16

494 61 23
                                    

" ဘယ်လို! ကိုယ်အခုလာခဲ့မယ် "

ဆောနူမှာ သူနေမကောင်းဘူးလို့ပြောလိုက်တာနဲ့ဖုန်းချပြီးတန်းလာဖို့ပြင်နေတဲ့ရည်းစားဖြစ်သူကြောင့်အမြန်တားဖို့ရန်လုပ်ရတော့သည်။

" အဲ့လောက်အထိမလိုပါဘူး မောင်ရဲ့။ ခဏနေဆေးသောက်ပြီးနားနေလိုက်ရင်သက်သာပြီရယ် "

" မဟုတ်သေးပါဘူး။ ကိုယ့်ဆောနူနေမကောင်းနေမှတော့ကိုယ်ကလာပြီးအခြေအနေလေးကြည့်ချင်သေးတာပေါ့ "

အမှန်ဆို မလာဖို့တားနေရတဲ့ဆောနူမှာလည်းဂျောင်ဝန်းအနားကပ်နေလိုက်ချင်တဲ့စိတ်ကလေးကရှိပါသည်။ သို့သော်လည်း အိမ်လာရင်ကအဒေါ်ကြီးပဲရှိတာပေမဲ့ ဖေဖေနဲ့ညီမလေးကိုပြန်မပြောဖို့ပိတ်ပြန်ရင်လည်းရုပ်ပျက်သွားရဦးမှာမို့ထိုသို့မလုပ်ချင်။

ဂျောင်ဝန်းကိုမိတ်ဆွေပါလို့ပြောပြန်ရင်လည်း ဘယ်မိတ်ဆွေကိုဆောနူကသူ့အခန်းထဲခေါ်မှာတဲ့လဲ။ အပေါင်းအသင်းမရှိတာလည်းအိမ်ကလူတွေအသိမို့ ဘယ်လိုဖြစ်ဖြစ်ရိပ်မိကြမှာပင်။

ပြီးတော့ ဖေဖေကအခုရက်ပိုင်းစိတ်ရှုပ်နေပုံရလို့ သူ့အကြောင်းဖွင့်ပြောဖို့ရာကအချိန်မတန်သေးဘူးလို့လည်း ဆောနူသတ်မှတ်ထားမိတာကြောင့်ပေ။

" လာချင်တဲ့စိတ်ကိုနားလည်ပါတယ်။ ဒါပေမဲ့ အခုကမဖြစ်သေးဘူး။ အိမ်လာရင်ဖေဖေတို့သိကုန်မယ် မောင်နဲ့ငါ့ရဲ့ဆက်ဆံရေးကိုလေ "

ဂျောင်ဝန်းဘက်မှသက်ပြင်းချသံသဲ့သဲ့လေးကိုကြားလိုက်ရသည်။

" အင်း ဟုတ်ပါပြီ။ ဆောနူအဆင်ပြေတယ်ဆိုလည်းပြီးတာပါပဲ။ ဂရုစိုက်နော်။ တစ်ခုခုလိုရင်တန်းပြီးတော့ဖုန်းဆက်လိုက် ဟုတ်ပြီလား "

" အင်းပါ။ မောင်လည်းဂရုစိုက်နော် "

" ဟုတ်ပြီ ဒါဆိုနားတော့ "

ဖုန်းချပြီးတာနဲ့ဆောနူပထမဆုံးလုပ်မိတဲ့အလုပ်က ဆိုဖာပေါ်ထိုင်ရာကနေထလိုက်တော့တာပါပဲ။ အလုပ်လုပ်နေရမဲ့လူကိုစိတ်မပူစေချင်လို့သာအဆင်ပြေပါတယ်ပြောနေရတာ‌။ တကယ်ဆို သူ့ခေါင်းတစ်ခုလုံးချာချာလည်ပြီး ထိုးကိုက်နေတာ မခံချင်လောက်အောင်ပင်။

𝑳𝒊𝒌𝒆 𝒂 𝑫𝒓𝒆𝒂𝒎𝒄𝒂𝒕𝒄𝒉𝒆𝒓 Where stories live. Discover now