တောင်ပေါ်သားရဲ့အာပူတူး

389 52 19
                                    

Unicode

တစ်ကယ်ဆို ကျွန်တော်တို့ တောင်ပေါ်သူ
တောင်ပေါ်သားတွေအင်မတန်မှရိုးသားကြပါသည်။

သို့သော် ချစ်တယ်‌ဆိုသောစကားမှာတော့
မရိုးသားကြပေ အရှိကိုအရှိတိုင်းဖွင့်ပြောတတ်ကြသည်။
အခုလည်း သူလေးကိုချစ်ခွင့်တောင်းတာ
ကျောင်းပင်နောက်ဆုံးနှစ်သို့ ကူးပြောင်းလာခဲ့ပီသာ

အခုလည်း သူလေးအရမ်းကြိုက်တဲ့
အချိုရည်‌ကိုယူပီး အခန်းရှေ့မလှမ်းမကန်းမှာ
စောင့်နေ၏ သူလေးက ကျောင်းသားကျောင်းသူ
တွေကြားမှာ ရေပန်းစားလွန်းတဲ့သူ

‌အဲ့လိုလူမျိုးကိုချစ်ခွင့်ပန်ထားလေတော့
ကိုယ့်မှာရင်တထိပ်ထိပ်အခုလည်းအတန်းသားတွေနဲ့
ထွက်လာသူလေး ကိုယ်ကလည်း သူတို့လိုမြို့ကြီး
သားတွေဆို မျက်နှာငယ်ရစမြဲ အဘယ်ကြောင့်ဆို
သူ့စကားကမပီ အမြဲတန်း‌သူလေးဘေးနားက
ကောင်တွေကလှောင်ရယ်တတ်ကြသည်။

လှည့်ဘဲပြန်သွားရမလားသူလေးရှေ့‌တော်မှောက်ဘဲ
သွားရမလားဝေခွဲ၍ပင်မရ သွားပြန်ရင်လည်း
သူ‌လေးဘေးနားကလှောင်ကြမယ် ဟောမသွားတော့ရင်
ပြန်လည်းသူလေးကိုတွေ့ရတော့မှာမဟုတ်တော့

အရဲစွန့်ကာသွားမည်ပြုတော့ သစ္စာဖောက်ခြေထောက်
တွေက သူ‌လေးနဲ့ဝေးရာဆီသို့သာ ‌သူတို့က ကိုယ်စကား
မပီတာကိုအခွင့်ကောင်းယူပီး လှောင်ပြောင်တတ်ကြတဲ့
ကောင်တွေ အဲ့ထဲသူလေးတော့မပါ။

------------------------------------------------
"‌ဟိုဆော့ မင်းရဲ့ ထစ်အလေး
ပြန်သွားပီထင်တယ်ကွ ဟိုမှာ"

သူတို့ပြောတဲ့နေရာကိုကြည့်လိုက်တော့ ထိုလူ
အမြဲတမ်းအလိုလို အချိုရည်တွေမပြတ်လာပို့နေကျလူ
ဘာလဲအခုသူ့ကိုပေးဖို့လာတာမဟုတ်ဘူးလား
သူကမျှော်နေတာလေ

"ဘာလဲ မျှော်နေတာမလာလို့
စိတ်ပျက်သွားတာလားစိတ်ကောက်သွားတာလား"

"အေးလေ မင်းတို့ကငါ့လူကို
အမြဲတမ်းစနေမှ‌တော့ ဟိုကဘယ်လာတော့မလဲလို့"

ခြေကိုဆောင့်အောင့်ကာ သူ့သူငယ်ချင်းတွေနား
ထွက်လာမိသည် ထိုလူကြီးကို ကျောင်းဆင်းချိန်
နီးမှတွေ့ရတာလေ အဲ့တာဟိုဟာတွေကြောင့် မတွေ့ရတာ

Vhope (One Shot)Where stories live. Discover now