pt3

13 3 0
                                    

မနက်ကမျိုးနဲ့ဆုမြတ်ရန်ဖြစ်လာကြတယ်ထင်တယ်...
သူတို့ပြန်လာတော့ မျိုးနှုတ်ခမ်းပေါက်နေတာတွေ့တယ်..
အာ့တနေကုန်သူတို့စကားလဲမပြောကြဘူး...ငါ့ကြောင့်ထင်တယ်..အမလေးးမိနှောင်းရယ် ညည်းလဲမနိုင်စိန်ပါလား..
နဲနဲပါးပါးတည်ငြိမ်ပါအုန်း....တွေးလက်စနဲ့ကျမအတွေးတွေမနက်ကအဖြစ်ပျက်ဆီသို့မျက်စိလည်လမ်းမှားရောက်သွားခဲ့တယ်...
ကျမကိုယ်တိုင်သတိမထားမိခင်မှာပဲ ရုတ်တရက်သူ့အကျီစကိုဆွဲထားမိတဲ့ကျမလက်ကိုပါး​​ပြင်ပေါ်မြတ်မြတ်နိုးနိုးတင်ထားမိနေခဲ့တယ်...
မျက်လုံးမှိတ်လိုက်ချိန်အမှောင်ကျသွားပီးတဲ့နောက် တစ်စတစ်စပြန်ပေါ်လာတဲ့မနက်ကပုံရိပ်တွေ...
ရုတ်တရက်မြန်လာတဲ့နှလုံးခုန်သံနဲ့...
နာရီလက်တံရဲ့တချက်ချက်မြည်သံ...
ဆောင်းညရဲ့ ညတာရှည်မှာတိုက်ခတ်တဲ့လေပြေအေးနဲ့..
အရာရာဟာ လှပတဲ့ကဗျာတပုဒ်လိုမျိုးအသက်ဝင်နေခဲ့​ေတာ့တယ်....
''သူဘယ်သူများလဲ...ငါ့ကိုဒီလိုမျိုးအတွေးလွန်စေတဲ့ မိန်းကလေးကဘယ်သူများလဲ...''
အာ့လိုနဲ့ပဲ နှောင်းဆိုတဲ့ကောင်မလေးက အလှဆုံးပြုံးပြီးအိပ်မောကျသွားပါလေ​ေရာ....သူ့အပြုံးလေးတွေကတော့ အိမ်မက်ထဲသူ့ Soulmateလေးနဲ့တွေ့နေပီဆိုတာကိုသက်သေပြနေသယောင်...„

