9

424 63 8
                                    

" ဆောနူ! "

ဘတ်စ်ကားပေါ်ကဆင်းလာတဲ့အရိပ်ကလေးကိုမြင်လိုက်ရတာနဲ့သူလှမ်းခေါ်မိလိုက်တော့ ဆောနူကလည်းသူ့မူပိုင်အပြုံးလေးဖြင့် အနားသို့ရောက်လာခဲ့သည်။

" ငါ့ဘာသာလာပါ့မယ်ဆိုတာကို "

မကျေနပ်ကြောင်းဖော်ပြနေတဲ့လေသံလေးနဲ့အတူ နှုတ်ခမ်းလေးတွေကစူချင်ချင်။ စိတ်မချလို့လာခေါ်တဲ့ဂျောင်ဝန်းကိုတားမရလို့သာလွှတ်ထားရသည့်ဟန်ဖြင့်။

" ဘတ်စ်စီးလေ့မရှိတဲ့လူမလို့ တစ်ယောက်တည်းလာတော့စိတ်ပူမိတာပေါ့ "

" ငါက ကလေးလား။ ပြီးတော့ မစီးဖူးတာလည်းမဟုတ်ဘူး "

" ဘာပဲဖြစ်ဖြစ် ကျွန်တော်ကစိတ်ပူတယ်လေ။ ဒီတိုင်းလက်ခံလိုက် စိတ်ပူပေး‌နေတာကို "

ဂျောင်ဝန်းစကားအဆုံးမှာဆောနူကမျက်နှာလှလှလေးကိုတစ်ချက်ရှုံ့ပြတယ်။ နှုတ်ခမ်းပါးထက်ဖြစ်တည်နေတဲ့အပြုံးဖျော့ဖျော့မှာတော့ဆန့်ကျင်စွာ သဘောကျကြောင်းကိုဖော်ပြပေးနေလျက်။

" မင်းကိုတော့ငါမနိုင်ပါဘူး "

စကားဝိုင်းလေးကဒီလိုနဲ့အဆုံးသတ်တယ်။ အနီးစပ်ဆုံးမှတ်တိုင်မှာဆင်းတာဖြစ်သော်လည်း ဂျောင်ဝန်းအိမ်ရောက်ဖို့ကိုတော့ အနည်းငယ်လမ်းလျှောက်ရဦးမည်ဖြစ်သည့်အတွက် ဆောနူ့လက်ထဲကအထုပ်လေးတွေကိုလက်ပြောင်းယူလိုက်ပြီး နေရာမှထွက်ခွာခဲ့ကြသည်။

အချိန်အတိုလေးအတွင်းသိသာတဲ့ပြောင်းလဲမှုတွေများစွာရှိသည်။ အခုဆို ဂျောင်ဝန်းနဲ့ဆောနူကအတော်လေးရင်းနှီးနေပြီဆိုတဲ့အဆင့်။ နောက်တစ်နည်းနဲ့ပြောရမယ်ဆိုရင် သာမန်ရင်းနှီးတာထက်ကျော်လွန်ပြီး အီစီကလီလုပ်နေတဲ့အဆင့်လို့ပြောရမလား။

တစ်ပတ်ဆိုတဲ့ကာလကဘယ်လောက်မှမကြာပေမဲ့ ထိုတစ်ပတ်အတွင်းမှာတင်နေ့တိုင်းနီးပါးတွေ့ဖြစ်ကြတဲ့သူတို့။ ပိတ်ရက်တင်တွေ့နေရမှာမျိုးကိုနှစ်ယောက်လုံးဘက်ကသဘောမကျမိတာကိုသူတို့အချင်းချင်းလည်းခံစားမိနေသည်။

ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက်မအားနေတဲ့ကြားကနေအချိန်ဖဲ့ပေးရင်း ရရင်ရသလိုတွေ့ခဲ့ကြသည်။ နှစ်ယောက်လုံးဘက်ကလိုလားနေတဲ့အခြေအနေမို့ ပြောရရင် တွဲနေတယ်ဆိုတဲ့အဆင့်နဲ့တဖြည်းဖြည်းနီးကပ်လာနေတာပါပဲ။

𝑳𝒊𝒌𝒆 𝒂 𝑫𝒓𝒆𝒂𝒎𝒄𝒂𝒕𝒄𝒉𝒆𝒓 Where stories live. Discover now