မောင့်ရဲ့ကလေးသာ

596 61 40
                                    

Unicode

မောင့်လက်ထဲကအပြာရောင်ဖိတ်စာလှလှလေးကလှောင်ရီနေသလို သိပ်ရီရတယ် အပြာရောင်သိပ်ကြိုက်တဲ့
ငါမုန်းမိတော့မယ် မောင်ရဲ့ ။

"အစ်ကို လာခဲ့နော် ကျွန်တော်တို့ပွဲမှာ အစ်ကိုကအဓိက"
သိပ်ဖြူစင်နေရော့သလား မောင်ရဲ့ 
ဘေးနားကကိုယ့်ထက်ငယ်တဲ့ကောင်မကလည်း
ရွံ့ရှာဖို့ကောင်းတယ် ကိုယ့်အိမ်ဖော်အဆင့်
လောက်ဘဲရှိတဲ့သူကို မောင်ကလက်ထပ်လေသတဲ့။

"လက်ထပ်ပွဲမှာသတိုးသားသတိုးသမီးကအရေးကြီး
တာပါ မောင်ရဲ့"

မောင်ဆိုတဲ့အသံကြားလိုက်တာနဲ့ မောင့်ဘေးက
မိန်းမနာကျဉ်လိုက်စမ်း

"ဟက် ဟုတ်သားဘဲကိုကိုရာ ဦးလေးပြောတာ
အဲလေ ဒီကအစ်ကိုပြောတာမှန်ပါတယ်"

တမင်တကာရွဲ့ပြောတာ မသိတာမှတ်လို့
မင်းရဲ့အဆိပ်ကလည်းမသေးသကိုး
မောင့်ကိုမင်းလက်ထဲကြည်ကြည်ဖြူဖြူ
ထည့်ပေးရအောင် ငါကမေတ္တာရှင်ကြီးမဟုတ်ဘူး
ငါကိုယ်တိုင် မောင့်ကိုချစ်လွန်းလို့မြတ်နိုးလွန်းလို့
ယောက်ကျားတန်မဲ့ လူတွေအများကြီးရှေ့မှာ အဖြေတောင်း
ခဲ့တာလေ ကံကောင်းတာလား ကံဆိုးတာ‌လား
တော့မသိမောင်ကလက်ခံခဲ့တယ်။

"ဟုတ်တာပေါ့ အော် မောင်
ကိုယ်လေ ခေါင်းနည်းနည်းနောက်နေလို့
အဲ့တာ ကိုယ့်အခန်းထဲက ဆေးလေးသွားယူပေးပါလား
ဟင် ခိုင်းတာမဟုတ်ဘူး ကိုယ်တစ်ကယ်
မတက်နိုင်လို့"

သနားကမားအကြည့်တို့နဲ့ကြည့်‌လိုက်တော့
ရိုးသားလွန်းတဲ့မောင်ဟာ သူ့ခိုင်း
တဲ့အတိုင်းသာ လုပ်ပေး၏ မောင့်ဘေးက
‌မိန်းမကတော့လား ကိုယ့်ကို အခုချက်ချင်းပင်
ထသတ်တော့မဲ့ရုပ်နဲ့

"နင်တမင် လုပ်တာမလား
ယောက်ကျားတန်မဲ့ ဟက် "

"မင်းထင်ချင်သလို"

"ရှင် *ဖြန်း*"

‌မောင်တောင် မရိုက်ရက်ခဲ့ပါးကို
အိမ်ဖော်အဆင့်လောက်တောင်မရှိတဲ့သူက
ရိုက်တယ်တဲ့လား သနလိုက်တာ

"*ဖြန်း*မိန်းကလေးဖြစ်လို့မရိုက်ဘူးထင်မနေနဲ့
ငါ့အိမ်ထဲမှာ ဘယ်ဥပဒေမှ မရှိဘူးဆိုတာ မင်း
မှတ်ထားလိုက်"

Vhope (One Shot)Where stories live. Discover now