Chapter 1 《part-1》

299 35 2
                                    

Unicode

လင်လန်မြို့ ၊ အတန်းသုံး ၊ အမှတ်သုံး အလယ်တန်းကျောင်း။

ရာပြည့်ကျောင်းပေါ်သို့ မြင့်တက်လာသောလသည် ကောင်းကင်ယံထက်တွင် ဖြတ်ပိုင်းထားသော သွေးစွန်းနေသည့် တံစဉ်းပမာ ရှိနေစဉ်တွင် ပိုင်ရွှင်ယင်းသည် မည်သူမျှရှိမနေသော စာသင်ခန်းထဲရှိ စားပွဲပေါ်တွင် မှောက်အိပ်နေခဲ့သည်။ သူမ၏သွယ်လျသောလက်ဖျားထိပ်များက အက်ကွဲနေသောသစ်သားစားပွဲအား ဖြည်းညင်းသာယာစွာ ဖွဖွခေါက်လျက်ရှိသည်။

တစ်ချက်ချင်းစီ သူမ ရေတွက်လျက် ရှိနေ၏။ စာသင်ခန်းထဲတွင် မည်သည့်နာရီမျှ ရှိမနေ။

ရေတွက်မှုသည် အချက်သုံးရာခန့် ရှိသွားသောအချိန်တွင် ကျောင်းခြံဝန်အား ကင်းလှည့်ရန်တာဝန်ယူရသော ကျောင်းစောင့်သည် ရောက်ရှိလာလိမ့်မည်ဖြစ်ပြီး အတန်းသုံး၏ အခန်းမီးများပွင့်နေသည်ကို တွေ့လျှင် သူမအား အခန်းအပြင်သို့ ထွက်ခွင့်ပေးလိမ့်မည်။

ဤသည်ကား ကျောင်းအတန်းပြီးချိန်တွင် သူမအား အခန်းထဲ၌ သော့ခတ်ထားခဲ့ခံရသည့် ပထမဆုံးအကြိမ် မဟုတ်ပေ။ ပိုင်ရွှင်ယင်းသည် ဤအခြေအနေတွင် ပျော်စရာအချို့ ရှာတွေ့နေပြီဟု ဆိုလို့ရအောင်ပင် အခြေအနေအား ကျင့်သားရနေပြီ ဖြစ်သည်။ သူမသည် ထိုင်ခုံပေါ်တွင် ထိုင်နေရင်း စားပွဲအား အားပြုကာ သူမ၏သေးသွယ်သောခြေသလုံးများကို လွဲရမ်းနေသည်မှာ လှပသောစက်ဝန်းခြမ်းပမာ။

သေချာပါသည်၊ ဆယ်မိနစ်ကြာပြီးသည့်နောက်တွင် ကင်းလှည့်ကျောင်းစောင့်လျိုချိန်သည် အတန်းသုံး၏အခန်းမီးများအား မပိတ်ရသေးသည်ကို မြင်တွေ့လိုက်ရသောအခါ မျက်မှောင်ကြုတ်မိသွားသည်။ သူ သော့အား ဖွင့်ပြီး တံခါးအား တွန်းလိုက်သည့်အခါတွင် စားပွဲပေါ်၌ မှောက်အိပ်နေသည့် မိန်းကလေးတစ်ယောက်အား တွေ့လိုက်သည်။

သူသည် တစ်ခဏကြာမျှ စိတ်ရှုပ်ထွေးခဲ့ရပြီးနောက်
" မိန်းကလေးငယ်လေး မင်း အခန်းထဲမှာ ထပ်ပြီး သော့ခတ်ခံခဲ့ရပြန်ပြီလား? "

ပိုင်ရွှင်ယင်းသည် သူမ၏နောက်ကျောဘက်တွင် ကျောင်းလွယ်အိတ်အား လွယ်လိုက်ပြီး မတ်တတ်ရပ်လိုက်သည်။ သူမသည် သူ့အား အေးဆေးညင်သာဖော်ရွေစွာ ပြုံးပြရင်း ပုခုံးပေါ်ရှိလွယ်အိတ်ကြိုးအား သူမ၏ဖြူဖွေးသောလက်ချောင်းများဖြင့် ညှပ်ကိုင်လိုက်သည်။

လှပသောနာကျင်မှု【Myanmar Translation】Where stories live. Discover now