pt5

3 2 0
                                    

ကျောင်းခန်းထဲအပြုံးပန်းဆင်ကာဝင်လာသောကျမအား စိုးရိမ်သောအကြည့်တွေဖြင့်မေးလာသောမျိုး
M-နှောင်း..နောက်ကျလှချည်လား..အဆင်ကောပြေရဲ့လား''
''ပြေပါတယ်မျိုးရဲ့ နှောင်းအဆင်ပြေသွားပါပီ''
M-ဟုတ်ပါပီ...
''ဒါနဲ့ မင်းချစ်ချစ်လေးကော ကျောင်းမလာဘူးလား''
M-ငါ့သဲလေးကျောင်းမလာရင်ငါလဲမလာပါဘူးနော် သူကဆရာမခေါ်လို့ခဏသွားတာ..
ဟို...ေဟသီလဲပါတယ်..''
''အော်.....''

ငြိမ်ကျသွားတဲ့ကျမကိုကြည့်ပြီးမျိုးစကားလမ်းကြောင်းလွှဲကာစကားတွေပြောခဲ့တယ်..''
M-တကယ်ကြီးး''အာ့ဆိုသူလဲ ငါတို့G8ကပဲပေါ့...
''ငါလဲမယုံနိုင်ဘူးဟ..လုံးဝနီးလျက်နဲ့ကိုဝေးတာ''
M-ဒါမဲ့လဲဟယ် ဟုတ်လဲဟုတ်တယ်လေ..Aနဲ့Bက တောင်နဲ့မြောက်လေ..ပြီးတော့အတော်ဆုံးနဲ့အညံ့ဆုံးမို့အရောတဝင်မှမရှိကြတာ''
''မျိုးရဲ့အညံ့ဆုံးဆိုတဲ့စကားတခွန်းအောက်မှာရောက်လာတဲ့ကျမရဲ့အကြည့်စူးစူးတချက်''
M-အာ...အာ့ထဲမှာလဲတော်တဲ့သူတွေရှိပါတယ်''
''သိပ်မပြောဘူးးနော်အကြည့်နဲ့တင်သိ''

