8

211 19 12
                                    

8

လူကြီးရုံးပြန်ဆင်းတော့မှာမလို့ အငယ် လူကြီးအတွက်
အဝတ်တွေကြိုထုတ်ပေးထားသည်။ ရှပ်အင်္ကျီလက်ရှည်အဖြူကိုမှအစင်းကြောလေးတွေပါတာရယ် ဘောင်းဘီရှည်အနက်ရောင်ရယ် နက်ကတိုင် အပေါ်ဝတ်အားလုံးကို
အငယ် အကြိုက်ချည်းရွေးထားပေးသည်။

နာရီက ငွေရောင်brandedနာရီကိုထုတ်ထားဖြစ်ပြီး
ဖိနပ်ကိုတော့ အမျိုးသားအများစုစီးကြသည့် အမျိုးသာ
ဒေါက်ဖိနပ်ကိုထုတ်ဖြစ်သည်။

ရေချိုးခန်းကထွက်လာသည့် ဟိန်းထက်သည်သူ့အတွက်အသင့်ပြင်ထားနှင့်နေပြီဖြစ်တဲ့ငယ်ကြောင့် ပြုံးရသည်။
လောကမှာကိုယ်ချစ်တဲ့သူရဲ့ဂရုစိုက်မှုကိုရထားတာလောက်ကြည်နူးရတာတခြားဘာမှမရှိ။ အနားလေးတိုးလို့ ပါးတစ်ဖက်ကို နမ်းပစ်လိုက်တဲ့အခါ ငယ်ကသူ့ကိုပြုံးပြလာသည်။

''ဒီနေ့အစ်ကိုကြီးတို့ဆီသွားစရာရှိလို့မလိုက်ဖြစ်ပေမယ့်
ကိစ္စပြီးရင်ရုံးက်ိုလိုက်လာခဲ့ယ် ''

''ဟုတ်ကဲ့ပါခင်ဗျာ''

ဟိန်းထက်က အင်္ကျီလက်ကကြယ်သီးတွေကိုတပ်နေစဥ်
ငယ်က ဟိန်းထက်ရင်ဘတ်ကကြယ်သီးတွေကိုထပ်ပေးသည်။ ငယ်ဟာ ဟိန်းထက်အတွက်နက်ကတိုင်ပါသေချာစည်းပေးနေပြီး ဟိန်းထက်ဆံပင်ကိုလည်း
ဖြီးသပ်ပေးသည်။

''အလုပ်ထဲအားရှိရအောင်အားသွင်းပေးပါဦး ငယ်''

မျက်နှာတိုးပေးလာတဲ့လူကြီးကြောင့် အငယ်ပြုံးလျက်
လူကြီးရဲ့ပါးနှစ်ဖက်ကိုနမ်းလိုက်ပါသည်။နှုတ်ခမ်းကိုနမ်းလိုက်တဲ့အချိန်မှာ လူကြီးကပြန်တုံ့ပြန်လာတာကြောင့်
ပူနွေးသွားသည်။

တစ်ယောက်တစ်လမ်းဆိုပေမယ့် ကားပါကင်အထိလက်ချင်းတွဲလို့အတူရှိခဲ့ပါသည်။ လူကြီးရဲ့ကားထွက်ခွာသွားတော့မှာမို့ တံခါးကအော်တိုပွင့်လာသည်။ စက်နဲ့ထိန်းချုပ်တာကလည်း ခြံစောင့်ဦးလေးကို အလုပ်ပိုသက်သာစေပါသည်။

အငယ် နေကာမျက်မှန်တပ်ပြီး လူကြီးဝယ်ပေးထားတဲ့ Mercedes အမဲပေါ်အမြန်တက်လိုက်သည်။
ကားကအမဲ အငယ်တစ်ကိုယ်လုံးကလည်းအမဲ နေကာမျက်မှန်ကလည်းအမဲနဲ့မို့ အငယ်ဟာဒီနေ့
မဟူရာကျောက်များကြားကပတ္တမြားလေးနဲ့တူလေသည်။

Private Worship Where stories live. Discover now