အိပ်မပျော်တဲ့ညတွေ
အရင်လိုကော်ဖီတစ်ခွက်ကို
အလောတကြီး ထမဖျော်တော့ဘူးအေးစိမ့်နေတဲ့ညတွေမှာ
အိပ်မပျော်ခဲ့ရင်
ကော်ဖီပူတွေနဲ့ သိပ်လိုက်ဖက်ကြောင်း
ပြောခဲ့တဲ့ ကိုယ်က ကိုယ်မဟုတ်တော့သလို
ကော်ဖီဖျော်ရမှာကိုတောင် လက်တွန့်နေတယ်ခါးသက်သက်အရသာကို
ကြိုက်ပါတယ်ဆိုတဲ့လူက
ကော်ဖီခါးခါးတွေ သိပ်မသောက်တော့ဘူးရူးမူးပီး မှောက်လှဲသွားစေမယ့်
ပြင်းရှရှအခါးအရသာကိုပဲ
ပါးစပ်တွေ့နေခဲ့တာ အချိန်အတော်ကြာပီပြင်းပါတယ်ဆိုတဲ့ အရက်တွေက
ခုတလော သိပ်ပီးမပြင်းတော့သလိုပဲ
မူးလည်းမမူးတော့သလို
ရူးလို့လည်း မရတဲ့အချိန်တွေတောင်ရောက် မြောက်ရောက်
အတွေးတွေလို့ပြောလို့မရတော့တဲ့
အတွေးတွေက
သူတစ်ယောက်ထဲရဲ့ အကြောင်းတွေကိုယ့်ကို မယုံကြည်တဲ့လူတွေကို
လှည့်တောင်မကြည့်ခဲ့တဲ့ ကိုယ်က
သူနဲ့ကျတော့ ယုံပေးပါဆိုပီး
အထပ်ထပ်အခါခါ တောင်းဆိုခဲ့တာတွေတတောက်တောက်ကျနေတဲ့ မျက်ရီတွေကို
လက်နဲ့လည်း မဖယ်ဖြစ်တော့ဘူး
ကျပါစေတော့ ဒီမျက်ရီတွေမျက်ရီမိုးတွေရွာသွန်းတယ်လို့ပြောလို့ရရင်
မောင့်မျက်ရီကြောင့်
မြို့တွေအကုန်ရေမြုပ်သွားမှာတောင် စိုးရတယ်အသက်တွေလောင်းကြေးထပ်ပြလည်း
မယုံချင်တဲ့သူက မယုံဘူးပဲ
အဆုံးထိကို မယုံခဲ့ဘူးကတိတွေပေးခဲ့တယ်
ကတိတွေလည်း တည်ခဲ့တယ်
ဘယ်ကတိကိုမဆို တည်နိုင်ခဲ့တာတောင်
မယုံချင်သူက မယုံဘူးဘယ်လိုပဲ သက်သေပြပြ
မယုံချင်သူက မယုံဘူးဒဏ်ရာတွေ ဗလပွနဲ့
သူ့ရှေ့ရပ်နေခဲ့တာတောင်
သူကတော့ သတိတောင် ထားမိခဲ့တာမဟုတ်ဘူး
ထိုမျှလောက်ထိ သူဟာ မယုံခဲ့တာမောင်လို့ခေါ်ချိန်တိုင်း
ဗျာလို့ထူးတဲ့အသံကို
သူခံစားလို့မရခဲ့လို့
သူမယုံခဲ့ဘူးချစ်ပါတယ်လို့ပြောတိုင်း
ကိုင်ပြလို့မရခဲ့လို့
သူမယုံခဲ့ဘူးကတိတွေတည်ကြောင်းသူသိပေမယ့်
သူမယုံချင်လို့ကို မယုံတာခွဲခွာခြင်းက လှပကောင်းလှပနိုင်ပေမယ့်
ရင်ထဲမှာတော့ ဒဏ်ရာတွေ အရက်ပြန်လောင်းခံထားရသလို တစစ်စစ်နဲ့ နာလိုက်တဲ့ဖြစ်ခြင်းထုတ်ပြလို့မရတဲ့ အတွင်းဒဏ်ရာတွေကို
