အပိုင်း(၄)

1.7K 83 0
                                    

‌မမလေးကဟေသာ့ခါးပေါ်မှလက်ကိုဖယ်သွားသောအခါမှဟေသာလည်းအသက်ဝဝရှူနိုင်တော့သည်။ဟေသာမမလေးဘက်သို့လှည့်လိုက်ပြီး

"မမလေးတစ်ခုခုဖြစ်လို့လား ဟေသာကိုdiaryစာအုပ်လိုသဘောထားပြီးအကုန်ပြောပြလို့ရတယ်နော်။ဟေသာဘယ်သူ့ကိုမှပြန်မပြောပြပါဘူး"

မမလေးထံမှအသံမထွက်လာခဲ့ ခဏအကြာမှာမမလေးသက်ပြင်းချလိုက်ပြီး

"တို့.....တို့မိဘတွေ.....ဆုံးပြီတဲ့....အဟင့်"

မမလေးထိုသို့ပြောပြီးထပ်ငိုချလေသည်။ဟေသာထိုခံစားချက်ကိုကောင်းကောင်းနားလည်သည်။သူမသည်လည်းသူမမိဘတွေဆုံးတုန်းကအလွန်ပင်ခံစားခဲ့ရသည်။ဘေးအိမ်မှအန်တီသာမကူညီခဲ့လျှင်ဟေသာယခုအချိန်ထိအသက်ရှင်ခဲ့မည်မထင်။ထို့ကြောင့်မမလေးကိုသူမရင်ခွင်ထဲထည့်လိုက်သည်။

"အဆင်ပြေသွားမှာပါ ငိုချင်ငိုချလိုက်ပါနော်။‌ဟေသာဘယ်သူမှမမြင်အောင်ကာပေးထားမယ်။အိမ်ပေါ်ကိုလည်းဘယ်သူမှမလာဖို့ဟေသာပြောထားတယ်"

"အွန်း"

ထိပ်ထားရောက်နေသည့်ရင်ခွင်သည်ယောက်ျားလေးရင်ခွင်ကဲ့သို့မကျယ်ပင်မဲ့သူမကိုအလွန်ပင်နွေး‌ထွေးစေခဲ့သည်။
မမလေးသည်ငိုလို့ဝသွားသည်ထင်ပါရဲ့။ရင်ခွင်ထဲမှခေါင်းထောင်လာခဲ့သည်။

"ကျေးဇူးတင်ပါတယ်"

ထိုသို့ပြောပြီးရေချိုးခန်းဆီဦးတည်သွားပြီးမျက်နှာသစ်လိုက်သည်။ဟေသာကတော့ငေးကြည့်နေမိသည်။မမလေးထွက်လာတော့

"မမလေးခေါင်းမူးနေတယ်ဆိုသံပရာရည်သောက်လိုက်ပါဦးနော်"

"အွန်း.....သောက်လိုက်မယ်"

မမလေးသည်ဟေသာ့ကိုပင်မကြည့်ပဲဖြေလေသည်။ဟေသာအပြင်ထွက်ဖို့ခြေလှမ်းလှမ်းလိုက်ချိန်မမ‌လေးကသူမလက်ကိုဆွဲကိုင်လိုက်ပြီး

"တို့ကိုစောင့်ဦး အတူတူဆင်းရအောင်"

ဟေသာမမလေးကိုထိုင်ကြည့်နေမိသည်။ထိပ်ထားကိုဘေးတွင်ထိုင်ကြည့်နေသောကောင်မလေးကြောင့်ရှက်စိတ်တွေဝင်လာခဲ့သည်။မင်းလေးတို့ကိုသိပ်ညှို့နိုင်လွန်းတယ်ကောင်မလေးရေ။

ကျွန်မရဲ့မမလေး(Complete)Where stories live. Discover now