နှလုံးသားဟာ တဆစ်ဆစ် နာကျင်ရင်း ဘယ်ဖက်ရင်ဖတ်ကို လက်သီးဆုပ်နဲ့ တချက်နှစ်ချက်လောက် တဘုန်းဘုန်း မြည်အောင် ထုချေလိုက်တဲ့အခါ အသက်ရှူတွေပါ ရပ်မတန့်။
အောင့်သက်သက် ရင်ဘတ်တစ်ခုလုံးဟာ ပေါက်ထွက်တော့မတတ်။
ဒါဟာ နှလုံးရောဂါကြောင့်မဟုတ်ပဲ အချစ်ကြောင့်ရောဂါရခြင်းတဲ့။
ဘယ်လိုအချစ်ရောဂါမျိုးပါလိမ့်။
အသက်ရှူဖို့တောင် ခက်ခဲနေရပီး ဆူးချွန်တွေနဲ့ ထိုးစိုက်နေဘိသကဲ့သို့ မခံမရပ်နိုင်အောင် နာကျင်ခြင်းတွေမှာ အကိုက်အခဲပျောက်ဆေးတွေတောင် မကယ်နိုင်တော့။ အာခံတွင်းထဲ လောင်းထည့်လိုက်တဲ့ ခပ်ကြီးကြီးဆေးလုံးတွေဟာ ခါးမှန်းမသိနိုင်လောက်အောင် ရေအကူနဲ့ မျှောချလိုက်ရသည့် ဖြစ်ခြင်းတွေ။
ဒါဟာ အချစ်ရဲ့ ဘေးထွက်ဆိုးကျိုးတဲ့။
ထင်ခဲ့သည့်အချစ်မှာ ပျော်ရွှင်ကြည်နူးခြင်းတွေသာ ဖြစ်ပီး လက်တွေ့မှာတော့ အသက်ရှူရပ်မတန့် နာကျင်ခြင်းတွေ ဖြစ်ကြောင်း မသိလိုသော သင်ခန်းစာတွေ။
အတွေးတွေက သတ်နေတာမဟုတ်ပဲ စိတ်တွေဟာ သေရခြင်း။
မနာပါနဲ့တော့ နှလုံးသားကလေးရေ။
မချစ်လို့မရတဲ့အခြေအနေမို့ မနာပါနဲ့။
သူကလွှဲရင်မရဘူးဆိုတဲ့ ခေါင်းစဥ်အောက်မှာ အသက်ရှင်နေတာမို့ အသက်ရှူရပ်သွားလောက်အောင် နာကျင်တာမျိုးနဲ့ လွန်ဆွဲပွဲမကျင်းပပါနဲ့။
ဒီလူက ထိုအမျိုးကောင်းသမီးကလွဲရင် ကျန်အမျိုးသမီးတွေကို မမြင်နိုင်လောက်အောင် ချစ်နေခဲ့တာမို့ မနာကျင်ပါနဲ့။
ခံနိုင်ရည်တွေလည်း မရှိတော့ပါဘူးကွယ်။
လက်လျှော့လို့မဖြစ်တဲ့အခြေအနေလေးမို့ တဲတဲလေးသာ ကျန်တဲ့ ကိုယ့်ခန္ဓာကို ညာတဲ့အနေနဲ့ မနာပါနဲ့တော့လား နှလုံးသားငယ်ရယ်။#Lamron