Chapter...2

5.7K 319 49
                                    

လှုပ်ရှားမူပုံရိပ်တစ်ခုတိုင်းကို မျက်တောင်မခတ်တမ်းစောင့်
ကြည့်နေတာမို့ ဝသုန် နောက်ကျောမလုံချင်အောင်ဖြစ်မိနေ
လေပြီ။မောင့်ရဲ့ တဇွတ်ထိုးတဇောက်ကန်းအကျင့်က ငယ်
စဉ်ကကော အခုကော ဘာမှမပြောင်းလဲ။

သူထင်ရာဇွတ်ကို ပြုမူတတ်တာက ဒယ်ဒီမှိုင်းရဲ့အမွေတွေ
ကိုတနင့်တပိုးကြီးဆက်ခံယူငင်ထားတာပင်။တစ်စက်လေး
မှ ပါးပါး ရိပ်ရဲ့ နူးညံညင်သာမူတွေကိုရှာဖွေတွေရှိမူမရှိ။ပါးပါး
ရိပ်က သိမ့်မွေ့ကြင်နာမူရှိသလောက် မောင်ကတော့ ကြမ်း
တမ်းခက်ထန်တဲ့စရိုက်တွေကိုသာ ပြသနေပါ၏။

မောင့်ကိုမချစ်လို့မဟုတ် စိတ်ကတော့ဆိုးချင်သည်။သူမှာ
လည်း မောင့်အပေါ်အပြစ်တွေလုပ်ပြီးဖုံးကွယ်ထားမိတဲ့စိတ်
ကြောင့် လိပ်ပြာမလုံချင်ဖြစ်ရတယ်ဆိုတာ ဝန်ခံပါတယ်။

သို့ပေမဲ့ ခရီးရောက်မဆိုက် ထိုသို့ပြုမူမည်ဟု အိမ်မက်ထဲ
တွင်ထည့်မမက်ခဲ့....မောင်ကသူကိုမုန်းမယ်...မတွေ့ချင်
လောက်အောင်ဖြစ်မယ်..သူ့ကိုအတွေ့ကိုမခံပဲ ပစ်ပစ်ခါခါ
ပြောဆိုတဲ့စကားတွေကို ကြားရပြီး မောင်ကို ခယစွာချော့ရ
လိမ့်မယ်လို့သာ သူတွေးထားခဲ့ပေမဲ့ တတ်တတ်စင်အောင်
လွဲရပြီ။

မောင်ကို ဗြုန်းစားကြီး ချက်ချင်းကြီးခိုးပြေးလာတာကိုစိတ်
ဆိုးတာ...ဒယ်ဒီနဲ့ပါးပါးတို့လို အုပ်ထိန်းသူမိဘတွေကို
အကြောင်းမကြားဘာမကြားနဲ့အသိမပေးပဲ ဇွတ်ခိုးပြေးလာ
တာကြီးကို မခံမရပ်နိင်စိတ်တွေဝင်မိတာ။

ဟင်း...မောင်ကတော့ သူလုပ်ရရင်ပြီးကောဆိုပြီးစိတ်တွေကို
ချမ်းသာနေလိမ့်မပေါ့။ ဝသုန်ကသာ အမျိုးမျိုးခေါင်းခြောက်
နေရတာ ဒယ်ဒီတို့ သဘောတူပါ့မလားတောင် သူမစဉ်းစား
ရဲလောက်အောင် စိုးရိမ်ကြောင့်ကြနေရလေသည်။

မသိတတ်ငယ်ရွယ်စဉ်တည်းက ညီအကိုအရင်းတွေလို့သွေး
သားရင်းခြာလို့သိထားကြတဲ့မောင်နဲ့သူက ဘာမှသွေးမတော်
သားမစပ်မှန်းသိလိုက်ရတဲ့အချိန်တစ်ခုမှာ လည်ပတ်နေတဲ့
အချိန်စက်ဝန်းက ရပ်တန့်သွားသလားတောင် ထင်ယောင်
ထင်မှားဖြစ်ရ၏။

သူစေညွှန်ရာရပ်ဝန်း၌အချစ်ရှိ၏ ( မောင်စေစားရာအရုပ်လေးS2)Where stories live. Discover now