.''နေ့ရက်တှေအလီလီပြောင်းပြီးအချိန်တှေကုန်မှန်းမသိ
ကုန်ဆုံးခဲ့ရတာတောင် ရက္သတ္တပတ္မျှရှိခဲ့ပြီ''..
စာမေးပွဲဖြေပြီးပိတ်ထားတဲ့ကျောင်းအားလပ်ရက်လေးမှာတော့ကျမထူးထူးခြားခြားဘာမှလုပ်စရာရှိမနေခဲ့တာနဲ့ ကျမရဲ့ရင်ခုန်သံလေးအကြောင်းကိုတွေးရင်း ကြယ်လေးတွေခေါက်ဖြစ်ခဲ့တယ်...
''ကြယ်ဘူးလေးတောင်ပြည့်တော့မယ်...''
ကျမကြယ်ခေါက်ရတာပျင်းလာတာနဲ့ပဲ ပြတင်းပေါက်လေးကိုမျက်နှာမူပြီး တယောက်ထဲအတွေးလွန်နေခဲ့မိတယ်...
ကျမဟေသီနဲ့တိုက်မိပြီးကျမရင်ခုန်သံလေးကိုမျက်စိရှေ့မှာတင်လက်လွတ်လိုက်ရတဲ့နေ့..အဲ့နေ့...အဲ့နေ့ပြီးထဲကကျမ
ဟေသီနဲ့စကားမပြောဖြစ်သလို ကျမရဲ့ရင်ခုန်သံလေးကိုလဲဘယ်လိုရှာရှာ ထပ်မတွေ့ရတော့ပေ...''
အဲ့အကြောင်းပြန်တွေးတိုင်းကျမဟေသီအပေါ်တစ်မျိူးထင်မိတယ်...သူကျမအပေါ်သာမန်ထက်ပိုနေသလိုခံစားရတယ်...
ဘာလို့မှန်းမသိအဲ့နေ့ကလဲ သူတမင်လုပ်တယ်လို့ပဲထင်မိတယ်...ဘယ်နေရာကိုပဲရှုထောင့်ထားပြီးစဉ်းစားပါစေ..ကျမတို့အဖြစ်ပျက်က ထောင့်စိကွက်စိဖြစ်နေလွန်းခဲ့တယ်...
''တော်ပီတော်ပီ...နှောင်း အပြင်လူတယောက်အတွက်နဲ့မင်းဘာတွေဘယ်လိုတောင်တွေးနေတာလဲဟေသီကမင်းသူငယ်ချင်းလေ..''
''နှောင်း....''
ရုတ်တရက်..ကျမအတွေးလက်စအတွေးတွေချက်ချင်းဆိုသလိုရပ်တန့်သွားခဲ့တယ်...
ခါးပေါ်ရောက်လာတဲ့လက်နွေးနွေးတစ်စုံ...ခပ်စိမ့်စိမ့်ဆောင်းဦးလေပြေအောက်မှာ...ကျမကိုယ်ကိုနစ်မြုပ်အောင်ခါးနောက်ကသိုင်းဖက်ထားတာကြောင့်နွေးနေခဲ့တယ်...''
''အော် ဟေသီဘယ်လိုရောက်လာတာလဲ..''
''ဟေသီရောက်နေတာကြာပါပြီ..နှောင်းကိုခေါ်သေးတယ်..နှောင်းကအတွေးတွေလွန်ပြီးမကြားတာ..''
''အော်...''
ကျမခါးပေါ်ကဟေသီလက်တွေကိုဖယ်ချပြီး ဟေသီနဲ့မျက်နှာချင်းဆိုင်ဖြစ်အောင်ကျမသေချာရပ်လိုက်တယ်...
''ဟေသီ...နှောင်းကိုတကယ်ချစ်ရင်အာ့လိုတွေမလုပ်ပါနဲ့နော်...
နှောင်းမကြိုက်ဘူး..''
''ဘာလို့လဲ...ဘာလို့လဲနှောင်း..ဟေသီတို့စခင်ထဲကဒီလိုပဲနေလာကြတာလေ...အခုမှဘာလို့လဲ''
တဖြည်းဖြည်းဒေါသစိတ်ကြောင့်အဖျားခတ်တုန်ယင်လာခဲ့တဲ့ဟေသီအသံတွေ...
''ဒီတိုင်း..နှောင်းအာ့လိုနေနေရတာတကယ်မကြိုက်လို့်ပါ...''
''ဘာ!..မကြိုက်ဘူးဟုတ်လား...
ပြောစမ်းပါ မင်းရင်ထဲထိရောက်အောင်မင်းစိတ်တွေကိုအချိန်ပြည့်စိုးမိုးထားနိုင်အောင်လုပ်ခဲ့တဲ့မင်းမျက်နှာတောင်မမြင်ဖူးရသေးတဲ့သူက ငါ့ထက်ဘယ်နေရာများသာနေခဲ့လို့လဲ နှောင်းဝေလာ..''