~မင်းဘယ်သူပဲဖြစ်နေပါစေ မင်းကိုတို့အသက်တည်သရွေ့လိုက်ရှာမယ်...တို့ကိုရင်ခုန်အောင်လုပ်ခဲ့တဲ့ မင်းကိုအပြည့်အဝတာဝန်ယူခိုင်းမယ်...တို့မင်းဆီကိုလာနေပြီမို့ မင်းအချစ်ခံရဖို့ပြင်ထားပါ.....
                                              ~Nhaung~
_______________________________________________________
တနေ့တာကလဲမြန်လိုက်တာလူတွေရယ်...
''ဟဲ့...ကောင်မတွေရေ..''
H-အွန်း..ပြောလေနှောင်း'
''အနောက်ကဟိုကောင်မတွေ..လူခေါ်နေတာနော်..''
P-မသိပါဘူးနွားမအော်နေတယ်ထင်လို့
''plm''
P-ဘာဖြစ်လဲဟဲ့..ဘာလဲ''
''ဒီဖေ...''
M & S-ကယ်..တော်ကြပါတော့..ပြောစရာရှိတာပြော ...
''မျိုးနဲ့ဆုမြတ်ပြောလို့နော်..မဟုတ်ရင်..
ကယ်...ပြောမယ်...ငါအခုလူတစ်ယောက်ကိုရှာပုံတော်ဖွင့်မို့..
ကူညီပါလား ချစ်လေးတို့ချစ်ကြီးတို့..
H-ဘယ်သူ့ရှာမို့လဲ နှောင်းရဲ့...
''အမ်းးငါဘယ်လိုပြောရမလဲ...ငါသူ့ရုပ်တော့မသိဘူးဟ...
ဒါမဲ့မနေ့ကငါ့ကိုကယ်ခဲ့တဲ့ကောင်မလေးးတယောက်''
H-Awwww....(နှောင်းရယ်သူကနှောင်းအတွက်အာ့လောက်တောင်အရေးပါတာလား...ဟေသီ့ကိုလဲငဲ့ပါအုန်းလားနှောင်းရာ..)
M- အော်..သိပီ...နင်မနေ့ကငါ့ကိုပြောပြတဲ့တစ်ယောက်မလား
''ဟုတ်တယ်..ဟုတ်တယ်..''
S-ကောင်မ မှန်မှန်လိမ်..နင်ဂေးနေတာမလား..
သူတို့အမေးကိုကျမမဖြေနိုင်ခဲ့ပါ....အတွေးတွေကsomeoneဆီသာ...
P-ဟေသီ မင်းမျက်နှာမကောင်းပါလား...ဘာဖြစ်တာ..
H-အာ...ဘာမှမဖြစ်ပါဘူးဖူးရဲ့..ခေါင်းကိုက်ချင်သလိုလိုဖြစ်နေလို့ပါ..
P-ဟေသီ မင်းအဆင်ပြေရဲ့လား..ရလား..
အရမ်းစိတ်ပူနေသလိုဖြစ်နေသောဖူးကိုသံသယမျက်လုံးဖြင့်ဝိုင်းကြည့်နေသော..ကျမတို့အုပ်စု...
H-ရပါတယ်...တို့အပြင်ခဏထွက်ထိုင်လိုက်မယ်...
all- ဟုတ်ပီးး
ဒီလိုနဲ့စာသင်ချိန်တွေပြန်ဆက်ခဲ့တယ်...
မုန့်စားဆင်းချိန်ရောက်တော့ ကျမရဲ့ထုံးစံအတိုင်းG10ကိုသွားတယ်...
ပြန်လာတော့ မနေ့ကနေရာလေးမှာသူ့ကိုတွေ့လိုတွေ့ငြားခဏရပ်ပြီးစောင့်ကြည့်​ေနမိသေးတယ်...
5မိနစ်..7မိနစ်..10မိနစ်...အချိန်တွေတရွေ့ရွေ့ကုန်သွားပီးကျောင်းတက်ခေါင်းလောင်းထိုးသွားတော့...စိတ်ပျက်လက်ပျက်နဲ့ပဲကျမအတန်းကိုပြန်ခဲ့တယ်..အာ့အခိုက်တန့်..
နှာခေါင်းထိပ်ဖျားကိုအလုအယက်တိုးဝင်လာခဲ့တဲ့ ရေမွှေးနံ့တခု..
ဟုတ်သည်...သူသည်ပင်...ကျမရှာနေတဲ့someone..
ကျမအလျှင်မြန်ပင်နောက်လှည့်ကြည့်ခဲ့တယ်...တွေ့ပါပြီတဲ့ကျမရဲ့ရင်ခုန်သံလေးကို...ကျောင်းတက်ချိန်မို့အတန်းအသီးသီးကိုပြန်နေတဲ့လူအုပ်ကြားထဲ ထင်းနေတဲ့သူရဲ့ကျောပြင်ငယ်လေး....''
ဒီတခါသူ့ကိုလက်မလွတ်စေရဘူး..
ကျမအလျှင်မြန်ပဲသူ့နားသွားးခဲ့တယ်..ဒါမဲ့..
အာ့..''
ဟင်..ဟေသီ..ဘယ်လိုဖြစ်တာ..
H-အာ..sorryပါနှောင်းအမြန်ပြေးလာတော့မတွေ့လိုက်မိတာ...ပြပါအုန်းး နှောင်းးဒူးပွန်းနေပီ..သွေးထွက်နေတယ်..
''ဟင့်အင်းး..ကျမအခုချိန်ဟေသီပြောတာတွေတခုမှနားထဲမရောက်...ပွန်းသွားတဲ့ဒူးကိုလဲကျမဂရုမစိုက်နိုင်..''
ကျမရင်ခုန်သံလေးကိုကျမထပ်တွေ့ခဲ့တယ်...သူဘယ်သူလဲကျမသိရတော့မဲ့ဟာကို..ဘာလို့ ဘာလို့...!
ကျမစိတ်ပျက်စွာနဲ့ပဲ..ဟေသီကိုတောင်ဘာမှပြန်မပြောပဲအတန်းထဲပြန်လာခဲ့တယ်...''
H pov(တောင်းပန်ပါတယ်...မင်းသူ့ကိုသိပီးရင်းနှီးခွင့်မပေးနိုင်ဘူး..ဒါငါမင်းကိုအရမ်းချစ်လို့ပါနှောင်း..
တနေ့မင်းနားလည်ပေးးဖို့မျှော်လင့်ပါတယ်...)

