Chapter...3

8.3K 393 74
                                    

အတွေ့အထိခပ်ဖွဖွနဲ့ တိုက်ခတ်လာတဲ့ လေ​ပြေညင်းတွေကို
ခံစားမိလိုက်တာနဲ့ထပ်တူ ရင်ထဲနှလုံးသားထဲ သိမ်းဆည်းသို
လှောင်ထားတဲ့ ငယ်ဘဝရဲ့ ချိုမြိန်သောအာရုံလေးတွေက
ဟိုဒီပြေးလွှားလို့။

ဒီအိမ်ကြီးထဲ၌ အမှတ်တရတွေက သိပ်ကိုများပြားခဲ့တာပေါ့။
ပါးပါးရိပ်ရဲ့ အေးမြငြိမ်းအေးတဲ့အပြုံးလေးတွေနဲ့ ကြင်နာတဲ့
ဂရုစိုက်မူတွေ သားအရင်းတစ်ယောက်လိုသိပ်ချစ်ပေးခဲ့တဲ့
ဒယ်ဒီမှိုင်းရဲ့ စောင့်ရှောက်ပေးမူတွေက သိပ်ကိုနွေးထွေးလှုံ
ခြုံခဲ့ပါတယ်။

ထိုအပြင် မောင်....

ကျွန်တော်ရဲ့နှလုံးသးကို ကိုင်ဆုပ်တုန်လှုပ်ထားခဲ့တဲ့ မောင်
ရဲ့ ချစ်စရာစကားတတ်မူလေးတွေနဲ့ တဇွတ်ထိုးဂျီဂျ အနိင်ယူ
ဗိုလ်ကျမူတွေ အဲ့ထက်ပိုတာက "အဂျစ်က မောင့်အပိုင်ပါ
ကွာ"လို့ လက်တောက်လေးနဲ့တင် တခမ်းတနားပြောတတ်
တဲ့မောင့်ကို သိပ်ကိုချစ်လွန်းလို့ ပြုံးနေရှာလွန်းတဲ့ ကျွန်တော်
ရဲ့ ခပ်လွှလွှ နှုတ်ခမ်းစိုရဲရဲဆွေက သက်သေပင်၊

နောက်တစ်ခုအနေနဲ့ ကဆုန်ပေါက်မတတ်ခုန်လွန်းသော နှလုံးသားငယ်လေး။

"ပါးပါးရိပ်"

ခေါ်သံလေးကြောင့် အနောက်သို့ ဖြည်းဖြည်းချင်းလှည့်ကြည့်
ရှာတဲ့ ပုံရိပ်လေး...ပြီးတော့ ချိုမြတဲ့ အပြုံးလေး...အေးချမ်း
မူတွေက နောက်တော်ပါးထပ်တူခံစားလိုက်ရတာမို့ ပါးပါးရိပ်
ရဲ့ ကိုယ်သင်းနံ့လေးကောပါ ရောယောင်လို့အဖြေရှာလိုက်မိ
သေး၏။

"ဝသုန်လေးရောက်လာပြီလား...ပါးရိပ်က စောင့်နေတာရယ်
မောင်ကတော့ အောက်ထပ်မှာ တွေ့ခဲ့သေးလား"

"တွေ့ခဲ့ပြီးပြီပါးရိပ်...အသွင်နဲ့စကားပြောပြီးကျန်ခဲ့တယ်"

ပါးရိပ်ရဲ့ လက်ထဲ၌ ပန်းတွေတပွေ့တပိုက်နှင့် ပန်းတွေကိုချစ်
တဲ့ပါးရိပ်က ဝါသနာကို လွတ်လွတ်လပ်လပ်လုပ်ရလို့ထင်
အပြုံးလေးတွေက သစ်လွင်မြူးကြွနေလေသည်။

အင်း....ဒယ်ဒီမှိုင်းရဲ့ အချစ်တွေနဲ့အုပ်မိုးထားတာကလည်း
သိပ်ကိုအရေးပါလွန်းတဲ့ အခန်းကဏ္ဍအဖြစ်ပါဝင်လို့​နေတာ
ပေါ့။

သူစေညွှန်ရာရပ်ဝန်း၌အချစ်ရှိ၏ ( မောင်စေစားရာအရုပ်လေးS2)Where stories live. Discover now