1

15 3 0
                                    

လူတစ်ယောက်အတွက် အသက်စွန့်ဖို့ တန်သလားတဲ့
အပြင်ပန်းကြည့်ရင် ဘယ်တန်ပါ့မလဲ
သေချာစဥ်းစားကြည့်ရင်တော့
အသက်စွန့်သွားသူဟာ သိပ်ကို သနားစရာကောင်းပါတယ်
လူတစ်ယောက်ကို ရူးနေအောင် ချစ်ခဲ့ပီး
ဒီလူဆီကနေ အချစ်နဲ့ စိတ်ဒဏ်ရာတွေကို အလှဲအလှယ် လုပ်နေခဲ့ရတာ။ ပေးသမျှ အချစ်တွေက ပြန်ရတော့ 20%သော ပျော်ရွင်မှုနဲ့ 80% သော စိတ်အနာတရတွေ
ဒီလူ့မျက်နှာ တစ်ကမ္ဘာထင်ပီး မိုက်မဲခဲ့သမျှတွေ။ ဒီလူမျက်နှာတော်ကိုပဲ မော်ဖူးရင်း အတိုက်အခံ လုပ်ခဲ့တာတွေ။ ဒီလူစိတ်နဲ့ပဲ ရှေ့ဆက်နေတဲ့ နေရက်တွေ။ စက္ကန့်တိုင်း မိနစ်တိုင်းမှာ ဒီလူဆိုတဲ့ ဦးတည်ချက်တွေနဲ့ ခြေလှမ်းတွေ လှမ်းနေခဲ့တာ။ vision ရော mission ရော goal ရောက ဒီလူဆိုတဲ့ သက်ရှိပဲမို့ ဒီလူသာပြောင်းလဲသွားရင် ငါတို့ဦးတည်ရာဟာလည်း အသက်စွန့်ခြင်း ဆိုတာအပြင် ဘာမှမတတ်နိုင်ခဲ့ဘူး။ လောကနိယာမတွေ ဘာတွေလည်း နားလည်နိုင်စွမ်းမရှိတော့သလို အတွေးတွေဟာလည်း ဆန်းဆန်းပြားပြားတွေဖြစ်လာတယ်။

ရူးလောက်အောင် ချစ်ခဲ့လို့ ရူးသွားရသလို သေလောက်အောင် ချစ်နေခဲ့လို့ သေပေးလိုက်ရတာပါပဲ။

ကျန်တာတွေ ငါတို့မှ မတွေးတတ်ပဲလေ

                                     #Lamron

LAMRONWhere stories live. Discover now