2
Unicode
Zawgyi
~~~~~~သူပြန်ရောက်တာနဲ့သူ့အခန်းထဲရောက်လာတဲ့အငယ်ကို
သွေးတစ်ချက်မျှအရင်ကြည့်ပြီး ညဝတ်အင်္ကျီလဲလိုက်သည်။ဦးကတော့သူတို့ညီအစ်ကိုနှစ်ယောက်အေးဆေးစကားပြောရအောင် တမင်ရှောင်ထွက်သွားပေးသည်။အငယ်ပြောချင်နေတာတွေသိချင်နေတဲ့အကြောင်းတွေကို
သွေးကောင်းကောင်းသိနေသည်။အငယ်ကသူ့ကို အစ်ကိုဟိန်းထက်လက်ထဲထည့်ပေးလိုက်တာကိုနားမလည်နိုင်
သည့်သဘော။ အငယ်နဲ့ပတ်သက်ရင်မေမေတို့ကသွေးကို
အပြီးအပ်ထားတာမို့ယခုဖြစ်နေသမျှအားလုံးဟာ သွေး
စီစဥ်လို့လာဖြစ်လာခြင်း။အငယ့်အတွက်စေ့စပ်ပွဲကိုသွေးလူကြီးအားလုံးနဲ့တိုင်ပင်ပြီးမှ လက်ခံလက်မှတ်ထိုးခဲ့တာဖြစ်ပေမယ့် ကံယကာရှင်ဖြစ်တဲ့ အငယ့်ကိုတော့ သူအသိမပေးခဲ့။ ပိတ်ငြင်းမှာကို
သိနေတာမို့ သွေးတမင်မပြောခဲ့တာ။''မေးနေတာမဖြေဘူး''
သွေးမပြောတော့ အငယ်ကစိတ်ဆိုးချင်နေသလို။
''ဘယ်အချိန်ပေါ်လာမှန်းဘယ်သူမှန်းဘယ်ဝါမှန်းဘယ်လိုလူစားမှန်းမသိတဲ့တခြားသူထက် အကြောင်းသိပြီးသားအစ်ကိုဟိန်းထက်ကပိုသင့်တော်တယ်လေ အငယ်
နိုင်ငံခြားကိုကျောင်းသွားတဲ့အခါတိုင်းအစ်ကိုဟိန်းထက်ကိုယ်တိုင်လိုက်ပို့တယ် နိုင်ငံခြားထိလည်းကိုယ်တိုင်လိုက်ပြီးစောင့်ရှောက်တယ် အစစအရာရာလိုက်ပြီးဂရုစိုက်တယ် ကာကွယ်တယ် စောင့်ရှောက်တယ် ဒီလောက်နဲ့အကြောင်းပြချက်ကလုံလောက်နေပြီမှတ်လား ''မျက်နှာကို ကြည့်လိုက်တဲ့အခါ အငယ်ကမျက်နှာလွှဲသည်။ သူဘယ်လိုပဲငြင်းမရအောင်မှန်တာတွေကိုပြောလိုက်ရင် အငယ်က နှုတ်ပိတ်ပြီးမျက်နှာလွှဲတတ်သည်။
''လောကမှာလေ ချစ်တယ်ဆိုတဲ့စကားကိုလွယ်လွယ်နဲ့ပြောတတ်တဲ့လူတွေများတယ် ဒါပေမဲ့ချစ်တယ်ပြောပြီး
အပြီးထိတာဝန်ယူတတ်တဲ့လူကနည်းတယ် ရှားတယ်
အဲ့ဒါကြောင့် ကိုယ့်ကိုအမှန်တကယ်ချစ်တဲ့လူရဲ့လက်ထဲမှာပဲနေစမ်းပါငယ်ရာ အစ်ကိုဟိန်းထက်က ဘယ်သူ့ကိုမှအလျှော့ပေးတတ်တဲ့လူမဟုတ်ဘူးနော် ဒါပေမဲ့အငယ့်ကိုဆို သူအမြဲတမ်းအလျှော့ပေးနေတာပဲမဟုတ်လား''