Flashback
ဟေသီနဲ့ပြသနာတွေတက်ပီးညဘက် မျိုးကျမဆီစာအုပ်လာငှားတယ် ...''
အခြေနေမမှန်တဲ့ကျမကိုကြည့်ပြီး ကျမအဆင်ပြေမနေဘူးဆိုတာကိုမျိုးသတိထားမိသွားတယ်..
မသက်သာတော့တဲ့အဆုံးမှာ..ကျမမျိုးကိုအကုန်ပြောပြလိုက်တော့တယ်...ဒါမဲ့ မျိုးကလူတေပြောသလို သူငယ်ချင်းကောင်းတယောက်ပီသခဲ့ပါတယ်...
ကျမကိုဘာမှစိတ်အားမငယ်ဖို့နဲ့ အတွေးမများဖို့..အမြဲသူရှိနေမယ်ဆိုတဲ့အကြောင်း...
ပြီးတော့..သူကိုယ်တိုင်ကလဲ သူရဲ့အကြီးမားဆုံးလျှို့ဝှက်ချက်ဖြစ်တဲ့ ဆုမြတ်နဲ့နှစ်စလောက်ထဲကတွဲနေခဲ့တယ်ဆိုတဲ့အကြောင်းကို ကျမစိတ်သက်သာရာရအောင်ပြောပြပြီး အားပေးခဲ့တယ်...''
တကယ်ပါဒီရက်တွေကျမစိတ်ပြန်အဆင်ပြေပြီး အခုလိုရွှင်ရွှင်လန်းလန်းနေနိုင်တာမျိုးကြောင့်ပဲ...
အာ့လိုနဲ့ အာ့နောက်ပိုင်းရက်တွေကစပြီး ကျမရဲ့အဖြစ်ပျက်မှန်သမျှကို မျိုးကိုအမတယောက်လိုသဘောထားပြီးတိုင်ပင်ခဲ့တော့တယ်..''
_______________________________________________________
Eng teacherမလာဘူး ကလေးတို့ရေ...ဆရာမတို့လဲအလုပ်ရှိလို့ အားလုံးခဏငြိမ်ငြိမ်လေးနေပေးကြနော်..စကားပြောလဲအကျယ်ကြီးမပြောကြနဲ့''
''ငါ့နှယ် ဘယ်ဘဝကဝဋ်ကျွေးလဲမသိ..နာရီကိုမယားမျှော်သလို တကြည့်ကြည့်နဲ့မျှော်နေရတယ်''
နောက် 45minဆို ကျမရင်ခုန်သံလေးးနဲ့တွေ့ရတော့မယ်...
တကယ်ပါ..အခုထဲကရင်ထဲမြင်းတွေကဆုန်ပေါက်နေသလိုလို..ရိုလာကိုစတာစီးနေရသလိုလိုနဲ့...
ကျမပျင်းလာတာနဲ့ နောက်လှည့်ပြီးမျိုးကိုခေါ်ဖို့အခိုက်..
တယောက်လက်တယောက်ကိုင်ကာကြည့်နူးနေသော စောက်တွဲ''
''အဟမ်းးးးးးစောက်တွဲတွေသောက်မြင်ကပ်တယ်နော်..ဝေါ့''
M-အမြင်ကပ်မကြည့်နဲ့ပေါ့...ေဏာ့် သဲလေး''
S-ဒါပေါ့''
''ဝေါ့..ဝေါ့..''
ကျမသူတို့ကိုမနှောက်ယှက်တော့ပဲ ဖူးဘေးသွားထိုင်နေလိုက်တယ်''
''ဖူး..ငါခဏထိုင်မယ်နော်''
P-အွန်း..ထိုင်လေ''
''မပျင်းဘူးလားတယောက်ထဲ''
P-............
''အမ်းးးး''
P-ဟေသီနဲ့မင်းနဲ့ ရန့်ဖြစ်ထားတာလား..''
''.........''
P-ဟုတ်နေခဲ့တာပဲ..ဘယ်လိုဖြစ်ကြတာ..မင်းတို့ကအချစ်ဆုံးတွေမဟုတ်ဘူးလား''
''ရာသီတွေတောင်ပြောင်းလဲသေးတာပဲ..ငါတို့လဲလူပဲလေ မပြောင်းလဲဘူးလို့ပြောလို့ရလို့လား''
P-သူနဲ့ဝေးဝေးနေ..ငါမကြိုက်ဘူး
''တိုးညှင်းစွာပြောလိုက်တဲ့ဖူးရဲ့စကားတခွန်း''
''ဟမ်း..ဘာပြောလိုက်တာလဲဖူး''
P-ဘာမှမဟုတ်ပါဘူး''
M-ဟဲ့..နင်သူ့ဆီရောက်ပါပီတဲ့..နင်သူ့ကိုဘာပြောမှာ''
''social godပါနော်..အာ့လောက်ကပါးပါးလေး..မင်းမနက်ကစာအုပ်ကျကျန်ခဲ့လို့ဘာညာပေါ့ အဟက်''
S-အမလေးးကြည့်ရသေးတာပေါ့...''
M-နင်စောက်တလွဲလုပ်လို့ကတော့ ငါတို့ဘယ်လိုခွီမလဲကြည့်''
''စောက်တွဲတွေနော်..ငါ့ကိုပေါင်းပြီးအနိုင်ကျင့်နေတာ..နောက်မှ ငါ့အသဲကြော်ပဲလှော်လေးနဲ့တိုင်မယ်''
M & S-ခွီး''
_______________________________________________________
ဲနောက်ဆုံးတော့ကျမမျှော်နေခဲ့တဲ့ အချိန်လေးရောက်လာခဲ့ပါပြီ''
သူမကျကျန်ခဲ့တဲ့စာအုပ်လေးကိုင်ကာ ကျမG8(B)ခန်းရှေ့ရပ်စောင့်နေမိတယ်..တအောင့်လောက်နေတော့..တွေ့ပါပြီရဲ့ ကျမရဲ့ရင်ခုန်သံအရင်းအမြစ်လေးကို''
အခန်းပြင်ကိုထွက်လာပြီး ကျမတို့ရှေ့ကဖြတ်သွားတဲ့သူမလက်ကိုအလျှင်အမြန်ဆွဲလိုက်မိတယ်..''
ကျမတို့ကိုဘုကြည့်ကြည့်နေသော သူမ ..
ဟားဟားးအသဲယားဖို့ကောင်းလိုက်တာလူတွေရယ်''
''ဟို..ဟို..မင်း မနက်ကစာအုပ်လေးကျကျန်ခဲ့တယ်ထင်တယ်''
M pov-ဘာထင်လို့တုန်း ကျကျန်ခဲ့တယ်ဆိုကျန်ခဲ့တယ်ပေါ့..အာ့မှာစပီ တလွဲတွေ''
''ဟို..မင်းနာမည် ကဗျာလား''
ခဏအကြာသူမဆီကထွက်လာတဲ့ ခပ်ရှရှအသံတခု...နားဝင်ချိုလိုက်တာရှင်''
''အင်း..မနက်ထဲကရှာနေတာ ကျေးဇူးပဲ''
M-အော် ခဏ..မင်းရဲ့အာ့စာအုပ်ထဲက ပိုက်ဆံ1500တွေ့တယ်''
အာ့တာ...ပြောရမှာအားနာပေမဲ့ ခဏကအရေးပေါ်လိုနေတာနဲ့ငါတို့ယူသုံးလိုက်မိတယ်..လက်ငင်းပေးဖို့ငွေမရှိလို့..လွှဲပေးလို့ရအောင် ​မင်းaccတခုခုပေးပါလား
''hmm..1500မ မရှိ..အာ့''
ကျမစကားမဆုံးခင်ခြေထောက်ကိုတက်နင်းသောမျိုး''
''ဗျာ..1500..ကျတော်မထည့်ထားဘူးခဗျ''
M-..........
''အာ...သူအမြင်မှား''
ထပ်နင်းခံရပြန်ပီ..bitchမမျိုးး''
M-သေချာပြန်စဥ်းစားပါ..ငါတို့ကကောသူစိမ်းတယောက်ကိုပိုက်ဆံအလကားပေးမလား''
''anyway...$*?$&?-ဒါကျတော့ msg acc ပါ..ကျန်တာနောက်မှဆက်ပြောပါ့မယ်..သွားခွင့်ပြုပါအုန်း''
''hok hok ''
မျိုးးနင်ဘာတွေလုပ်နေတာတုန်း..ဘာ1500လဲ ဘာလို့လိမ်ရတာလဲ''
M-စောက်ကျိုးနည်း..အခုမှသူတော်စင်လိုလိုဘာလိုလိုလာလုပ်မနေနဲ့..အကောင်းနဲ့ သူ့accလဲတောင်းပေးရသေးတယ် ငါသာမပါရင်နင်တဟိုဟိုကနေတက်ဖို့မရှိဘူး bitchမရဲ့..ဘာတဲ့social god '' ခွီး
''ဟာ..နင်နော်..မျိုးး..ချစ်လေးးကလဲ ငါကမသိလိုပြောမိတာယေ..စိတ်မဆိုးပါနဲ့ အိုက်ဂူးးးငါ့ချင်းဂုလေးကချစ်စရာလေးးအဟိ့''
M-စောက်ပိုတွေသွားစမ်းပါ..''