နာတယ်လို့ အော်ညည်းပြနေလည်း သူကတော့
နားထောင်နေပါတယ်ဆိုပီး
နားပိတ်ထိုင်နေခဲ့တာ
ကိုယ်မသိတာလည်း မဟုတ်အဆုံးသတ်ကို ကြိုသိနေလည်း
ရှောင်လွဲလို့မရခဲ့တဲ့
အစကို ပြန်ပီး မတူးဖော်ချင်တော့လို့
သွားပါစေတော့ရယ်လို့
လွယ်လွယ်လေး လက်လွတ်ပေးခဲ့တာ မဟုတ်ဘူး
ဒီရင်အကွဲခံပီး
ပျော်နေပေးပါဆိုပီးအထပ်ထပ်တောင်းဆိုခဲ့တာတွေက
အလကားမဟုတ်ဘူးစိတ်မချရအောင်သိပ်မလုပ်ဖို့ပြောနေပေမယ့်
စိတ်မချရအောင် ခနခနလုပ်နေတော့
ရေဆုံးမြေဆုံးလိုက်သောင်းကျန်းမယ်ပြောတော့လဲ
မထုံတတ်တေး လက်မခံချင်သလို
ခေါင်းငြိမ့်နှင်လွှတ်တာတွေက
အသဲပေါက်စရာကောင်းလွန်းလို့
သူ့နေရာမှာ တစ်ခြားတစ်ယောက်ဆို
ဘယ်လောက်ထိတောင် ရိုက်ပစ်မိမလဲမသိအထင်မသေးဘူးလား
ခဏခဏမေးတဲ့သူ့ကို
ဘယ်လောက်ထိ အထင်ကြီးလေးစားကြောင်း
ဖွဲ့ဖွဲနွဲ့နွဲ့ မပြောပြတတ်တော့
ကိုယ်ဟာ သူ့အပေါ် ပေါ့ပေါ့လေးလို့
သူထင်ပြန်တယ်ထင်ပြန်တာလားလို့မေးရင်
မဲ့ရွဲ့ပြတော့မှာ မြင်ယောင်သေးလို့
နောက်ထပ်မမေးဖို့
ဆုံးဖြတ်ချက်တွေ ချလိုက်တယ်ကိုယ်ချစ်တာ သူမယုံနိုင်ခဲ့ခြင်းတွေမှာ
နည်းနည်းလေးတောင်
ကိုယ်မအံ့ဩဘူး
ကိုယ်ချစ်ကြောင်း
ထုတ်ပြောတဲ့အခါ
သူ့မှာ စကားလုံးတွေပျောက်သွားတာကိုသိခဲ့ပေမယ့်
အချိန်ကိုက်မဖြစ်ခဲ့တဲ့
ဇာတ်လမ်းတစ်ပုဒ်က
ကပျက်ကချော်တွေနဲ့ အဆုံးသတ်သွားခဲ့တယ်ကိုယ်ချစ်သလောက် မယုံနိုင်ခဲ့တာတွေဟာ
သူ့စိတ်ထဲမှာတော့ ကိုယ်ဟာ နာမည်တစ်လုံးသာသာပဲ
ဇာတ်ကောင်တစ်ခုထက်မပိုခဲ့သလို
ဘာမှလည်း မဟုတ်ခဲ့ဘူးရေးမိရေးရာ ရေးခဲ့တာတွေကလည်း
ဘာမှ ရေရေရာရာမရှိတာမို့
စာရေးသူဆိုတဲ့ ဂုဏ်ပုဒ်ကိုလဲ ရှောင်နေခဲ့တာကြာပီ
ပြန်ရေးတိုင်း ပြန်ဖတ်တိုင်း
ဆားမပါတဲ့ ဟင်းတစ်ခွက်ကို စားနေရသလိုမို့
ထိုနေ့က အဆုံးသတ်ခဲ့တဲ့ ခံစားချက်တွေကလည်း
ဒီနေ့တွေအထိ အဆုံးသတ်နေတုန်း#Lamron