အခန်း(၇)

2.2K 91 0
                                    

မြူးကြွကြွသီချင်းသံလေးနှင့်စားသောက်နေကြသူအများအပြား။အချို့ကတော့ပုံမပျက်ပင်၊အချို့ကျလေတော့မူးနေလေရဲ့။အကြည့်တချို့ကသိပ်ကိုလှပလွန်းသည့်မမလေးထံတွင်သာ။ဘေးစားပွဲမှယောက်ျားကြီးတွေလည်းမမလေးကိုသာအချိန်ပြည့်ကြည့်နေသဖြင့်ဟေသာဒေါသများထွက်လာခဲ့သည်။မမလေးလက်ကိုအကြမ်းပတမ်းကိုင်ဆွဲ၍ထစေပြီး

"ပြန်ရအောင်မမလေး"

ဟေသာ့စကားကြောင့်မမလေးမျက်လုံးများဝိုင်းစက်လို့သွားသည်။

"ဘာလို့လဲပန်း...စားလို့တောင်မပြီး..."

ထိပ်ထားစကားမဆုံးခင်တိုးကပ်လာသောဟေသာ့မျက်နှာလေးကြောင့်နှလုံးခုန်ပင်ရပ်မတန့်။ထိပ်ထားနား နားသို့ဟေသာကပ်လာပြီး

"ဒီမှာထပ်နေနေရင်ဟိုဘက်ဝိုင်းကတွေမျက်လုံးကျွတ်ကျကုန်တော့မယ်"

ဟေသာ့အပြောကြောင့်ထိပ်ထားမသိမသာလှမ်းကြည့်လိုက်ရာသူမကိုကြည့်နေကြသောအကြည့်များ။ရှက်ရှက်ဖြင့်မျက်နှာကိုအမြန်ဆုံးပြန်လွှဲလိုက်သည်။

"ပြန်မယ်လေ...ဂျေယွန်တို့ကိုနှုတ်ဆက်လိုက်ဦးမယ်"

ဟေသာကတော့မမလေးလက်ကိုမလွှတ်ပေးမိ။

"ဂျေယွန်...ငါတို့ပြန်တော့မယ်"

"မစားသွားတော့ဘူးလား"

ထိပ်ထားဟေသာကိုကြည့်လိုက်ရာ‌တခြားနေရာကိုကြည့်ပြီးမျက်နှာတင်းမာနေသောကောင်မလေးအားတွေ့လိုက်၏။အနှီမိန်းကလေးကြည့်နေသောနေရာကိုထိပ်ထားကြည့်မိရာခဏကယောက်ျားကြီးများကိုတွေ့လိုက်ရသည်။ထိပ်ထားအနည်းငယ်ပြုံးသွား၍

"ဟို...အလုပ်ကိစ္စလေးပေါ်လာလို့ပါ"

"ဟုတ်...အမဖြေးဖြေး‌သွားပါဗျ"

ယခုအခါပြောလိုက်သူ‌မှာဂျေယွန်မဟုတ် စွမ်းပင်ဖြစ်သည်။

"ဟုတ်ပါပြီရှင်...ဂျေယွန့်အမျိုးသားလေး....."

"အာ......"

ထိုသို့တစ်လုံးသာပြောပြီးဂျေယွန့်ရင်ခွင်ထဲမျက်နှာဖွက်ထားလေသည်။

"ကိုကို့ဆံပင်မှာအမှိုက်ကြီး စွမ်းဖယ်ပေးမယ်နော်......"

ရင်ခွင်ထဲမှစွမ်းဟာထွက်လာပြီးဂျေယွန့်ဆံပင်ကောက်ကောက်ပေါ်မှအမှိုက်ကိုဖယ်ရှားပေးလေသည်။

ကျွန်မရဲ့မမလေး(Complete)Where stories live. Discover now