အနားမှာ မင်းမရှိတဲ့နေ့တွေ
မင်းမျက်နှာကို မမြင်ရတဲ့နေ့တွေဟာ
ကိုယ့်အတွက်တော့ ငရဲလိုပါပဲ
နေမထိ ထိုင်မသာ ဖြစ်ရတာနဲ့
ဘယ်ကညောင်းလို့ ဘယ်အရာက ကိုက်ခဲနေမှန်းမသိတဲ့ နာကျင်မှုတွေဟာ
နေရာစုံမှာ ပေါ်လာတတ်စမြဲပဲ
ခဏလောက်ဖြစ်ဖြစ် မင်းမျက်နှာကို
ငေးကြည့်လိုက်ရရင်တော့ ထိုအရာတွေဟာ
လုံးဝဥဿုံ ပျောက်သွားတတ်ပာရဲ့လေ
လူတွေက ကိုယ့်ကိုပြောကျတယ်
မင်းရူးနေပီတဲ့
ကိုယ်ပြုံးရုံမှ တခြား ဘာမျှ
မတတ်နိုင်ခဲ့ပြန်ဘူးကွယ်