Unicode
အလယ်တန်းကျောင်းပြီးသည့်အချိန်တွင် ပိုင်ရွှင်ယင်းသည် စိတ်ဖိစီးမှုများ၍ အမှတ်မထင် စိတ်ထိခိုက်ခဲ့ရပြီး စကားမပြောနိုင်သည့် 'ရှောင်ရာပါး(ဆွံ့အသူ)' တစ်ယောက် ဖြစ်လာခဲ့သည်။ အထက်တန်းကျောင်းပထမနှစ်တွင် သူမသည် အခြားသူများ၏ တစ်ဖက်သက်အနိုင်ကျင့်မှုများ ၊ အဆိုးမြင်ချက်များကို နားထောင်ရင်း သူမ၏နေ့ရက်များအား ကုန်ဆုံးခဲ့ရသည်။
အထက်တန်းကျောင်းဒုတိယနှစ်တွင် ပိုင်ရွှင်ယင်းသည် ယွီလော့ရင်နှင့် တွေ့ဆုံခဲ့သည်။ သူသည် ထက်မြက်ကြော့ရှင်းပြီး ဖြောင့်တန်းနေသောမျက်ခုံးများနှင့် ကြယ်ရောင်တောက်နေသော မျက်ဝန်းတစ်စုံ ရှိသည်။ သူသည် ကျောင်းတွင် အချောဆုံးဖြစ်ပြီး ကျောင်းရှိ မိန်းကလေးများအားလုံး၏ စိတ်ကူးယဉ်မင်းသားလေး ဖြစ်သည်။ သို့သော်ငြား ပိုင်ရွှင်ယင်းအတွက်မူကား ယွီလော့ရင်သည် သူမအား ပထမဆုံး ကာကွယ်ပေးခဲ့သူ၊ အပြုံးများအား စွန့်ကြဲပေးခဲ့သူ၊ သူမနှင့်အတူ ဆွေးနွေးပေးခဲ့သူ၊ ထပ်ပေါင်းပြောရလျှင် သူမနှင့် နေ့လည်စာအတူ စားပေးသူ ဖြစ်လေသည်။
ဆယ်ကျော်သက်ဘဝတွင် သူမ၏ချစ်ခြင်းမေတ္တာအစမှာ ရှုပ်ထွေးကာ ဇဝေဇဝါဖြစ်စေခဲ့သည်။ အထက်တန်းဒုတိယနှစ်အတွင်း ပိုင်ရွှင်ယင်း၏ဒိုင်ယာရီများထဲတွင် 'ယွီလော့ရင်' ဟူသည့် အမည်များဖြင့်သာ ပြည့်နှက်နေခဲ့သည်။ ပိုင်ရွှင်ယင်းသည် ယွီလော့ရင်အား အလွန်အကျုးသဘောကျရန် သူမကိုယ်သူမ မတောင်းဆိုထားပေမဲ့လို့ အထက်တန်းတတိယနှစ်တွင် ယွီလော့ရင်၏ 'စိတ်ဓာတ်အစစ်အမှန်'ကို သူမသည် ကော်ရစ်ဒါထောင့်စွန်းတွင် အမှတ်မထင် တွေ့ရှိခဲ့လေသည်။ ယွီလော့ရင်သည် သိမ်မွေ့ကြော့ရှင်းပြီးချောမောလှသော မျက်နှာအောက်ရှိ လူယုတ်မာအသွင်အပြင်ဖြင့် သူ၏အမှိုက်သူငယ်ချင်းနှစ်ယောက်အား မျက်နှာချင်းဆိုင်ကာ ပြုံးလျက် ပြောနေခဲ့သည်။
"ရှောင်ရာပါးက ငါ့ကို သဘောကျစပြုလာပြီ။ ငါတို့အလောင်းအစားကို ဒီမှာပဲ အဆုံးသတ်လိုက်ကြစို့။ ငါသူနဲ့နေရတာ အတော်လေးငြီးငွေ့နေပြီ။"
YOU ARE READING
လှပသောနာကျင်မှု【Myanmar Translation】
RomanceAuthor-玉寺人 Status-78 Chapters + 22 Extras This is Myanmar Translation of 痛症 . All the credits go to the original author.