေပြီးနောက် ဆရာမ၏ ရုံးခန်းထဲမှ ထွက်လာကြလေသည်။

" အဆူခံရတာ ဘယ်သူ့ကြောင့်လဲ မသိပါဘူး " မထိတထိဖြင့် လေပြေအေးလေးဖြင့် စလာသော ဆောင်းဟန်ဘင်းကို ကျန်းဟာအိုက မျက်စောင်းသေးသေးလေးဖြင့် ပြန်ကြည့်ပေးလိုက်တော့ သဘောကျစွာဖြင့် တခွီခွီရယ်နေပြန်သည်။

သူ့ကို အဲ့လို ရယ်နေတဲ့ ဆောင်းဟန်ဘင်းကို တကယ် အသည်းယားတာကြောင့် တဘုန်းဘုန်းဖြင့် ရိုက်ရန် ကြံလိုက်တော့ ရိုက်မယ့်လက်ကို လူလည်လေးက ဖမ်းလိုက်ပြီး ထိုလက်ကို ခပ်တည်တည်ဖြင့် ပိုင်စိုးပိုင်နင်းဆွဲကာ အထူးလေ့ကျင့်ခန်းကို ပြန်လေသည်။

အဝေးကနေ ကြည့်မည်ဆိုလျှင် ဟူဒီနှင့် ကောင်လေးက လက်ကို ခပ်တည်တည်ဆွဲသွားတာကြောင့် ရက်ကန်ရက်ကန်ဖြင့် ပါသွားသော တရုတ်ကျောင်းသားလေးကို တွေ့ရမည် ဖြစ်ပါသည်။

သေချာတာကတော့ ထိုရက်ပိုင်းများတွင် ဆောင်းဟန်ဘင်းသည် အရင်ကထက် ပို၍  အရယ်အပြုံးလည်း များလာခဲ့ပါသည်။

မကြာခင်မှာပင် သူတို့ ၂ယောက်လုံး သချ်ာ စာမေးပွဲဖြေရမည့်နေ့ကို ရောက်လာခဲ့လေသည်။ အချိန် ၃လလောက် ပြင်ဆင်ခဲ့ပြီးသည့်နောက် ၂ယောက်လုံး အကောင်းဆုံး လုပ်နိုင်မည်ဟု ယုံကြည်ချက်ရှိကြလေသည်။ ခဏနေလျှင် စာမေးပွဲခန်းထဲ ဝင်ရတော့မည် ဖြစ်တာကြောင့် လက်ဖျားများအေးနေသည့် ကျန်းဟာအိုကို ဟန်ဘင်းက ပခုံးကို ဖွဖွလေး ပုတ်ကာ  အားပေးနေသည်။

" ဟာအို မင်း လုပ်နိုင်မှာပါ။ ယုံကြည်ချက်ရှိတယ်မလား "

" ဟင့်အင်း အစက ယုံကြည်ချက်ရှိပေမယ့် အခု ငါ ကြောက်တယ်။ ကျောင်းက ၃၆ ကျောင်းတောင် ဝင်ဖြေကြမှာလေ။ ငါ တစ်ခုခုလွဲသွားရင် ကျောင်းက ဆရာမတွေ ငါ့ကို ဘယ်လိုမြင်ကြမလဲ "

Rainy sparkle Where stories live. Discover now