~မင်းကိုတို့မှမပိုင်ဆိုင်ရရင်ဘယ်သူမှမပိုင်ဆိုင်စေရဘူးနှောင်း...ထာဝရအတွက်မင်းကတို့အပိုင်....„
                                           ~Haythi~
_______________________________________________________ကောင်းကင်ပေါ်ကကြယ်တွေကိုထိုင်ကြည့်ရင်းနဲ့...ကျွန်မအတွေးတွေကဘယ်လိုပုံမှန်းမသိရသေးတဲ့ကျွန်မရဲ့ရင်ခုန်သံလေးဆီရောက်နေခဲ့တယ်...
လက်ညိုးလေးနဲ့ကောင်းကင်လေးကိုထိုးပီးကြယ်လေးတွေကိုပုံဖော်ရင်းးသူ့ရဲ့မျက်နှာလေးကိုပုံဖော်ကြည့်နေမိခဲ့တယ်....
''နှောင်​းရေ..မင်းချစ်မိသွားတာတော့မဟုတ်ပါဘူးနော်...
နိုးးနိုးးလုံးဝမဖြစ်နိုင်ဘူး..!သူကမိန်းကလေးတယောက်ပြီးတော့ဘယ်သူလဲဘယ်လိုပုံလဲတောင်မသိသေးတာကို..!
အားးးရူးတော့မှာပဲကွာ...ထိုအချိန်ရုတ်တရက်ကြွေကျလာတဲ့ကြယ်စင်တန်းလေးတခု နှောင်းတယောက်မျက်လုံးကိုအလျှင်အမြန်ပိတ်လိုက်ပြီး သူ့ရင်ခုန်သံအရင်းအမြစ်လေးနဲ့အမြန်ဆုံးတွေ့ရဖို့ကိုဆုတောင်းလိုက်တယ်...
''ကြယ်လေ​းရေ..တို့ဆုတောင်းလေးအမြန်ဆုံးဖြည့်ဆည်းပေးပါနော်..''
နှောင်းရဲ့မျက်နှာလေးကတော့ လရောင်အောက်မှာလင်းလျက်ရှိ​ြပီး သူ့ရင်ခုန်သံလေးအကြောင်းတွေးနေရတာမို့အလှဆုံးပြုံးနေခဲ့တော့တယ်...''
______________________________________________________
ဒီအပိုင်းလေးးကနဲနဲတိုသွားးတယ်ရယ်..
အမှားပါရင်ခွင့်လွှတ်ကြပါနော်အခုမှficစရေးဖူးတာမို့ပါ🙁💖
အားပေးတဲ့တယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင့်
.''      

''ကာရန်ညီသောကဗျာ''Where stories live. Discover now