Yeol : "baek ရေ မပီးသေးဘူးလား အချိန် နီးနေပီနော် ကိုတို့ အခုလောက်သွားမှ နောက်မကျမှာ"
baek : "လာပီ ကိုရေ.. ဟို အမွှာ နှစ်ကောင်ကို နိုးနေရလို့ နောက်ကျနေတာ"
yeol : "လာ သွားကြစို့ နောက်ကျလို့ ယောက္ခမကြီးက ကိုတို့ကို စိတ်ဆိုးနေလိမ့်မယ်"
baek : " မဆိုးလောက်ပါဘူး ကိုကလဲ ဖေဖေတို့က သဘောကောင်းပါတယ်"
ဒီလိုနဲ့ yeol နဲ့ baek ရဲ့ ကားလေး လေဆိပ်ကို မောင်းထွက်သွားလေရဲ့...
လေဆိပ်မှာ Yeol ရဲ့ ချစ်လှစွာသော မိန်းမ Baek ရဲ့ ဖေဖေ နဲ့ မေမေ တရုတ်ကနေ ပြန်လာလို့ သွားကြိုကြတာပေါ့..
လေဆိပ်ရောက်တော့ လူကြိုတဲ့ နေရာမှာ စောင့်နေကြရင်း
yeol : "ကိုက နောက်ကျမယ်ထင်နေတာ တော်သေးတယ် အချိန်မီရောက်လို့.. ဒါနဲ့ အဖေနဲ့အမေက korea ကို ဘာလာလုပ်တာလဲ baek ကို ဘာပြောသေးလဲ"
baek : "baek ကိုတော့ ဘာမှ မပြောဘူး အလည်ပြန်လာတာ နေမှာပါ လာကြိုဖို့ ဖုန်းလှမ်းဆက်တာပဲ ရှိတယ်"
baek နဲ့ yeol ပြောနေရင်း ဆိုနေရင်း လေယာဉ်ဆိုက်ခဲ့တော့.. baek လဲသူ့အမေနဲ့ အဖေ ကို လက်ပြလိုက်ကာ
baek : " Appa Omma သမီးတို့ ဒီမှာ"
baek ရဲ့ အမေနဲ့ အဖေကလဲ တွေ့သွားပီး baek တို့ဘက် လျှောက်လာကာ
Lay : "ရောက်နေတာ ကြာပီလား သမီး"
baek : "မကြာသေးဘူး အခုမှ ရောက်တာ.. ဖေဖေရော မေမေရော နေကောင်းတယ်နော်"
baek ပြောလဲ ပြော ဖက်လဲ ဖက်ရင်း
suho : " ကောင်းတာပေါ့ သမီးရယ် အမေတို့က သမီးတို့ကို လွမ်းနေတာ.. မြေးလေးတွေရော နေကောင်းတယ်မလား"
baek : "ကောင်းတာပေါ့ အမေရယ် အမေ့မြေးတွေကတော့ ဒေါင်ဒေါင်မြည်ပဲ"
yeol : " Apuji Omoni နေကောင်းပါရဲ့လား ခင်ဗျာ"
Lay : " ကောင်းပါတယ် မင်းတို့ရော အဆင်ပြေကြတယ်မလား.. ငါက မင်းပါ လိုက်လာမယ်လို့ မထင်မိဘူး ဒီနေ့ အလုပ်မသွားရဘူးပေါ့"

DU LIEST GERADE
Grandparents Orders
Fanfiction=> baekyeol => kaisoo => hunhan => taoris => sulay => xiuchen OTP 12 Forever!!