10

461 66 22
                                    

အိပ်တစ်ဝက်၊နိုးတစ်ဝက်အနေအထားမှာပထမဆုံးရှာမိတာက ဖုန်းကိုဖြစ်သည်။ အပြည့်အဝမဖွင့်နိုင်သေးတဲ့မျက်လုံးတွေကိုလက်ဖြင့်တစ်ချက်ပွတ်လိုက်ပြီးနောက်မှာ လှဲနေရာမှထထိုင်လိုက်သည်။

လက်ထဲရောက်နေပြီဖြစ်တဲ့ဖုန်းကိုဖွင့်ကြည့်တဲ့အခါ ဝင်ထားသောစာဟူ၍ရှိမနေ။ အလိုမကျဖြစ်သွားတဲ့စိတ်ကလေးနဲ့အတူ သက်ပြင်းသဲ့သဲ့ကိုချမိတယ်။

မနေ့ညကစာပို့ပြီးစကားပြောနေရင်းနဲ့ ခါတိုင်းလိုမဟုတ်ပဲ အရင်စကားစဖြတ်သွားတဲ့ဂျောင်ဝန်းကြောင့်အနည်းငယ်စိတ်ထင့်ပြီးမှအိပ်ပျော်သွားခဲ့တာကို အခုနိုးလာတော့လည်းဘာမှပို့မထားတော့ ဆောနူစိတ်ကလေးမသာမယာဖြစ်သွားရသည်မှာအမှန်။

ဂျောင်ဝန်းမပို့လည်း သူကပို့လိုက်ရင်ဖြစ်တာပဲဆိုသည့်အတွေးလေးချက်ချင်းခေါင်းထဲရောက်လာတာမလို့လက်ချောင်းတွေကိုဖုန်း screen ထက်သို့ပြေးလွှားစေလိုက်သည်။

*good morning ဂျောင်ဝန်း*

ပို့ထားတာလေးကို ကိုယ့်ဘာသာပြန်ဖတ်ပြီးနောက်မှာတော့တစ်ကိုယ်ရေသန့်ရှင်းမှုပြုဖို့ရာအတွက် အိပ်ရာထက်မှထပြီးရေချိုးခန်းဆီသို့ဦးတည်လိုက်ရသည်။

ဒီနေ့ဆောနူအလုပ်သွားရမဲ့ရက်ဖြစ်ပြီး နေ့လယ်ဘက်မှာလုပ်ငန်းရှင်တစ်ချို့နဲ့တွေ့ဖို့ရာအတွက်လည်းရှိတာမို့ အလုပ်ရှုပ်ဦးမည့်ရက်ပါပေ။ အဲ့လိုတစ်နေ့တာကိုစတင်ဖို့အတွက် သူသဘောကျနေတဲ့လူသားလေးဂျောင်ဝန်းဆီကစာလေးများရလိုက်ရင်တော့အားတွေပြည့်သွားနိုင်မည်ထင်သည်။

အပြင်မှာထားခဲ့မိတဲ့ဖုန်းဆီမှာရောက်နေလောက်မည့်ပြန်စာလေးကိုအာရုံရောက်နေမိတော့ ရေကိုမြန်မြန်ချိုးပြီးထွက်ဖို့ကိုသာစိတ်လောနေခဲ့သည်။

ပြီးလည်းပြီးသွားရော အရင်ဆုံးပြေးသွားမိတာကဖုန်းဆီ။ သို့သော် ဘာစာမှရှိမနေတဲ့အပြင် ဖတ်တောင်မဖတ်သေး။ သူ့ကိုယ်သူတောင်မသိလိုက်ခင်နှုတ်ခမ်းစူမိသွားရသည်။

မနေ့ကဆောနူအမှားလုပ်မိတာများရှိသလားလို့ပြန်လည်တွေ့ရသေးသည်။ ဒါပေမဲ့လည်း အဖြေကရှာမတွေ့ခဲ့ပါ။ သူအတွေးလွန်တာနေမှာ။ ဂျောင်ဝန်းမအားသေးလို့စာကိုမကြည့်နိုင်သေးတာလည်းဖြစ်နိုင်တာပါပဲ။

𝑳𝒊𝒌𝒆 𝒂 𝑫𝒓𝒆𝒂𝒎𝒄𝒂𝒕𝒄𝒉𝒆𝒓 Where stories live. Discover now