5

382 29 9
                                    

5

Unicode
Zawgyi
~~~~~~~

အေးစက်စက်နဲ့တည်နေတဲ့လူကြီးကို အငယ်စောင့်ကြည့်နေရတာလမ်းကပြန်လာတဲ့တစ်လျှောက်လုံး။ အငယ်
တောင်းဆိုလိုက်တဲ့အခါ သေနတ်ကိုအငယ်လက်ထဲထည့်ပေးသည်။ လက်ထဲသေနတ်ရှိနေရင် စိတ်ရိုင်းထမှာစိုးလို့သိမ်းလိုက်ပေမယ့် လူကြီးပုံစံကအလွတ်ကြီးလည်း
အရိုင်းထနိုင်ပုံ။ လူကပုံမှန်မဟုတ်နေပေမယ့်ကားကိုတော့ပုံမှန်ပဲမောင်းသည်။အငယ်ပါနေလို့ထင်ပါရဲ့။ကားအငယ်မောင်းမယ်ဆိုလည်းပေးမမောင်း။

မျက်စိအောက်ကအပျောက်ခံလို့မရတာကြောင့်လူကြီးကို
အငယ်ရဲ့အိမ်ကိုပဲပြန်ခေါ်သွားလိုက်ပါသည်။ အိမ်မှာ
ရွာရောက်နေတဲ့အမေနှစ်ယောက်ကပြန်ရောက်နေပြီး
အလုပ်ထဲကအစ်ကိုနှစ်ယောက်ကလည်း ပြန်ရောက်နေသည်။

အိမ်ထဲဝင်ချိန် ဧည့်ခန်းတွင် မိသားစုစုံစုံလင်လင်ရှိနေသည်။ အငယ်က အနောက်ကလိုက်လာတဲ့လူကြီးကို
ဧည့်ခန်းထဲမဝင်ရအောင်အမြန်ဆွဲထားလိုက်သည်။

''စကားပြောဖို့အဆင်မပြေသေးဘူး''

အငယ်က အိမ်သားတွေကိုလှမ်းပြောပြီးလူကြီးကိုအပေါ်ထပ်ဆွဲခေါ်သည်။လူကြီးရဲ့ နီရဲနေတဲ့မျက်လုံး
တင်းနေတဲ့မျက်နှာထားနဲ့ မေမေတို့ရှေ့သွားဖို့ကမဖြစ်။
မေမေတို့ကိုအားနာသလို လူကြီးသေနတ်ကိုင်တတ်တာကိုလည်း ဘယ်သူ့ကိုမှပေးသိလို့မဖြစ်တာကြောင့်။

အခန်းထဲရောက်တာနဲ့အငယ် သိမ်းထားတဲ့လူကြီးရဲ့သေနတ်ကို မီးခံသေတ္တာထဲထည့်ထားလိုက်သည်။ အသက်ပြည့်ကတည်းက ကိုယ့်ဘဝကိုယ်စိတ်ချုပ်ပုံဖော်ခွင့်ကို အိမ်ကပေးထားတာ​ကြောင့် အငယ်မီးခံသေတ္တာကို
အမေတွေအစ်ကိုတွေကတစ်ခါမှမထိမကိုင်ခဲ့။

''စိတ်ပြေလက်ပျောက်ဖြစ်အောင်အပြည့်အဝအနားယူ
လိုက်ဦး''

လူကြီးကအိပ်ရာပေါ်ထိုင်ရင်းလက်နှစ်ဖက်ကိုကျောဘက်က ခေါင်းကိုမော့ကာမျက်လုံးမှိတ်ထားနေသည်။
သက်ပြင်းတွေလည်းချချနေသည်။ အငယ်အပေါ်ကုတ်ကိုချချွတ်ပြီးအင်္ကျီလက်ကိုခေါက်တင်ရင်းလူကြီးအနားသွားလိုက်သည်။

Private Worship Where stories live. Discover now