Chapter 1.1

408 49 3
                                    

           အကောင်လေးတွေနာမည်နဲ့ ဖွဲ့စည်းထားတဲ့ ကောင်လေးအဖွဲ့တစ်ခုရှိသည်။

ဒီနေ့မှာ အငယ်ဆုံး အဖွဲ့ဝင် ယုန်လေးက "တောင်းပန်ပါတယ် စီနီယာအကို။ ကျွန်တော် အဖွဲ့ကနေနှုတ်ထွက်ပါတော့မယ်"လို့ ရုတ်တရပ်ပြောလိုက်သည်။

ခေါင်းဆောင် Lionက ရှော့ရသွားခဲ့သည်။
"ဘာကြောင့်လဲ Xiao Nuan ,မင်းရဲ့ကျော်ကြားမှုကလွန်ခဲ့တဲ့၂နှစ်ကတည်းက အလွန်မြှင့်တက်လာခဲ့တယ်။မင်းရဲ့တိုးတက်လာတဲ့မျှောလင့်ချက်က အရမ်းကောင်းတယ်။မင်းအရမ်းတော်နေတာကို ဘာကြောင့်အဖွဲ့ထဲက ထွက်ချင်ရတာလဲ"

ယုန်လေးရဲ့နာမည်အရင်းက ရှောင်နန်။ခေါင်းဆောင်က ကွယ်ရာမှာ နှစ်ယောက်ထဲစကားပြောမှ ရှောင်နန်လို့ခေါ်တယ်။

"မင်းမှာအခက်အခဲတွေရှိရင် မင်းငါတို့နဲ့ဆွေးနွေးနိုင်တယ်။"

သူနဲ့ယုန်လေးက တက္ကသိုလ်တစ်ခုထဲတက်ခဲ့ကြပြီး အတူတူပွဲထွက်ခဲ့ကြသည်။ ယုန်လေးက ပွဲစဉ်ငါးကြိမ်လောက် debutလုပ်ခဲ့သည်။ ဒါပေမယ့် ပြီးခဲ့တဲ့၂နှစ်ကမှ သူ့ရဲ့လူကြိုက်များမှုက တိုးတက်လာခဲ့တယ်။

ယုန်လေးက ဒီနှစ် အသက်၁၉နှစ်ရှိပြီ။သူ့ရဲ့ မားမားဖန်တွေနှင့် ပါးပါးဖန်တွေက ချမ်းသာပြီး အာဏာရှိကြသည်။

ယုန်လေးရဲ့ မျက်လုံတွေ နီရဲလာပြီး " ကျွန်.......ကျွန်တော့်မှာ ကိုယ်ဝန်ရှိနေပြီ။"

စီနီယာအကို"!!!"

"သေချာရဲ့လား။ မင်းအမှားမလုပ်မိတာသေချာလား။"

"ကောင်းပြီ" ရှောင်နန် ခေါင်းငုံပြီးတော့ ဖိုင်ကိုထုတ်ယူလိုက်သည်။သူဒါကို စီနီယာရှေ့မှာပြပြီး "ကျွန်တော့်မှာ ဆေးရုံကနေ ကိုယ်ဝန်ရှိကြောင်းဆေးစစ်ချက်ရှိတယ်"

စီနီယာအကိုက ဆေးစစ်ချက်ကိုယူပြီးအကြိမ်များစွာထပ်ခါထပ်ခါဖတ်ကြည့်လိုက်သည်။ ဆေးစစ်ချက်ကအမှန်ဆိုတာကို အတည်ပြုပြီးနောက်

သူ့မျက်ကိုငုံ့လိုက်ပီး " ဘယ်သူလုပ်ခဲ့တာလဲ"လို့မေးလိုက်တယ်။

ယုန်လေး"ရှောင်နန်"က အလွန်ချစ်စဖွယ်ကောင်းသောရုပ်ရည်သွင်ပြင်၊ ထူးခြားသောပင်ကိုယ်အရည်အချင်းတွေနှင့်ချိုမြိန်ပီး ချစ်ဖို့ကောင်းတယ်။
ဒါပေမယ့် သူ့မှာ ထူးခြားတဲ့တည်ဆောက်ပုံရှိသည်။ သူ့အထူးခန္ဓာကိုယ်နှင့်ပတ်သတ်၍ သူက သူ့စီနီယာ Lionကိုသာပြောပြထားသည်။
ဘာကြောင့်လဲဆိုတော့ စီနီယာLionကို သူကအယုံကြည်ဆုံး ခေါင်းဆောင်တစ်ယောက်ဖြစ်လို့ပါပဲ။

ဒါပေမယ့် Lionက ရှောင်နန်ရဲ့ချောချောမွေ့မွေ့ ကိုယ်ဝန်ရရှိခဲ့တာကို လက်မခံနိုင်ခဲ့ဘူး။

သူက ကလေးရဲ့အခြားအဖေတစ်ယောက်
ကဘယ်သူလဲလို့မေးလိုက်သည်။

"ကောင်း....ကောင်းပြီ။   ဒါကလေ ..."လို့ ယုန်လေးက တုံ့ဆိုင်းဆိုင်းနဲ့မဝံ့မရဲပြောလိုက်သည်။

"ရှောင်နန် ငါ့ကိုမြန်မြန်ပြော"လို့ စီစီယာအကိုကတိုက်တွန်းပြောဆိုလိုက်သည်။

"သူက လွန်ခဲ့တဲ့၂ရက်က hot searchပေါ်တက်လာတဲ့ လူတစ်ယောက်ပါ။ မင်းရဲ့ဖန်တွေနဲ့ သူ့ရဲ့ဖန်တွေက အမှန်တစ်ကယ်ကို မတည့်ကြဘူး။"

ဒီစကားတွေကြားပီးနောက် စီနီယာအကိုက ‌အလွန်ကိုရှော့ရသွားတယ်။

"ပိုင်ဖုန်လား? တစ်ကယ် အဲ့ကောင်လား!"

ယုန်လေးက သူ့‌ခြေထောက်တွေအားနည်းလာပီး အလွန်ကြောက်လန့်လာတယ်။

" ဟုတ်ကဲ့....အကို ကျွန်တော် မှားသွားတယ်။ တောင်းပန်ပါတယ်။ ကျွန်တော် တခြားသူတွေကိုတွေ့ရမှာ အရမ်းရှက်တယ်။ ကျေးဇူးပြု၍သွားခွင့်ပေးပါ။" လို့ နောက်ထပ်တစ်ခါတောင်းပန်လိုက်သည်။

"ရှောင်နန် မင်းက အသက်၁၉နှစ်ပဲရှိသေးတာလေ။ သူကဘယ်လိုတောင်လုပ်ရက်ရတာလဲ။"

စီနီယာအကိုက စကားပြောဖို့ကိုတုန့်ဆိုင်းနေခဲ့သည်။ သူ့ရဲ့ပုခုံးကို ပုတ်ပီး ရှောင်နန်ကိုနှစ်သိမ့်လိုက်တယ်

" မကြောက်နဲ့။ ငါက မင်းရဲ့စီနီယာအကို Zoo အဖွဲ့ရဲ့ခေါင်းဆောင်တစ်ယောက်ပါ။ ငါမင်းကို သေချာပေါက် ကူညီမယ်။ ပိုင်ဖုန် အတွက် သူ့မှာတာဝန်ရှိတယ်။"

ငါ့ညီနဲ့အိပ်တာ ဘယ်သူလဲ?Where stories live. Discover now