ညရောက်တော့..သူမပေးထားတဲ့accလေးမီးစိမ်းနေတာကိုတော်တော်ကြာကြာထိုင်ကြည့်နေမိတယ်''
သွား hi''လိုက်ရမလား..ဘာပြောရမလဲ..သူစာမပြန်ရင်ကော..အယ်..ငါဘာပြောရမလဲ''
ဦးနှောက်ကအတွေးတွေကို နှလုံးသားလေးကဆန့်ကျင်ပြီး
သူမဆီကို''hi''ဆိုပီးပို့လိုက်မိတယ်''
Ttyping.....''
shit'' ရင်တွေခုန်လိုက်တာ..
''hello''
''hok..မနက်စာအုပ်လာပေးတဲ့တယောက်ပါ''
''aww..ပိုက်ဆံက မနက်ဖြန်ကျောင်းမှာပဲပေးလိုက်လေ''
''အာ..ဟုတ်ကဲ့..ဟိုလေ..သူငယ်ချင်းလုပ်လို့ရမလား''
''Typing.......''
စာရိုက်နေသည်ပြောပြီးဘာစာမှရောက်မလာပဲ လိုင်းဆင်းသွားသောသူမaccလေးကို ကျမအတွေးများစွာနဲ့ ငေးကြည့်နေခဲ့မိတယ်..''
ဒါမဲ့ရပါတယ်..လက်ရှိဒီအခြေနေလေးလဲအဆင်ပြေတယ်..သူ့နားရှိနေခွင့်ရရင်ကျေနပ်ပြီးသားမို့''

~မင်းရှိနေတဲ့နေရာလေးမှာပဲ ရှေ့လဲမတိုးနောက်လဲမဆုတ်ပဲရပ်နေပေးပါ..ကိုယ်ကမင်းဆီရောက်အောင်ဖြည်းဖြည်းချင်းလျှောက်လာမှာမို့ အရှိတိုင်းလေးပဲနေပေးပါ ကဗျာ💗~

~Nhaung~
_______________________________________________________

''ကာရန်ညီသောကဗျာ''Where stories live. Discover now