ကျမဘာပြောရမှန်းမသိအောင်ကိုဟေသီ့စကားတွေအောက်မှာဆွ့ံအေနခဲ့မိတယ်...
''ဟေသီ...ငါ...
ငါကိုယ်တိုင်မသိဘူး...ငါကိုယ်တိုင်တောင်နားမလည်နိုင်ဘူး သူကဘယ္သူလဲ ဘယ္ကလဲ ဘယ်လိုပုံမှန်းတောင်မသိတဲ့လူတယောက်...အထူးသဖြင့် မိန်းကလေးတယောက်ကိုဘာလို့....
ဘာလို့အာ့လောက်ချစ်မိနေရတာလဲဆိုတာ...''
''မပြောနဲ့...ဟင့်အင်း..မင်းနှုတ်ခမ်းဖျားနေကသူ့အကြောင်းမပြောပါနဲ့...မင်းရဲ့အနီးဆုံးမှာရှိနေတဲ့ငါ့ရဲ့အချစ်တွေကိုကျဘာလို့မမြင်ခဲ့ရတာလဲနှောင်းရာ...''
''တောင်း..တောင်းပန်ပါတယ်ဟေသီ...ငါကမိန်းကလေးချင်းသဘောကျတတ်တဲ့သူမဟုတ်ဘူး...
ဒါမဲ့ငါ့ရဲ့ရင်ခုန်သံအရင်းအမြစ်ကလွဲ..''
ကျမစကားမဆုံးခင်....ရုတ်တရက်နှုတ်ခမ်းထက်ကထပ်ထွက်လာမဲ့စကားတွေကိုပိတ်ဆို့သဖွယ်ထိတွေ့လာခဲ့တဲ့....နှုတ်ခမ်းနွေးနွေးတစ်စုံ.....
ကျမအလျှင်အမြန်တွန်းထုတ်လိုက်ပြီး ရှက်စိတ်..ဒေါသစိတ်တို့ကြောင့် မရည်ရွယ်ပဲဟေသီပါးကိုရိုက်လိုက်မိခဲ့တယ်...
ဟေသီကအသားဖြူသူမို့ရယ်လားမသိ..ဒါမှမဟုတ်ကျမအားပြင်းသွားခဲ့လို့လားမသိ..ရဲတက်သွားခဲ့တဲ့ဟေသီပါးပြင်တဖက်ကိုကြည့်ပြီး မယုံကြည်နိုင်သောအကြည့်တွေဖြင့်ကြည့်နေမိတယ်...
''မင်းကြိုက်သလောက်ရိုက်ပါနှောင်း..ဒါမဲ့ မင်းမှတ်ထား..မင်းကိုငါမှမပိုင်ရရင်ဘယ်သူမှပိုင်ဆိုင်ခွင့်မရှိစေရဘူး..''
''မင်းကိုအရမ်းမုန်းတယ်မဟေသီ...နောက်ငါနဲ့အဝေးဆုံးမှာနေပါ....
ငါမင်းကိုအရာအားလုံးထက်ပိုမုန်းတယ် မေဟသီ!''
''မင်းမုန်းလဲငါချစ်တယ်...''
အာ့စကားကိုသူကျမကိုစိုက်ကြည့်ပြောပြီးထွက်သွားခဲ့တယ်..
သူထွက်သွားပြီးပြီးချင်းမှာပဲကျမစိတ်တွေဟာ ကျိုးပြတ်သွားတဲ့ဇော်ဂျီရုပ်လိုမျိုး ဖြစ်သွားခဲ့တယ်...
''ဘာလို့...ဘာလို့ငါယုံကြည်ရတဲ့သူကဒီလိုလုပ်ရတာလဲ...
မုန်းတယ်...မုန်းတယ် မေဟသီ..ငါနင့်ကိုအရမ်းမုန်းတယ်...
_______________________________________________________
မနေ့ကဟေသီနဲ့ပြသနာတွေတက်ပြီးထဲက ကျမဘယ်သူ့ကိုမှမယုံကြည်ရဲတော့ဘူး....
''ဟူး...မနက်ဖြန်ကျောင်းသွားရအုန်းမယ်...''
ကျမစိတ်ပင်ပန်းနေတာကြောင့်မျက်လုံးမှိတ်လိုက်ရုံနဲ့တင်အိပ်မောကျသွားခဲ့တော့တယ်...''6:30.am
ကျမမှန်မှန်ဆိုရရင်ကျောင်းမသွားချင်ပါ..ဟေသီဆိုသောသူနှင့်လဲမတွေ့ချင်ပါ...ဒါမဲ့ကျမရဲ့မသိစိတ်ကရင်ခုန်သံလေးနဲ့များတွေ့မလားဆိုပြီး ကျောင်းသွားဖို့ကိုတွန်းအားပေးနေခဲ့တာကြောင့်ကျောင်းဆီကိုကျမခြေလှမ်းအစုံဟာဦးတည်နေခဲ့တော့တယ်...''
