Unicode
"မောင် မင်းအဲ့အရက်ကိုဖြတ်မလား
ငါနဲ့သမီးအိမ်ပေါ်ကဆင်းရမလားတစ်ခွန်းတည်းဖြေ
မောင်.."နိုးထလာခါစမောင်ဟာ ရှုပ်ပွနေတဲ့ဆံပင်တွေကို
ခါထုတ်လိုက်ရင်း မောင်ဖြတ်ပါ့မယ်အချစ်ရယ်ဆို
တဲ့စကားကိုပြောလာသည် အကြိမ်၁၀၀မက
တော့တဲ့စကားကိုငါ့ကိုယုံစေချင်ပုံရတဲ့မောင်ဟာ
ငါ့ရဲ့သည်းခံစိတ်ကို စမ်းနေသယောင်.."မင်းပြောနေတာအကြိမ်တစ်ရာမကတော့တာ
ကိုယ့်ကို ကိုယ်ေရာသိရဲ့လားမောင်..""မောင်သိပါတယ် ဒါပေမဲ့ချက်ချင်းကြီးမှ
ဖြတ်လို့မရတာ နည်းနည်းချင်းစီဖြတ်ပေးပါ့မယ်
အချစ်ရာ""မောင့် !!!နည်းနည်းစီနည်းနည်းစီဆိုတဲ့အသံကို
ငါမကြားချင်ဘူး အေး မင်းမွေးထားတာသမီးလေး
နော်မင်းစဉ်းစား."တစ်ခုခုဆို သူနဲ့သမီးလေးအိမ်ပေါ်ကဆင်းရမလား
ဆိုတဲ့အကြောင်းပြချက်တွေ မင်းမွေးထားတာသမီး
လေးပါဆိုတဲ့အကြောင်းပြချက်တွေကို မောင်သိအောင်
ရှင်းပြနေလည်း အပိုေတွသာဖြစ်နေခဲ့သည်။"မောင်သိပါတယ် မောင်ဒီတစ်ခါတစ်ကယ်
ဖြတ်ပါ့မယ် မောင့်ကိုစိတ်မဆိုးနဲ့တော့နော်.""တစ်ပတ် အင်း တစ်ပတ်အချိန်
ပေးမယ် မဖြတ်နိုင်ရင် ငါနဲ့သမီး
အိမ်ပေါ်ကဆင်းပြီသာမှတ်ထားလိုက်.."စိတ်ကတော်တော်ကိုတိုနေတာမို့
ပြတ်ပြတ်သားသားေပြာပြီးအခန်းထဲကထွက်လာသည်
ပြီး အိမ်မှာသမီးလေးလဲရှိသေးသည်မလား
ရန်မဖြစ်ချင်ပါ မောင်ဟာပြောရခက်ဆိုရခက်
တဲ့လူစားပါလားမောင်ရယ် ငါ့စကားက
မောင့်အတွက်များအရေးမပါတော့ပြီလား.."ပါးပါး မီးလေးမုန့်စားချင်ပီ."
သမီးလေးသည် အတတ်ကလေးရယ်
သူစိတ်တိုနေမှန်းသိတဲ့အခါ ကိုယ်ပေါ်ကုတ်တွယ်
တက်ပြီး ဖက်ထားပေးသည် ပြီးသည်လိုမျိုး
သူစားချင်တာလေးလဲတောင်းဆိုတတ်သေး၏"ဟုတ်ပီ ပါးတို့အပြင်ထွက်ပြီးစားကြ
မယ် ကဲအ၀တ်အစားလှလှလေးလဲကြရအောင် "သမီးလေးကိုအ၀တ်အစားလဲပေး ပြီး
ကိုယ်ကိုတိုင်လဲ ပြင်ဆင်ရသေး၏
မောင်ကတော့ အခုမှရေချိုးပြီးထွက်လာပုံ