ပိုင်ဆန်း ဆိပ်ကမ်းမှထွက်သွားချိန်မှစ၍ လပေါင်းများစွာကြာခဲ့ပီဖြစ်ကာ ပိုင်နှင့်ဖားမိသားစုရဲ့ စီးပွားရေးအဆက်အသွယ်ဖြတ်တောက်မှု သတင်းမှာလည်း လျှင်မြန်စွာပျံ့နှံ့သွားသည်။ လူတွေကအံ့အားသင့်ကုန်ကြ၍ အကြောင်းရင်းကိုမေးမြန်းကြသည်။ ဒါပေမယ့် ဘာကြောင့်ဆိုတာကိုဘယ်သူမှမသိကြပေ။ ပိုင်ဘက်မှ ဘယ်သူမှဘာမှမပြော။ ဖားဘက်ကလည်း ဘယ်သူမှဘာမှမပြောကြပေ။ အဲ့ဒီလိုနဲ့ပဲ ပြီးဆုံးသွားခဲ့ရသည်။
ဝေလန့်အတွက်ကတော့ သူ့ကိုယ်သူ ငိုခွင့်ပြုအပီးတွင် ယွမ်အားကွင်းပြင်ကျယ်ကြီးဆီခေါ်သွားခဲ့သည်။ ယွမ်က သူ(မ)မျက်နှာကမျက်ရည်များ လေကြောင့်ခြောက်သွားသည်အထိ ပြေးလွှားခဲ့သည်။ နောင်လာသောရက်များကလည်း ခက်ခဲခဲ့ပါသည်။
အဘယ်ကြောင့်ဆိုသော် ဝေလန်မှာဆိပ်ကမ်းတွင် အလုပ်များနေသောကြောင့်ဖြစ်သည်။ ပိုင်နှင့်ဖားမိသားစုတို့မှာ စီးပွားရေးမိတ်ဖက်များမဟုတ်တော့သောကြောင့် ပို၍ပင်အလုပ်ရှုပ်လာတော့သည်။ ထိုကြီးမားသောဆုံးရှုံးမှုတစ်ခုကြောင့် ဖားမိသားစုမှာ
စီးပွားရေးတည်မြဲဖို့အတွက် ပို၍ ကြာရှည်စွာ ပင်ပန်းစွာ အလုပ်လုပ်ကြရတော့သည်။ အဘိုးကတော့ ဘာတွေဖြစ်ခဲ့လဲဆိုတာ ဘယ်တုန်းကမှမမေးခဲ့ပေ။ သူကဘယ်လိုစိတ်ပျက်မှုမျိုးကိုမှ မင်နှင့်သူ(မ) အပေါ်မပြပဲ ရိုးရိုးသာလက်ခံ၍ ရှေ့ဆက်လုပ်စရာရှိတာလုပ်သည်။
အချိန်တွေရွေ့လျားနေရင်းနှင့်ပင် ဝေလန်ဟာ သူ့ဘဝရဲ့ ၁၈နှစ်အရွယ်ကိုရောက်လာခဲ့ရတော့သည်။
ဆိပ်ကမ်းရှိ လူတွေအားလုံးက "ပျော်ရွှင်သော မွေးနေ့လေးပါ" ဟု အော်လိုက်ချိန်တွင် ဝေလန်မှာ
အံ့သြသွားခဲ့ရသည်။ အားလုံးက သီချင်းဆိုပေးချိန်တွင် သူစိတ်လှုပ်ရှားသွားရသည်။ သီချင်းသံမှာ စီရင်စုတစ်ခုလုံးကြားရလောက်အောင်ပင် အလွန်ကျယ်လောင်ခဲ့သည်။ သူ့မှာပြုံး၍ရယ်ပဲရယ်နေရတော့သည်။ သူ၁၈နှစ်ပြည့်သောနေ့တွင် အဘိုးကဆိပ်ကမ်းတွင် ကြီးမားသောပွဲတစ်ခုကို ကျင်းပပေးခဲ့သည်။ ထိုပွဲမှာ တစ်ညတာလုံးပင် ကြာမြင့်ခဲ့သည်။
အဘိုးရဲ့မွေးနေ့လက်ဆောင်ကတော့ ဆုတောင်းမီးပုံးတစ်ရာကိုလွှတ်ပေးခဲ့ခြင်းဖြစ်သည်။ ကြယ်ရောင်တောက်ပနေသောကောင်းကင်တစ်ခွင်တွင် ထိုမီးပုံးတစ်ခုချင်းစီပေါ်က တောင်းဆုပြုထားသော ဆုတောင်းများကို သူမြင်ခဲ့ရသည်။ ဆုတောင်းတစ်ခုချင်းစီက သူဘေးကင်းလုံခြုံဖို့၊ ကျန်းမာဖို့နဲ့ ပျော်ရွှင်ဖို့ တွေပဲဖြစ်သည်။ အဘိုးကိုဖက်ထားရင်းနှင့်ပင် သူကျေးဇူးတင်ခြင်းခံစားခဲ့ရသည်။ ဒီဘဝတွင် အဘိုးကိုရွေးချယ်ခဲ့တဲ့အတွက် သူကျေးဇူးတင်ရသည်။ သူအမြဲလိုချင်ခဲ့သော ကလေးဘဝကို အဘိုးကပေးအပ်ခဲ့သည်။ ပီးတော့အခုလည်း သူ့ဘဝကိုသူအလိုရှိသလိုသာ အဘိုးကနေခွင့်ပေးထားသည်။
YOU ARE READING
Fa Wei Lan၏ပြန်လည်မွေးဖွားခြင်း(Myanmar Translation)
Исторические романыI do not own this story and I just translated this story. I give full credit to the original author- @Harui30
