"ဒုန်း!!!"
"တတ်စမ်း...ခင်ဗျားအခုကားပေါ်"
"အသွင်"
ဟု တိုးညှင်းညှင်းဖွဲ့ လေသံလေးဖြင့် နှုတ်ခမ်းပါးလေးလှုပ်ရုံ
မျှ ဖွင့်ဟလိုက်ကာ မျက်ဝန်းများမှာတော့ အံ့သြနေတဲ့အရိပ်
တွေ အအုံ့အဖွဲ့။ဘေးနားက သူများကားကိုလည်းတွန်းတိုက်
ပြီးအကြမ်းပတမ်းမောင်းနှင်လာတာကို မြင်လိုက်ရလေတော့
ဝသုန်ကိုယ်လေးတုန်ရီသွားလေသည်။အပြစ်လုပ်ထားသူမို့၊ ဖုံးကွယ်ခဲ့သူမို့ မောင်က ကိုယ့်အပေါ်မှာ
သိပ်ကိုနာကျဉ်းမုန်းတီးနေခဲ့မယ်ဆိုတာ ဗေဒင်မေးစရာပင်
မလို။ကိုယ့်မှာ...ကိုယ့်မှာဖြင့် ရဲရဲပင်မျက်လုံးပင်မဆုံရဲ။
မင်း ကိုယ့်ကို သိပ်မုန်းနေတယ်ဆို မောင်။
"ကျစ်! ကျွန်တော် စိတ်မရှည်ဘူးနော်..ဝသုန်မိုးဦး!"
"ဒယ်ဒီတို့က လာမကြိုဘူးလား..."
ဟု အထွန့်တတ်ပြီးမေးလိုက်လေကာ ဟိုဒီလှည့်ပတ်ကြည့်
ရင်း မောင်နဲ့မျက်နှာချင်းမဆိုင်မိအောင် ကြိုးစားနေရ၏။
မောင့်ကိုအနူးအညွှတ်တောင်းပန်လိုက်ရင်ကော...မဖြစ်သေး
ပါဘူး။ မောင်ရဲ့စိတ်ကို ဝသုန်အသိဆုံး...မောင်က တစိမ့်စိမ့်
နဲ့ကို ခါးခါးသီးသီးဖြစ်နေတာ။မောင်...အဲ့ဒီအခေါ်အဝေါ်လေးကလည်း ဝသုန်နှုတ်ကျိုးနေ
လောက်အောင်ကို မောင်ကငယ်ငယ်လေးတည်းက မောင်
လို့ပဲခေါ်ပါဆိုပြီး ဂျစ်တိုက်လို့မရမကပူဆာထားကာ ခေါ်ခိုင်း
တဲ့နာမ်စားလေး။ဝသုန်ကိုယ်တိုင် လိုလိုလားလားနဲ့သဘောကျနှစ်သက်လို့ကို
သုံးနှုန်းခဲ့ပေမဲ့ ယခုပစ္စုပ္ပန် အချိန်မှာတော့ မောင်ရဲ့အမုန်း
တွေကို သိပ်ကိုပြင်းထန်လွန်းနေသေး၏။စကားပြောတာ မာရေကျောရေ...အထက်စီးသိပ်ဆန်းလွန်း
တယ်။"လာမကြိုလို့မတွေ့တာပေါ့...ကျွန်တော်ကိုပဲလွှတ်လိုက်
တယ်...ခင်ဗျားမတတ်ချင်လည်း ကျွန်တော်ကချီခေါ်သွား
ရလိမ့်မယ်...ဝသုန်မိုးဦး"ကျွန်တော်...ကျွန်တော် ဟုထပ်ခါအဖန်ဖန် နာမ်စားတစ်ခုကို
သုံးနှုန်းနေပါတဲ့ မောင်က ပြောင်းလဲသွားလိုက်တာ။ သူ့ကို
လည်း ဒယ်ဒီတို့တားနေ..ဆုံးမနေတဲ့ကြားက အချစ်ရေဟု
နှုတ်ကမချတမ်း ခေါ်နေတဲ့မောင်က ဝသုန်မိုးဦးဟု နာမည်
အပြည့်အစုံကိုခေါ်လိုက်ခြင်း။
YOU ARE READING
သူစေညွှန်ရာရပ်ဝန်း၌အချစ်ရှိ၏ ( မောင်စေစားရာအရုပ်လေးS2)
Romantikမှိုင်းညို့ရိပ်သွင် ဝသုႏၼိုးဦး မှိုင်းညို့ရိပ်သွင် ဝသုန်မိုးဦး