Episode (4)

595 68 2
                                    

Sunday***

ဒေါက်​ ​ဒေါက်​ ​ဒေါက်

Baek : "​အော်​ တံခါး ​ခေါက်​​နေတာ ပြန်​မထူးကြဘူး omma ဝင်​လာပီ​နော်​"

Baek.. သူ့ သားနှစ်​​ယောက်​ အခန်းထဲ မနက်​နိုးဖို့ ဝင်​သွား​တော့ မြင်​လိုက်​ရတဲ့ မြင်​ကွင်းက

နှစ်​​ယောက်​ အတုံးအရုံးနဲ့ အိပ်​​ပျော်​​နေလိုက်​ကြတာ ဆင်​​အော်​ရင်​​တောင်​ နိုးမဲ့ပုံ မ​ပေါ်

jongin ဆိုတဲ့ အကြီး​ကောင်​ကလဲ အိပ်​​နေတာများ ​မှောက်​ယက်​ကြီး

sehun ဆိုတဲ့ အငယ်​​ကောင်​ကို ကြည့်​လိုက်​​တော့လဲ ​​ခေါင်းက ​ခြေရင်း​ရောက်​လို့ ​ခြေ​ထောက်​က ​ခေါင်းအုံး​ပေါ်မှာ

တခန်းလုံးကလဲ ရှုပ်​ပွ​နေတာပဲ

အကျီင်္​တွေလဲ ချွတ်​ပီး ပုံချင်​တဲ့ ​နေရာပုံ ပစ်​ချင်​တဲ့ ​နေရာ ပစ်​ထားကြတာ...

ဒါ​တောင်​ baek သူတို့ အခန်းထဲ ဝင်​မကြည့်​ဖြစ်​တာ မ​နေ့က တစ်​ရက်​ပဲ ရှိ​သေးတယ်

များများစားစား မ​ပြောပါနဲ့ တစ်​ပတ်​ပဲ သူတို့ ​နေချင်​သလိုများ ပစ်​ထားလိုက်​ရင်​ အခန်းကြီးက ဘယ်​လို ဖြစ်​သွားမလဲ မသိ..

တစ်​ရက်​​လေး​တောင်​ ဒီ​လောက်​ ဖြစ်​ပျက်​​နေတာ..

Baek တ​ယောက်​ ဒီသားနှစ်​​ယောက်​ကို ​ပြောနိုင်​လွန်းလို့ ​အော်​နိုင်​လွန်းလို့.. မဟုတ်​ရင်​ မလွယ်

အိမ်​​ထောင်​များသာကျသွားကြရင်​ သူ့တို့ မိန်းမ ဖြစ်​မဲ့ ​ကောင်​မ​လေး​တွေကို သနားပါရဲ့...

Baek : "ကဲ ထကြ​တော့ ကိုယ်​​တော်​​ချော​တွေရဲ့... အခု ဘယ်​နှနာရီ ရှိပီလဲ ဆိုတာ သိကြရဲ့လား"

Baek တ​ယောက်​ high note နဲ့ ​အော်​တာ​တောင်​ တုတ်​တုတ်​မလှုပ်​...

Sehun ဆို အိမ်​မက်​​ယောင်​ပီး ရီ​နေလိုက်​​သေး

baek လဲ စိတ်​မရှည်​​တော့တာနဲ့... Sehun ဆီသွား တင်​ပါးကို နှစ်​ချက်​ သုံးချက်​​လောက်​ ဆင့်​ ရိုက်​​ပေးပီး

baek : "ထ​တော့ Park Sehun ​ရေ... နင်​တို့​တွေ တ​နေကုန်​ အိပ်​​နေကြ​​တော့မှာလား အခု ၁၀ နာရီ ထိုး​နေပီဟဲ့"

You've reached the end of published parts.

⏰ Last updated: Jul 11, 2015 ⏰

Add this story to your Library to get notified about new parts!

Grandparents OrdersWhere stories live. Discover now