Chapter 1 《part-2》

224 20 4
                                    

Unicode

ကြီးမားသောကျောင်းယူနီဖောင်းအား ဝတ်ဆင်ထားသော လူငယ်လေးသည် လှေကားလက်ရမ်းအား မှီထားရင်း လှေကားထစ်ပေါ်တွင် မတ်တတ်ရပ်နေသည်။ သူ၏အဝတ်အစားများမှာ အပြာနှင့်အနက်ရောင်များ ရောယှက်ထားသော်လည်း အေးစက်ဖြူဖွေးသော သူ၏အသားအရောင်နှင့် ယှဉ်ကြည့်ပါက မှိန်ဖြနေသကဲ့သို့။

ထိုလူငယ်လေးတွင် ဓားထည့်ထားသောဓားအိမ်ပမာ ဖုံးကွယ်ထားမှုများမရှိသည့် တင်းမာသောမျက်ဝန်းများ ရှိသည်။ ညနေပိုင်းလေညင်းနှင့်အတူ လွင့်မျောနေသာ နဖူးတွင်ကျနေသည့် ဆံမျှင်အနည်းငယ်သည် လူငယ်လေး၏ ထူထဲနက်မှောင်သော မှင်ရောင်သန်းသည့် မျက်ခုံးတန်းများအား ဖုံးကွယ်ထား၏။

သူသည် ပါးလွှာသောနှုတ်ခမ်းဖျားများထက်တွင် ဆေးလိပ်အား ငုံခဲထားသည်မှာ ကျောင်းခြံဝန်းထဲရှိ ကျောင်းယူနီဖောင်း ဝတ်ဆင်ထားသည့် သူတစ်ယောက်အနေနှင့် မအပ်စပ်သော အရိုင်းဆန်သည့် အသွင်ပမာ ရှိနေ၏။

ပိုင်ရွှင်ယင်းသည် ဤနေရာ၌ တစ်ယောက်ယောက် ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ စိတ်မသက်မသာခံစားလိုက်ရပြီး သူမ၏ခြေလှမ်းများအား ရပ်လိုက်သည်။

လူငယ်လေးသည် ကျစ်လျစ်သွယ်လျပြီး အတော်လေးအရပ်ရှည်သည်။ သို့သော်ငြား သူ၏ပုခုံးများမှာ ကျယ်ဝန်းနေပြီး မတ်တတ်ရပ်နေသည်မှာပင် ဖိနှိပ်မှုများအား ထုတ်လွှတ်နေသယောင်။

ယွီလော့ရင်သည် သူ၏ ရယ်မြူးရိပ်သန်းနေသော မျက်ဝန်းများအား  ပြန်လည်တွေ့မြင်နေရသော အနှီမိန်းကလေး၏သမင်မျက်လုံးများအား စိုက်ကြည့်လိုက်ပြီး ဖြေးညင်းစွာ မေးလိုက်သည်။
"မင်း ချောင်းပြီးနားထောင်နေတာလား?"

"အတန်းဖော်် ဒီလိုလုပ်တာ တကယ်မကောင်းဘူးနော်"

ပိုင်ရွှင်ယင်း၏ခြေသံများသည် အလွန်ညင်သာသော်လည်း အစောပိုင်း ရှန်ချူရန်နှင့်ယွီလော့ရင် စကားပြောနေကတည်းကပင် ကော်ရစ်ဒါအနီးတွင် တစ်ယောက်ယောက် လမ်းလျှောက်လာသည့်အသံအား သူသတိိပြုမိခဲ့သည်။

သူသည် ဘယ်အရာကိုမျှ မပြောသည့်တိုင် မည်သူဖြစ်သည်ကို စောင့်ကာ ကြည့်ခဲ့သည်။ ဤကဲ့သို့ မိန်းမငယ်လေး ဖြစ်နေမည်ဟု သူ မှန်းမဆမိပေ။ လှပရုံမျှသာမကဘဲ နူးညံ့ကာသေးသွယ်သည့် မိန်းမငယ်လေး ဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: Nov 16, 2023 ⏰

Add this story to your Library to get notified about new parts!

လှပသောနာကျင်မှု【Myanmar Translation】Where stories live. Discover now