Lionက ယုန်လေးထက်၄နှစ်ကြီးသည်။ သူက မြို့နယ်Cမှာ debutလုပ်ခဲ့ပီး အဖွဲ့ထဲမှာ လူကြိုက်အများဆုံးသူဖြစ်လာခဲ့သည်။
သူ့ရဲ့ပြိုင်ဘက်က အခု ကုမ္ပဏီမှာ ကျော်ကြားပီး နေရာကောင်းမှာရှိတဲ့သရုပ်ဆောင် ပိုင်ဖုန်ဖြစ်သည်။
" အကို, ဒီပြဿနာက ကြီးသွားလွန်းရင် မကောင်းဘူး။ ပိုင်ဖုန်က အလွန်နာမည်ကြီးပီး သူ့ရဲ့နောက်ခံကလဲ အလွန်ခိုင်မာတယ်။ ကျွန်တော်တို့ သွားစော်ကားလို့
မရဘူး။"ယုန်လေး ရှောင်နန်ကတော့ စိုးရိမ်နေဆဲပဲ။ဒါပေမယ့် Lionက
"မပူနဲ့။ ငါ မင်းအတွက်ဆုံးဖြတ်ချက်ချပေးမယ်။"
ခေါင်းဆောင် Lionက သူ့ရဲ့ညီ ယုန်လေးကို သရုပ်ဆောင်ပိုင်ဖုန်းကို ရှာဖို့ ခေါ်သွားလိုက်သည်။
သူတို့ ၃ဦးသားတွေ့ဆုံသောအခါ ယုန်လေးက သူ့စီနီယာရဲ့ နောက်မှာ ပိုင်ဖုန်းသတိမထားမိအောင် ပုန်းနေလိုက်သည်။
ပိုင်ဖုန်းကစိတ်မဝင်စားပဲ သာမှန်မျှကြည့်ကာ
" Lion မင်းနောက်ထပ် hot search ယူဖို့လာတာလား။ ဒီတစ်ကြိမ် မင်းတစ်ခြားတစ်ယောက်နဲ့ကြိုးစားသင့်တယ်။"
Lionက အေးစက်စက်လှောင်ရယ်လိုက်ပီး ချက်ချင်းပြန်ချေပလိုက်တယ်။
"ဒါက ဘယ်သူက ဘယ်သူ့ဆီကနေ ယူတယ်ဆိုတာမသေချာပါဘူး။ မင်း ရှောင်နန်အပေါ်မှာလုပ်ခဲ့တာကို ကောင်းကောင်းသိပါတယ်။"
ပိုင်ဖုန်က ဘာကြောင့်ဆိုတာမသိပဲ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပီး
"ငါဘာလုပ်ခဲ့လို့လဲ။"
"Sir,အဲ့ဒီညက မင်း.....ကျွန် ..ကျွန်တော်"
ယုန်လေးက အနည်းငယ်စကားထစ်နေပီး ရှက်နေသည်။ဒါကိုကြားပီးနောက် ပိုင်ဖုန်းက တွေးတွေးစစနဲ့သူ့မေးကိုထိလိုက်ပီး
"အဲ့ညကလူက မင်းဖြစ်နေတာပေါ့။"
ပြီးနောက် သူက Lionနောက်ကယုန်လေးကို တိုက်ရိုက်ကြည့်ပီး မေးလိုက်တယ်
"ကောင်လေး မင်းဗိုက်ထဲက ကလေးက ငါ့ကလေးဆိုတာသေချာရဲ့လား။"
ယုန်လေးက မေးခွန်းကြောင့်ခဏတာ တွေဝေသွားပီး Lionရဲ့မျက်နှာကတော့ ပိုရုပ်ဆိုးလာတယ်။
ဒီအချက်အလက်နဲ့ပတ်သတ်ပီး သူ့မှာပြောင်းလဲဖို့ရန် နည်းလမ်းမရှိဘူးလို့ သူခံစားလိုက်ရတယ်။ဒါကြောင့်သူ့မှာ အဆုံးထိ တာဝန်ယူဖို့နှင့် အလဟဿ တောင်းဆိုဖို့ပဲရှိတယ်။
ပိုင်ဖုန်က သူ့ရဲ့မျက်ခုံးကိုပင့်ကြည့်လိုက်ပီး
" ငါက ဘယ်သူ့အတွက်တာဝန်ရှိတာလဲ။ မင်းလား ဒါမှမဟုတ် သူလား?""ငါ-ိုး! မင်းဘယ်လိုတောင် ဒါကိုပြောရဲတာလဲ။"
သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်စကားတွေများကြသည်။ နောက်မကြာခင်မှာ မမျှော်လင့်ပဲ Lionရဲ့ခြေဖဝါး ချော်သွားပီး ပိုင်ဖုန်းရဲ့ လက်မောင်းထဲ လဲကျသွားသည်။
သူက ပိုင်ဖုန်းကို ကြမ်းပြင်ပေါ်သို့ ဆွဲချမိသွားသည်။ ဒါပေမယ့် လဲကျတာက သူ့ကိုမရပ်တန့်စေပဲ သူတို့နှစ်ယောက်လုံး ကြမ်းပြင်မှာ အပြန်အလှန်ထိုးနှက်နေကြသည်။
ရှောင်နန်ကငိုယိုပီး
"စီနီယာ၊Mr ပိုင် ကျေးဇူးပြုပီး ရန်မဖြစ်ကြပါနဲ့။"ကံကောင်းစွာနဲ့ပဲ ဒီအချိန်မှာ နှစ်ယောက်လုံးရဲ့ မန်နေဂျာက တစ်ချိန်ထဲတံခါးတွန်းဖွင့်ပီး ဝင်လာကြသည်။
"Lion ,မင်း! မင်း ဘာကြောင့်သူ့ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားတာလဲ။ လွှတ်လိုက်။"
Zooအဖွဲ့က မန်နေဂျာက ကမန်းကတန်းရှေ့ကိုလှမ်းသွားပီး Lionနဲ့ ပိုင်ဖုန်ကိုခွဲထုတ်လိုက်သည်။တစ်ချိန်ထဲမှာပဲ ပိုင်ဖုန်ရဲ့မန်နေဂျာက ခန်းစီးကို မြန်မြန်ဆွဲချလိုက်သည်။
"မင်းတို့နှစ်ယောက် ဘယ်လိုမှမဖြစ်နိုင်တာကို အပြန်အလှန် ဖတ်နေကြတယ်ပေါ့လေ!"
ဒုတိယနေ့မှာ ပိုင်ဖုန်းနဲ့ Lionအတူတူ hot searchမှာရှိနေသေးတုန်းပါပဲ။
Lion သူ့ရဲ့လည်ပင်းရဲ့ အရေပြားပွန်းပီး နီရဲနေသည်။ဒါက သူအကလေ့ကျင့်နေစဉ် မတော်တဆ ခြစ်မိတာလို့ ရှင်းပြခဲ့သည်။
ဖန်တွေက အမှန်တရားကိုမသိပဲ Lionအတွက် စိတ်မကောင်းနေကြတယ်။
ဒါပေမယ့် လူတစ်ချို့ကတော့ တစ်ခဏအတွင်းမှာပဲ တွေ့ခဲ့ကြသည်။ ပိုင်ဖုန်းရဲ့အေဂျင်စီကတော့ အကူအညီမဲ့စွာသက်ပြင်းချလိုက်သည်။
"ရှောင်ဖုန် မင်း ဘာကြောင့် Lionနဲ့ထပ်ပီး သဘောထားကွဲလွဲပြန်ရတာလဲ?"
ပိုင်ဖုန်"သူတို့အဖွဲ့ထဲက အဖွဲ့ဝင်တစ်ယောက်နဲ့ အိပ်ဖို့ ဘယ်သူပြောတာလဲ။"
Nov 13 23
9.55 pm

YOU ARE READING
ငါ့ညီနဲ့အိပ်တာ ဘယ်သူလဲ?
FanfictionTitle: 对家让我家忙内怀孕了 English name:Who slept with my brother? Original Author: Sweet Grapefruit Tea (甜柚茶) Status: 39 Chapters (Completed) Zooလူငယ်အဖွဲ့ထဲက အငယ်ဆုံးအဖွဲ့ဝင်လေးက မမျှော်လင့်ပဲ ကိုယ်ဝန်ရှိလာပြီး သူနှင့်ဘယ်သူအိပ်ခဲ့လဲဆိုတာ သံသယဖြစ်နေခဲ့တယ်။ ...