အပိုင်း(၅)

1.7K 77 0
                                    

"အမအခန်းကနှစ်ယောက်ခန်းတစ်ခန်းပဲကျန်တော့တယ်ရှင့်"

ရေကစားပြီးပင်လယ်ဘေးတွင်ရှိသောတစ်ခုတည်းသောဟိုတယ်မှာညအိပ်ရန်အခန်းလာငှားကြခြင်းဖြစ်သည်။ရေကစားတာကြာနေခြင်းကြောင့်ရော၊ခရီးသွားကာလဖြစ်ပြီးခရီးသည်တွေများနေခြင်းကြောင့်ရောအခန်းတစ်ခန်းသာကျန်တော့ခြင်းဖြစ်သည်။ကျန်‌သည့်အခန်းကလည်းကုတင်တစ်လုံးပါအခန်းဖြစ်သောကြောင့်အခက်တွေ့နေရသည်။မမလေးကမည်သည်မှမပြောသောကြောင့်ဟေသာမှစ၍

"မမလေးဟေသာကားပေါ်မှာပဲသွားအိပ်လိုက်ပါ့မယ် သွားခွင့်ပြုပါဦးနော်"

ဟေသာအပြင်သို့ထွက်သွားရန်ပြင်နေသောခြေလှမ်းများရပ်တန့်သွားရသည်။သူမ၏လက်ကောက်ဝတ်ကိုနူးညံ့သောလက်တစ်ဖက်ကဆွဲကိုင်ထားခြင်းကြောင့်ပင်။

"ရတယ်....အဲ့အခန်းပဲပေးလိုက်ပါ"

ဟိုတယ်မှဝန်ထမ်းတစ်ယောက်က‌အခန်းကိုလိုက်ပြပေးလေသည်။မမလေးကအခန်းဝရောက်သည်အထိဟေသာ့လက်အားမလွှတ်ပေးချေ။‌မမလေး၏တင်းကျပ်စွာဆုတ်ကိုင်ထားမှုကြောင့်ဟေသာအတော်ပင်နာနေလေသည်။‌မမလေးလက်လွှတ်လိုက်လျှင်ဟေသာ့လက်တွင်အရာထင်နေတော့မည်ကိုဟေသာအတပ်သိနိုင်သည်။

"မမ..လေး....ဟေသာ...လက်...လက်နာ....နေပြီ"

ထိပ်ထားဟေသာ့အသံကြားမှသူမကိုင်ထားသောလက်အားလွှတ်လိုက်လေသည်။သူမဟေသာကိုကြည့်လိုက်ရာမျက်လုံးထဲတွင်မျက်ရည်ဥများခိုတွဲနေချေပြီ။သူမလက်တွင်လည်းအရာထင်နေလေသည်။

"တောင်းပန်ပါတယ်နော် တို့စိတ်မထိန်းနိုင်ဖြစ်သွားတယ် နောက်ခါတို့ရှေ့မှာထွက်သွားမယ့်အကြောင်းတို့ခွင့်ပြုချက်မရှိပဲမပြောပါနဲ့။တို့မကြိုက်ဘူးသိရဲ့လား"

မမလေးဟေသာ၏အရာထင်နေသောနေရာအားအသာပွတ်သပ်ပြီးပြောနေရှာသည်။မမလေးသည်လည်းမျက်ရည်များဝိုင်း၍ပင်။မမလေး၏မျက်ရည်များမကျလာအောင်ဟေသာသူမလက်အားမျက်လုံးအောက်တွင်တားဆီးပေးလိုက်သည်။

"ဟေသာနောက်ခါမပြောတော့ဘူးနော်မမလေး ဟေသာ့ကြောင့်နဲ့မငိုပါနဲ့နော်"

ကျွန်မရဲ့မမလေး(Complete)Where stories live. Discover now