ကျောင်းသွားနေတဲ့လမ်းတလျှောက်..လမ်းဘေးတဖက်ကမြက်လေးတွေကြားမှာရောပေါက်နေတဲ့ Dandelionsပန်းလေးတပွင့်...
Dandelionsပန်းလေးတွေကိုစိတ်နှစ်ယုံကြည်ပြီးဆုတောင်းလို့ရှိရင်ဆုတောင်းပြည့်တယ်ကလေးမရဲ့ မယုံလို့ရှိရင်တနေ့နေ့တချိန်ချိန်ကိုယ်နဲ့ကြုံလာရင်စမ်းကြည့်...
သူရမင်းပြောခဲ့တဲ့စကားတချို့နားထဲပြန်ကြားယောင်လာတဲ့အခါ...ကျမစိတ်အစုံဟာ ပန်းလေးဆီကိုသာဦးတည်နေခဲ့တော့တယ်...„
''တို့စိတ်အစုံကိုစိုးမိုးနိုင်တဲ့တို့်ရဲ့ရင်ခုန်သံလေးနဲ့အမြန်ဆုံးတွေ့ချင်လှပြီ...''
မသာယာတဲ့စိတ်တို့ပျောက်ချင်းမလှပျောက်ပြီးနှောင်းရဲ့အပြစ်ကင်းလွန်းလှတဲ့ အပြုံးတို့ဟာ လေစိုင်နှင့်အတူလွင့်မျောသွားသောdandelionsများကိုငေးကြည့်လျက်...''
_______________________________________________________
''ဟာ..သွားပြီ နောက်ကျနေပီ...''
နှောင်းတယောက်ပန်းလေးကိုဆုတောင်းခြွေနေရင်းနဲ့ပဲသူ့ကျောင်းတက်ချိန်ဟာနီးသထက်နီးလာတော့တယ်...
ဒါမဲ့ သူအပြုံးပန်းဝေဆာသွားတာလေးတခုက..
''ဟဲဟဲ ငါတယောက်ထဲမဟုတ်တော့ဘူးအဖော်ရပီ..''
နှောင်းရှေ့တည့်တည့်ကနေ ကျောင်းတံခါးမကြီးဆီကိုပြေးလာနေတဲ့ကောင်မလေးတယောက်...
အားးပြေးထားနှောင်းရေ ပြေးထား..ေခါင်းလောင်းထိုးတော့မယ်..''
10...9...8..7.. finally ရောက်ပီ..
''ဟမ်း..ဟိုကောင်မလေးဘယ်ပျောက်...''
2..1..ခေါင်းလောင်းလဲထိုးသူ့ဘေးအမောတကောလာရပ်တဲ့ခုဏကကောင်မလေး...''
ကျမအသက်ရှုတွေရပ်နေမိတယ်..နှလုံးခုန်သံတွေမြန်လာခဲ့တယ်...လေပြေတချက်တိုးဝှေ့အခိုက်မှာ ရလိုက်တဲ့အမွေးနံ့လေး..
တွေ့ပီ...ရှာတွေ့ခဲ့ပြီ...ကျမရဲ့ရင်ခုန်သံအရင်းမြစ်လေးကိုရှာတွေ့ခဲ့ပြီ...
ကျမအတွေးနယ်ကျွံနေတုန်းသူပျောက်သွားပြန်တယ်...
ဟင်..''
အလောတကြီးပြေးလာရလို့ထင်ပါရဲ့...စာအုပ်လေးတအုပ်ကျကျန်နေခဲ့တယ်...
သူ့စာအုပ်လေးကိုယူပြီး ကျမဖတ်ကြည့်လိုက်မိတယ်...
Kabyar''
G8
ကဗျာတဲ့လား''~ဒီလိုနဲ့ပဲကျမရဲ့ရင်ခုန်သံစည်းချက်လေးကသူ့နာမည်နဲ့လိုက်ဖက်ညီလွန်းလှအောင်ကို ကျမဘဝကိုကဗျာတပုဒ်စတင်ရေးသားပေးခဲ့တော့တယ်..''
အခုမင်းဆီကို တို့ရဲရဲကြီးတိုးလာပြီမို့..အာ့နေရာမှာပဲရပ်စောင့်နေပေးပါ တို့ရဲ့ကဗျာ..''
~Nhaung~
______________________________________________________
YOU ARE READING
''ကာရန်ညီသောကဗျာ''
Short Storyနောက်ဘဝတွေသာထပ်ရှိခဲ့မယ်ဆိုရင်..မင်းနဲ့အမှတ်တရပေါင်းများစွာကိုထပ်ဖန်တီးချင်သေးတယ်''🥀