chapter 2.1

196 30 0
                                    

ခေါင်းဆောင် Lion၏အမည်ရင်းက 'ကူ'ဖြစ်သည်။သူကလက်ရှိမှာအသက်၂၃နှစ်ရှိပြီ။ပိုင်ဖုန်က သူ့ထက်အသက်၁နှစ်ကြီးပီး သူ့ထက်အရင် debutလုပ်ခဲ့လေသည်။

ပုံမှန်အားဖြင့် သူတို့နှစ်ဦးလုံး ပတ်သတ်မှုမရှိကြပေ။ဖျော်ဖြေရေး ကုမ္မဏီမှာ အနည်းအကျည်း မျက်နှာချင်းဆိုင်မိယုံမျှသာဖြစ်သည်။ သူတို့နှစ်ဦး အဘယ်ကြောင့် ပြိုင်ဘက်တွေဖြစ်လာခဲ့တာလဲဆိုရင် မနှစ်က သူတို့နှစ်ဦး ရှေးခေတ်dramaမှာ ပူးပါင်းဆောင်ရွက်ခဲ့ကြ‌လေသည်။

Lionက ဒုတိယမင်းသားအဖြစ်ပါဝင်သရုပ်ဆောင်နေစဉ်မှာပင် သဘာဝကျစွာဖြင့် နောက်ခံကောင်းသော ပိုင်ဖုန်က ဇာတ်ဆောင်မင်းသားနေရာမှာ ပါဝင်ခဲ့လေသည်။

မူလပထမက ဒုတိယမင်းသားနေရာအတွက် ယုန်လေးကို ပိုင်ဖုန်နဲ့ဒါရိုက်တာကရွှေးချယ်ခဲ့ကြသည်။ သို့သော်လည်းပဲ ပိုင်ဖုန့်အကို Bai Ciက ခေါင်းရမ်းပီး ခိုင်မာစွာသဘောမတူခဲ့ပေ။
ရင်းနှီးမြှပ်နှံမှု၏နောက်ကွယ်က ဥက္ကဌက အေးစက်တဲ့မျက်နှာထားနှင့်
"ယုန်လေးက အရမ်းငယ်သေးတယ်။ သူက အဆို၊အကလေ့လာရတာအတွက် ပင်ပန်းနေပီ။ပြီးတော့ သူက‌ ကျောင်းလည်းတက်မှာရှိသေးတယ်။ဒါကြောင့် သူတို့အဖွဲ့ရဲ့ ခေါင်းဆောင်နဲ့ လူချင်းလဲလိုက်ကြစို့"လို့ ပြောလိုက်သည်။

ပိုင်ဖုန်"......"

တစ်ချိန်ထဲမှာပဲ ပိုက်ဖုန်က သူ့အကိုမှာ တစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက်ရှိတယ်လို့ သံသယဖြစ်လေသည်။

ပိုင်ဖုန်"အကို Zooအဖွဲ့ရဲ့ ခေါင်းဆောင်Lion စိတ်သဘောထားမကောင်းပီး စရိုက်ဆိုးတယ်လို့ ငါကြားထားတယ်။"

ပိုင်ချီ" အရာအားလုံးကို အပေါ်ယံပဲကြည့်ပြီး မဆုံးဖြတ်နဲ့။ Lionက ဘယ်လိုပဲ စရိုက်ဆိုးရှိနေပါစေ ကိစ္စမရှိဘူး။သူ့မှာ နူးညံ့တဲ့ ဘက်ခြမ်းရှိသေးတယ်။"

Lionနဲ့ပိုင်ဖုန်က ဇာတ်လမ်းထဲမှာ ညီအကိုအရင်းလိုပဲ ဝိုင်သောက်ကြ၊ ပျော်ပျော်ရွှင်ရွှင် စကားပြောကြပြီး အိပ်ယာတစ်ခုထဲကိုအတူတူအိပ်ကြလေသည်။

ဒါပေမယ့် လက်တွေ့မှာတော့ သူတို့၏ ဆက်ဆံရေးက သာမန်မျှသာဖြစ်လေသည်။

ပိုင်ဖုန်၏ဖန်တွေက Lionက ပိုင်ဖုန်ကို မှီခိုပီး နာမည်ကျော်ကြားဖို့အတွက် တမင်သက်သက် အပုပ်အသိုးတွေ ရောင်းချနေတယ်လို့ တွေးထင်ကြလေသည်။

သို့သော်လည်းပဲ Lion၏ဖန်တွေ သူတို့‌ကောကောအတွက် အလွန်စိတ်မကောင်းစွာခံစားနေကြသည်။ သူတို့နေ့တိုင်းနေ့တိုင်း ကောလဟာလအပုပ်ချခံရတာတွေ အမြဲအပြစ်ခံရတာတွေကို ကြားရတိုင်း သူတို့ ဒါကို သည်းမခံနိုင်ကြတော့ပေ။

နှစ်ဖက်သောဖန်တွေက နေ့စဉ်ဖြစ်ပျက်နေသော အကြောင်းအရာတစ်ခုအပေါ်မှာ တစ်ဖက်နှင့်တစ်ဖက် သဘောထားကွဲလွဲကာ မကြာခဏတိုက်ခိုက်ကြတတ်သည်။ ဒါပေမယ့်လည်း ရန်ပွဲထဲမှာ သူတို့နှစ်ဦးကို ခိုင်ခိုင်မာမာ shipနေသော cpဖန်တွေလည်းပဲ ရှိလေသည်။

Lionနဲ့ပိုင်ဖုန်၏cpကို "Lion Herat Seal"လို့ခေါ်ကြလေသည်။ ပထမဆုံးအကြိမ် Lionက cpကိုရှာတွေ့စဉ် သူအတော်လေးစိတ်ရှုပ်ထွေးသွားခဲ့သည်။

Lion"ဒီလို ရူးစရာကောင်းတဲ့ cp nameကဘယ်လိုတောင်လဲ။ရုပ်ဆိုးလွန်းတယ်။ ရူးနေကြတာလား!"

ယုန်လေးက သူ့ကို စိတ်အေးအေးထားရန် ကြင်နာစွာဖျောင်းဖျလေသည်။
"အကို မင်းရဲ့နာမည်က ပထမအဆင့်ဖြစ်ပြီး fanficတော်တော်များများမှာ မင်းက နံပါတ်၁ပါ။"

အခြားZooအဖွဲ့ဝင်များကလည်း"ဟုတ်တယ် ဟုတ်တယ် ခေါင်းဆောင်ရဲ့မျိုးရိုးနာမည်က "ကူ"ပါ"လို့ ဝိုင်းပြောကြလေသည်။

"ကောင်းပြီး။ ဒါကမှတော်သေးတယ်။"လို့ Lionကခေါင်းညိတ်လိုက်ပြီး အကြောင်းအရာပြောင်းလိုက်လေသည်။" ဒါပေမယ့် ငါ.......ငါက သေချာပေါက် အဖြောင့်တစ်ယောက်ပါကွ။"လို့ ပြောလိုက်သည်။

ကျန်တဲ့အဖွဲ့ဝင်လေးယောက်"......"

(tr note ဂျယ်လီပေတံလေးလိုပါနော် ကိုကို Lion‌ရေ။ဖြောင့်ချက်ပဲ။)

ငါ့ညီနဲ့အိပ်တာ ဘယ်သူလဲ?Where stories live. Discover now