"ညီမလေး"
မင်က မြင်းစောင်းများဆီထွက်ပြေးသွားသော ဝေ
လန့်နောက်ကိုလိုက်လာသည်။
"အဲ့တာတွေက ကောလဟာလသက်သက်တွေပါ
ဖုန်းကအဲ့လိုလူစားမျိုး-"
"ချန်ဟွားလန်" သူက ယွမ်ရဲ့ဂိတ်အားဖွင့်ပေးနေရင်းက မင်ရဲ့စကားစကိုဖြတ်လိုက်သည်။
"ဝေလန်က သူနဲ့မယှဥ်နိုင်..."
"ညီမလေး" မင်က သူ့ပုခုံးပေါ်မှာ လက်တင်လိုက်ပီး
ယွမ့်ကို သူခေါ်ထုတ်သွားမှာကို တားလိုက်သည်။
"ဘာမှ နှိုင်းယှဥ်နေစရာကိုမလိုတာ; ဝမ်ဖုန်းရဲ့မျက်လုံးထဲမှာ ညီမလေးတစ်ယောက်တည်း ရှိတာပါ"
"ဟုတ်တယ်...ညီမလေးကသူ့မျက်လုံးထဲမှာ..."
ဝေလန်က မင့်ဘက်ကိုလှည့်ပီး ဝမ်းနည်းစွာဖြင့်
ကြည့်သည်။
"ဒါပေမယ့် ချန်ဟွားလန်ကတော့ သူ့နှလုံးသားထဲမှာ"
"ဝေလန်" မင်က သူ့လက်နှစ်ဖက်လုံးဖြင့် ဝေလန့်ပုခုံးတွေကိုဆုပ်ကိုင်လာသည်။ "ဘာလို့ ကိုကြီးမင်အစား ပိုင်ဆန်းပြောတာတွေကို ယုံနေရတာလဲ? ကိုကြီး
ဝမ်ဖုန်းကိုသိတယ် သူကသစ္စာရှိတဲ့ယောက်ျားတစ်ယောက်ပါ"
ဝမ်ဖုန်းက ဘယ်တုန်းကမှ သူ့အပိုင်ဖြစ်ဖို့မဟုတ်ခဲ့ဘူးဆိုတာ မင်နားလည်အောင် သူဘယ်လိုများရှင်းပြရမလဲ? ဒီဘဝမတိုင်ခင်က ဝမ်ဖုန်းမှာ ချန်ဟွားလန်နဲ့သက်ဆိုင်ခဲ့တယ်ဆိုတာ မင်သိအောင် သူဘယ်လိုများပြောပြရမလဲ?
"ညီမလေးရယ်" မင်က သူ့လက်မောင်းတွေထဲ
ဝေလန့်ကိုထည့်ထားလိုက်ရင်းက သက်ပြင်းဖျော့ဖျော့ချသည်။ "ကိုကြီးက အဲ့ဒီကောလဟာလတွေကိုညီမလေးကိုပြောမပြခဲ့တာက ညီမလေးအတွေးလွန်နေမှာ ကိုကြီးစိုးရိမ်လို့ပါ။ ညီမလေးကို ဘာအကြောင်းကြောင့်မှ ကိုကြီး မနာကျင်စေချင်ဘူး"
ဝေလန်က သူ(မ)၏နှစ်လိုဖွယ်ကောင်းသော အကိုရဲ့ရင်ခွင်အားမှီထားကာ မျက်ရည်များအားကျစေတော့သည်။
"လွန်ခဲ့တဲ့လအနည်းငယ်တုန်းက ဝမ်ဖုန်းက မင် စီရင်စုမှာရှိတဲ့ မင်ဝန်ကြီးချုပ်ကို ဆုတော်လာဘ်တော် ချီးမြှင့်ဖို့အတွက် အိမ်ရှေ့စံကို လိုက်ပါစောင့်ကြပ်ပေးခဲ့တယ်။ ချန်ဟွားလန်က အဲ့ဒီဝန်ကြီးချုပ်ရဲ့ သမီး...ကောလဟာလတွေကတော့ သူတို့နှစ်ယောက်ရင်းနီးတယ်လို့ ပြောကြတာပါပဲ။ ဒါပေမယ့် အဲ့တာက အခြေအနေတွေကြောင့်သာဆိုတာ ကိုကြီးသိတယ်"
YOU ARE READING
Fa Wei Lan၏ပြန်လည်မွေးဖွားခြင်း(Myanmar Translation)
Tarihi KurguI do not own this story and I just translated this story. I give full credit to the original author- @Harui30
